Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကောလင်းမြို့နယ်တိုက်ပွဲ PDF ရဲဘော်ရှစ်ဦးကျဆုံး

“စစ်ခွေးတွေလည်း သူတို့ လူတွေကို ထမ်းစင်တွေနဲ့ သယ်ထုတ်သွားကြတယ်။ သူတို့ ကိုးထောင်ဘို့ဖက်ကို ဆက်ထွက်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကောလင်းမြို့နယ်တိုက်ပွဲ PDF ရဲဘော်ရှစ်ဦးကျဆုံး
ကောလင်းမြို့နယ်တိုက်ပွဲ PDF ရဲဘော်ရှစ်ဦးကျဆုံး

▪️ CDM ကျောင်းဆရာတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးလည်း သေဆုံးခဲ့ရ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင် စီနှင့် တိုက်ပွဲ၌ လက်နက်အင်အားမမျှ၍ ပြည်သူ့ကာကွယ် ရေးရဲဘော် ရှစ်ဦးကျဆုံးပြီး CDM ကျောင်းဆရာတစ်ဦးအပါအဝင် အရပ်သားနှစ်ဦးလည်း သေဆုံးခဲ့သည်။

ကောလင်းမြို့နယ်၊ အင်ပင်သာကျေးရွာအနီးတွင် စက်တင်ဘာ ၁၂ရက် ညနေက တိုက်ပွဲအပြင်းအထန် ဖြစ်ခဲ့ပြီး စစ်ကောင်စီအထိနာခဲ့သလို ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် ပြည်သူအချို့လည်းသေဆုံးခဲ့သည်ဟု ကောလင်းမြို့ခံများက ပြောသည်။

” ကျဆုံးတဲ့ ရှစ်ဦးက Local PDF တွေ။ CDM ကျောင်းဆရာ ကိုချမ်းသာနဲ့ လူငယ်တစ်ဦးကိုလည်း စခတွေက ဖမ်းသွားပြီး သတ်ပစ်လိုက်တယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းတွင် အင်အား ၁၀၀ခန့်ရှိပြီး ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲသည် ၃နာရီခန့်အထိ ကြာခဲ့ကြောင်း၊ လက်နက်အင်အားမမျှ၍ ယခုကဲ့သို့ အကျအဆုံးများခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးရဲဘော်အချို့က ပြောသည်။

“စစ်ခွေးတွေလည်း သူတို့ လူတွေကို ထမ်းစင်တွေနဲ့ သယ်ထုတ်သွားကြတယ်။ သူတို့ ကိုးထောင်ဘို့ဖက်ကို ဆက်ထွက်သွားတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်ကြောင်း ရှိနေ၍ ဒေသခံများ အထူးသတိပြုနေထိုင်ကြရန် ကောလင်းဒေသတော်လှန်ရေးသတင်းများ ထုတ်ပြန်ပေးနေသည့် Kawlin Revolution – KR က သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့(စက်တင်ဘာလ ၁၃ ရက်)က အင်အား ၅၀ ခန့်ပါ စစ်ကောင်စီတပ်သည် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ၊ ညောင်ပင်ရွာမှဝါဘိုးကျေးရွာသို့ စစ်ကြောင်းထိုးလာခဲ့သည်။

သတင်း

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ကျောက်ထု PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။