Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းရောက်မြန်မာလုပ်သားများ အလုပ်ထုတ်ခံရမှုဖြစ်စဥ် NUGအလုပ်သမားဝန်ကြီးဌာနဖြေရှင်းပေးရာ နစ်နာကြေးအဖြစ် ဘတ်လေးသန်းကျော်ရ

ထိုင်းနိုင်ငံဥပဒေအရ လုပ်သက် ၄လမှ တစ်နှစ်အတွင်းရှိ လုပ်သားတစ်ဦး အလုပ်မှထုတ်ပယ်ပါက တစ်လစာ နစ်နာကြေးပေးရမည်ဖြစ်ပြီး၊ လုပ်သက် တစ်နှစ်မှ သုံးနှစ်အထိ လုပ်သားကို သုံးလစာ လျော်ကြေးပေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)

ထိုင်းနိုင်ငံ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေရှိ အီလက်ထရောနစ်စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သား ၂၇၀ဦး အလုပ်မှ ထုတ်ပယ်ခံရသည့်ဖြစ်စဥ်ကို NUG အစိုးရ၊အလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပေးရာ နစ်နာကြေးအဖြစ် ဘတ်လေးကျော်ရရှိကြောင်း အဆိုပါဝန်ကြီးဌာနမှ တာဝန်ပေးအပ်ထားသည့် ကိုရဲမင်း(AAC)က People’s Springသို့ ပြောသည်။

အဆိုပါ စက်ရုံ၌ မြန်မာလုပ်သားများအပါအဝင် လုပ်သား ၂,၀၀၀ခန့် အလုပ်လုပ်ကိုင်နေပြီး စက်တင်ဘာ ၁၃ရက်တွင် မြန်မာလုပ်သား ၂၇၀အပါအဝင် လုပ်သားရာနှင့်ချီ ရုတ်တရက် အလုပ်မှထုတ်ပယ်ခံရခြင်း ဖြစ်သည်။

အလုပ်ဖြုတ်နစ်နာ​ကြေး အပြည့်အဝစွာရရှိ​ရေး၊ အလုပ်​ပြောင်း​ရွေ့ခွင့် စာရွက်စာတမ်းများ၊ ပတ်စပို့စ်​နေထိုင်ခွင့် သက်တမ်းတိုးထားခြင်းကိစ္စများနှင့်ပတ်သက်ပြီး ကိုရဲမင်း(AAC) ဦးဆောင်သောအဖွဲ့က တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ – ပေးပို့)

“တစ်ဦးကို စုစုပေါင်းဆို ဘတ်တစ်သောင်းခွဲစီလောက် ရမယ်ထင်တယ်။ အဆင်ပြေတာက ကျွန်တော်တို့ အဖွဲ့က စက်ရုံအတွင်းထဲထိ သွားရောက်ဖြေရှင်းခွင့်ရခဲ့တယ်။ အဲဒီစက်ရုံက မြန်မာအလုပ်သမားတွေ အများကြီးရှိပေမယ့် လုပ်သက်နည်းတဲ့သူတွေကိုပဲ အလုပ်ထုတ်ခံရတာဖြစ်တယ်”ဟု ကိုရဲမင်းက ပြောသည်။

ထိုင်းနိုင်ငံဥပဒေအရ လုပ်သက် ၄လမှ တစ်နှစ်အတွင်းရှိ လုပ်သားတစ်ဦး အလုပ်မှထုတ်ပယ်ပါက တစ်လစာ နစ်နာကြေးပေးရမည်ဖြစ်ပြီး၊ လုပ်သက် တစ်နှစ်မှ သုံးနှစ်အထိ လုပ်သားကို သုံးလစာ လျော်ကြေးပေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“ထိုင်းက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းတော့ အလုပ်သမားတွေနဲ့ အလုပ်ဆက်လုပ်ချင်တယ်ဆိုရင် အလုပ်ပြောင်းရွေ့ပြီး လုပ်ခွင့်ပေးတယ်။ တရားဝင် အလုပ်ပြောင်းလဲခွင့်ပေးပါဆိုပြီးပဲ တောင်းတယ်။ သူတို့က ခွင့်ပြုပေးတယ်။ထိုင်းရောက်အလုပ်သမားတွေကို ကူညီခွင့်ပေးဖို့လည်း တာဝန်ရှိသူတွေကို တောင်းဆိုထားတယ်”ဟု အဆိုပါ လုပ်သားများအရေး‌‌ဖြေရှင်းပေးရာတွင် ပါဝင်သော CDM သံအရာရှိ (ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ)ဦးဝေလင်းမောင်က ပြောသည်။

