Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေလယ်သောင်ရွာရှိ စစ်အုပ်စုကို ဒေသတွင်း PDFများ ပေါင်းတိုက်ခိုက်

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။

(သွားရောက်တိုက်ခိုက်ခဲ့သည့် Nway Oo Takhon PDFအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Nway Oo Takhon PDF)
(သွားရောက်တိုက်ခိုက်ခဲ့သည့် Nway Oo Takhon PDFအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Nway Oo Takhon PDF)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကြားရှိ ရေလယ်သောင်ရွာတွင် စခန်းချထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးများအား ဒေသတွင်း PDFများ ပူးပေါင်းတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း Nway Oo Takhon PDFအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၁၃ ရက်) ည ၉ နာရီခွဲခန့်က စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့်မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ကြားရှိ ရေလယ်သောင်ရွာတွင် စခန်းချနေထိုင်လျက်ရှိသော စစ်ကောင်စီတပ်နှင့် ပျူများအား မဟာမိတ်ညီနောင်များနှင့်အတူ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Nway Oo Takhon PDFအဖွဲ့က ပြောသည်။

(သွားရောက်တိုက်ခိုက်ခဲ့သည့် Nway Oo Takhon PDFအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Nway Oo Takhon PDF)
(သွားရောက်တိုက်ခိုက်ခဲ့သည့် Nway Oo Takhon PDFအဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ-Nway Oo Takhon PDF)

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Nway Oo Takhon PDFအဖွဲ့ တာဝန်ရှိသူက “ကင်းပုန်းဝပ်နေတဲ့ပျူတွေကိုဝင်ပစ်တာပါ။ သူတို့ဘက်ကလည်း အင်အားအများအပြားနဲ့ ပြန်ပစ်လို့ ဆုတ်ခွာခဲ့ရပါတယ်။ သူတို့ဘက်က နှစ်ဦးသေပြီး တစ်ဦးဒဏ်ရာရတယ်။”ဟု ပြောကြားသည်။

အဆိုပါ စစ်ဆင်ရေးအား Nway Oo Takhon PDF ၊ Zamani Revolution force (MMU)Myaung၊ Zamani တပ်ခွဲပြည်သူစစ်သား၊ Leopard MMU၊ ဇင်ယော်နီပြောက်ကျားတပ်ဖွဲ့၊မီးနဂါး NZH Revolution Force၊Myit Nge People Defence Force အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က အသိပေးသည်။

ငါန်းဇွန်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် ဧရာမြစ်တစ်ဖက်ခြမ်းစီတွင် တည်ရှိပြီး တောင်ဘက်တွင် မြင်းခြံမြို့နယ်တည်ရှိသည်။ ယခုလပိုင်းအတွင်း ငါန်းဇွန်မြို့နယ်သည်လည်း စစ်ကောင်စီတပ်ကိုခုခံတော်လှန်မှုအားကောင်းရာ ဒေသတစ်ခုဖြစ်လာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)က အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ညောင်ပင်ရွာမှဝါဘိုးကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။

သတင်း

ပြီးခဲ့သည် စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းကလည်း ထိုဇလုပ်အဝိုင်းပတ်နှင့် မုံရွာစီးပွားရေးတက္ကသိုလ်အတွင်း တပ်ဆွဲထားသော စစ်ကောင်စီတပ်များအား ဒရုန်းဖြင့် လက်လုပ်အီနာဂါနှစ်လုံးချကာ တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ကျောက်ထု PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။