Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပလက်ဝမြို့နယ်အတွင်း ဒေသခံ CDFတပ်ဖွဲ့များနှင့် AA အကြား တင်းမာမှုမရှိဟု အသိပေး

“ အားလုံးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ အဖွဲ့အစည်းအချင်းချင်းသာဖြစ်ပါတယ်”ဟု ပလက်၀ CDFက ယနေ့ ထုတ်ပြန်သည်။

(ပလက်၀ CDF မှ ရဲဘော်များအား တွေ့ရစဥ်)
(ပလက်၀ CDF မှ ရဲဘော်များအား တွေ့ရစဥ်)

▪️ပလက်၀ CDF တပ်ဖွဲ့ဝင်များအနေဖြင့်လည်း AAထံ စစ်သင်တန်းတက်ခြင်းမရှိဟု ထုတ်ပြန်

ချင်းပြည်နယ် ပလက်၀မြို့နယ်အတွင်း၌ ဒေသခံ ချင်းကာကွယ်ရေးတပ်(CDF)များနှင့် ရက္ခိုင့်တပ်တော်(AA)အကြား အခြေအနေ တင်းမာမှုမရှိကြောင်း ပလက်၀ CDF က ထုတ်ပြန်သည်။

“ အားလုံးဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်ကြတဲ့ အဖွဲ့အစည်းအချင်းချင်းသာဖြစ်ပါတယ်”ဟု ပလက်၀ CDFက ယနေ့ ထုတ်ပြန်သည်။

ပလက်၀ CDFနှင့်ပတ်သက်ပြီး လူမှုကွန်ရက်၌ မဟုတ်မမှန်ရေးသားမှု နှင့်ပတ်သက်ပြီး ထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ပလက်၀ CDFတပ်ဖွဲ့ဝင်များ AAထံ စစ်သင်တန်းတက်နေသည်ဆိုပြီး ချင်းဘာသာဖြင့် ရေးသားထားမှု၊ မြန်မာလို ဘာသာပြန်လရေးသားထားမှုကို ဒေသတွင်း Facebook Page ၌ ဖော်ပြကြောင်း၊ထို့ပြင် ပလက်ဝမြို့နယ် သံထောင်နယ်မြေ၌ ဒေသခံ CDFတပ်ဖွဲ့နှင့် AA တပ်ဖွဲ့အကြားအခြေအနေတင်းမာနေသည်ဟု ရေးသားထားသည်ကိုလည်း ဖတ်ရကြောင်း ပလက်၀ CDFက ထုတ်ပြန်ခဲ့ပြီး ယင်းသို့ ဖော်ပြချက်များ မှားယွင်းနေကြောင်း ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“CDF Paletwa က မည်သည့် တပ်ဖွဲ့ဝင်တစ်စုံတယောက်မျှ AA ဆီမှာ စစ်သင်တန်းတက်ရောက်ခဲ့တာ/နေတာ မရှိပါ။ နောင်လည်း မရှိနိုင်ပါ။ CDF Paletwa ဟာ CJDC(ချင်းလက်နက်ကိုင် ၁၈ဖွဲ့ဖြင့် စုပေါင်းထားသည့် ချင်းပြည်ပူးတွဲကာကွယ်ရေးကော်မတီ) အဖွဲ့ဝင်ဖြစ်တာကြောင့် CDF Paletwa အနေနဲ့ စစ်သင်တန်းတက်ရောက်နိုင်တဲ့နေရာတွေ လုံလုံလောက်လောက်ရှိပါတယ်”ဟု ပလက်၀ CDFက ထုတ်ပြန်သည်။

သံထောင်နယ်မြေအပါအဝင် ပလက်ဝမြို့နယ်အတွင်း ဒေသခံ CDF တပ်ဖွဲ့များနှင့် AA အကြား အခြေအနေတင်းမာမှုမရှိကြောင်းဖော်ပြထားပြီး ပလက်၀ CDFအပေါ် ထင်ယောင်ထင်မှား နားလည်မှု လွဲမှားအောင် မဟုတ်မမှန် စွပ်စွဲရေးသားနေခြင်းများကို အထူးသတိရှိကြရန် အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တော်လှန်ရေးအတွက် တစ်ရက်ဆိုသည့် အချိန်သည်လည်း ကြသည်ဟုထင်ရ၍ အချိန်နှင့်တပြေးညီ အလုပ်လုပ်ရင်း နွေဦးတော်လှန်ရေးကို အောင်မြင်စွာအဆုံးသတ်နိုင်ရေး ကြိုးစားကြရန် ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားသည်။

သတင်း

ဇူလိုင်လကုန်ပိုင်းကလည်း စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် စစ်ကိုင်းမြို့နယ် စဉ့်ကိုင် (တောင်)ရွာရှိ ဆရာတော်တစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ပြီး ဒေသခံရွာသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

သတင်း

ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဆောင်ရွက်ချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်သူများ၏ပါဝင်မှုက စစ်ကို အမြန်ဆုံးနိုင်ချင်ပြီဆိုသည့် အတွေးဝင်လာရကြောင်း ထန်တလန် CDF တပ်ရင်း(၄)မှ ဆလိုင်း၏ ရေးသားချက်ကို ဖော်ပြခဲ့သည်။