(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ - ပေးပို့)
(အလုပ်မှ ထုတ်ပယ်ခံရသည့် မြန်မာလုပ်သားတွေအပါအဝင် စက်ရုံလုပ်သားတွေကို တွေ့ရစဥ်၊ဓာတ်ပုံ – ပေးပို့)

ပြီးခဲ့သည့်ရက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ အုန်းရိုင်ရှိ Big C ကုန်တိုက်အနီး အထည်ချုပ်စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား ၂၀၀ကျော် အကြောင်းမဲ့ အလုပ်ထုတ်ပယ်ခံရမှုကြောင့် နစ်နာကြေးပေးရန်ဆန္ဒပြတောင်းဆိုရာ ပြေလည်မှုမရှိ၍ ယင်းဖြစ်စဥ်ကိုလည်း NUG အစိုးရ၊အလုပ်သမားဝန်ကြီးဌာနက ကိုင်တွယ်ဖြေရှင်းပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ အထည်ချုပ်အလုပ်ရုံတွင် မြန်မာလုပ်သား ၂၀၀ကျော် အလုပ်လုပ်ကိုင်နေပြီး နှစ်နိုင်ငံသဘောတူစာချုပ်(MoU)စနစ်ဖြင့် မြန်မာလုပ်သားများအား အစားထိုးခန့်မည်ဆိုကာ အလုပ်မှ ထုတ်ပယ်ခြင်းဟု ကိုရဲမင်းက ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ MOU အလုပ်သမားစေလွှတ်ရာတွင် အလုပ်သမား လိုအပ်ချက်ရှိ၊မရှိ စိစစ်မှုမရှိဘဲ စေလွှတ်မည့် အေဂျင်စီအား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ‌NUGက သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အထက်ပါ ဗီဇာကိစ္စရပ်များကို စစ်ကောင်စီသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒမရှိကြောင်းလည်း NUG ဂျပန်ကိုယ်စားလှယ်ရုံးထံ စာရေးသားတင်ပြတိုင်ကြားမှုများ လက်ခံရရှိထားသောကြောင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း ဖော်ပြသည်။

ဗီဒီယို

ထိုင်းအစိုးရ ယာယီဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်က ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး လောလောဆယ်မှာတော့ ပစ်ခတ်မှု ကျူးလွန်သူရဲ့ ရည်ရွယ်ချက်ကို အတိအကျ မှတ်ချက်ပေးနိုင်ဖို့ စောလွန်းနေသေးကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

သတင်း

ဦး​ကျော်​ဇောက သူ့စကားတွေအတွက် ထိခိုက်နာကျင်ခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး အားလုံးအပေါ် အနူးအညွတ် တောင်းပန်လိုကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာတူပွန်ဟာ လိင်ပြောင်းလဲ ခွဲစိတ်ထားသူ တစ်ဦးဖြစ်ပြီး အမျိုးသမီး ထောင်မှာ အကျဉ်းကျခံရမယ်လို့ ဆိုပါတယ်။ သူ့ရှေ့နေကတော့ စီရင်ချက်ကို ဆန့်ကျင်ပြီး အယူခံ ဆက်ဝင်ဖို့ ဆုံးဖြတ်ထားကြောင်း ပြောပါတယ်။