Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပေါင်းတည်မြို့နယ်မှ စစ်ကောင်စီခန့်အုပ်ကြီးတစ်ဦးကို PPDF ပစ်ခတ်ရှင်းလင်း

ရွာသစ်ကြီးအုပ်ချုပ်ရေးမှူးသည် သာရေးနာရေးလုပ်မည်ဆိုလျှင် ပြည်သူများထံမှ ကျပ် ၃၀,၀၀၀၊ ထောက်ခံစာလုပ်လျှင် ကျပ် ၁၅,၀၀၀၊ ခရီးသွားထောက်ခံစာလုပ်လျှင် ကျပ် ၅,၀၀၀ ကောက်ခံနေလျှက်ရှိသည်ဟု ဆိုသည်။

ပေါင်းတည်မြို့နယ်
ပေါင်းတည်မြို့နယ်

‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁)၊ တပ်ခွဲ (၂)PPDF က ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ယနေ့(စက်တင်ဘာ ၁၅) ထုတ်ပြန်သည်။

ယမန်နေ့ စက်တင်ဘာ ၁၄ ရက် ညနေ ၆ နာရီခွဲက ပေါင်းတည်မြို့နယ်၊​ မှတ်တိုင်တိုက်နယ်၊ ရွာသစ်ကြီးအုပ်စု၊ ရှမ်းစပ်ရွာမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဉာဏ်ဝင်းဆိုသူအား ၎င်း၏နေအိမ်တွင် သေနတ်ဖြင့် (၁၀)ချက် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ရွာသစ်ကြီးအုပ်ချုပ်ရေးမှူးသည် သာရေးနာရေးလုပ်မည်ဆိုလျှင် ပြည်သူများထံမှ ကျပ် ၃၀,၀၀၀၊ ထောက်ခံစာလုပ်လျှင် ကျပ် ၁၅,၀၀၀၊ ခရီးသွားထောက်ခံစာလုပ်လျှင် ကျပ် ၅,၀၀၀ ကောက်ခံနေလျှက်ရှိသည်ဟု ဆိုသည်။

ထို့အပြင် ယင်းအုပ်ချုပ်ရေးမှူးသည် ​PDF များကို နှိမ်နှင်းရန်ဟုဆိုကာ မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ လက်နက်တောင်းခံခြင်းတို့အပြင် ရွာသူ၊ရွာသားများအား အမျိုးမျိုးဒုက္ခပေးနေသော စစ်ကောင်စီထောက်တိုင် တစ်ဦးဖြစ်လည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(Paungde People Defense Force P-PDF) တပ်ရင်း(၃၆၀၁)တပ်ခွဲ (၂) မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သုတ်သင်ရှင်းလင်းလိုက်ခြင်းဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၁၄ရက် နံနက်၆နာရီခွဲတွင်လည်း နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဦးတာဘူးပစ်သတ်ခံရသည့်ဖြစ်စဥ်သည် ယမန်နေ့(စက်တင်ဘာ ၁၄ရက်) ညနေ ၃နာရီခန့်က ဖြစ်ခဲ့ပြီး ယခုအခါ စစ်ကောင်စီတပ်က ပုသိမ် - ရေကြည် - ဟင်္သာတ လမ်းပိုင်းတစ်လျှောက် စစ်ဆေးမှုများ တင်ကျပ်ထားသည်ဟု သတင်းရရှိသည်။

သတင်း

လက်ရှိတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အထက်ပါ ဗီဇာကိစ္စရပ်များကို စစ်ကောင်စီသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒမရှိကြောင်းလည်း NUG ဂျပန်ကိုယ်စားလှယ်ရုံးထံ စာရေးသားတင်ပြတိုင်ကြားမှုများ လက်ခံရရှိထားသောကြောင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

စစ်ရေးအခြေအနေကို အကြောင်းပြပြီး စစ်ကောင်စီတပ်က မလိုအပ်သည့် တားဆီးပိတ်ဆို့မှုများ ပြုလုပ်ပါက ပြည်သူလူထုများ ဒုက္ခကြုံကြရသကဲ့သို့ စစ်ကောင်စီအတွက်လည်း ထိခိုက်မှုများ ပိုများလာမည်ဟု ဒေသခံက ပြောသည်။