Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုမြို့နယ်တိုက်ပွဲ နယ်​မြေရှင်းလင်း၊ ပျက်စီးနေသော စစ်ကားတစ်စီးနှင့် သင်္ဂြိုလ်ထားသော စစ်သားအလောင်းတွေ့

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီဒေသတွင်းရှိ မြို့နယ်အလိုက် စစ်ကြောင်းထိုးမှုများရှိနေ၍ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

(ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားနှင့် စစ်ကောင်စီတပ် သား အလောင်းနှင့် သက်သေခံကဒ် ပြားများဖြစ်သည်။ဓာတ်ပုံ - KA)
(ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားနှင့် စစ်ကောင်စီတပ် သား အလောင်းနှင့် သက်သေခံကဒ် ပြားများဖြစ်သည်။ဓာတ်ပုံ - KA)

အကြမ်းဖက်စစ်ကောင်စီတပ်သားများ သေဆုံးထိခိုက်မှုကို အတည်ပြုမရခဲ့သည့် ဖရူဆိုမြို့ နယ်ရထီးပေါ်ဆိုကျေးရွာတိုက်ပွဲနေရာအား နယ်မြေရှင်းလင်းခဲ့ကြောင်း ကရင်နီတပ်မတော်(KA) က ထုတ်ပြန်သည်။

ယမန်နေ့(စက်တင်ဘာ ၁၄ ရက်)က KA နှင့်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တပ်ရင်း – ၁၅ တို့ပူးပေါင်း နယ်မြေရှင်း လင်းစဥ် ပျက်စီးနေသော စစ်ကောင်စီကားတစ် စီးအပြင် သင်္ဂြိုလ်ထားသည့် စစ်ကောင်စီတပ်သားအလောင်းကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

“ထီးပေါ်ဆိုမှာက ဒီလ လဆန်းပိုင်း ၁ ရက်နေ့က တိုက်ပွဲ ဖြစ်တာ။ပြီးတော့ သြဂုတ်လ နောက်ဆုံးပတ်ကလည်း တိုက်ပွဲ တွေပြင်းထန်ခဲ့တယ်”ဟု ကရင်နီဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

(ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားနှင့် စစ်ကောင်စီတပ် သား အလောင်းနှင့် သက်သေခံကဒ် ပြားများဖြစ်သည်။ဓာတ်ပုံ - KA)
(ထီးပေါ်ဆိုကျေးရွာတွင် မိုင်းဆွဲခံရသည့် အကြမ်းဖက်စစ်ကောင်စီ ကားနှင့် စစ်ကောင်စီတပ် သား အလောင်းနှင့် သက်သေခံကဒ် ပြားများဖြစ်သည်။ဓာတ်ပုံ – KA)

ထို့အပြင် ယခုလ ၁၁ ရက်တွင် ဖရူဆိုမြို့နယ် ဒေါညေးခူကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားမျာကာကွယ်ရေးတပ် (KNDF) တပ်ရင်း – ၄နှင့် တပ်ရင်း -၁၅ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း KA က ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီဒေသတွင်းရှိ မြို့နယ်အလိုက် စစ်ကြောင်းထိုးမှုများရှိနေ၍ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

ထိုင်းအစိုးရ ယာယီဝန်ကြီးချုပ် ပရာဝစ် ဝန်ဆူဝမ်က ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး လောလောဆယ်မှာတော့ ပစ်ခတ်မှု ကျူးလွန်သူရဲ့ ရည်ရွယ်ချက်ကို အတိအကျ မှတ်ချက်ပေးနိုင်ဖို့ စောလွန်းနေသေးကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

သတင်း

"စစ်ခွေးတွေလည်း သူတို့ လူတွေကို ထမ်းစင်တွေနဲ့ သယ်ထုတ်သွားကြတယ်။ သူတို့ ကိုးထောင်ဘို့ဖက်ကို ဆက်ထွက်သွားတယ်"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ယနေ့ နံနက် ၉နာရီခန့်တွင် ပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း ဒေသခံများသည် ဘေးလွတ် ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်။

သတင်း

တိုက်ပွဲများအတွင်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် BGF တပ်များဘက်မှ ၅,၁၂၅ ဦး သေဆုံးခဲ့ပြီး ၄,၁၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်သည်။