Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြိုင်တွင်ကင်းလှည့်လာသည့်ရဲများကို PDFတိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းPDFများနှင့်ပါ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

(သေဆုံးခဲ့​သောစစ်​ကောင်စီရဲထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ။ ။ဓါတ်ပုံ-MVRF)
(သေဆုံးခဲ့​သောစစ်​ကောင်စီရဲထံမှ သိမ်းဆည်းရမိသော လက်နက်နှင့်ကျည်များ။ ။ဓါတ်ပုံ-MVRF)

ရဲတစ်ဦးသေပြီးလက်နက်နှင့်ကျည်များ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲ ၈ ဦးအား တိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့်ကျည်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRFက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၄ ရက်နေ့)က မြိုင်မြို့နယ် Well 2 ရေနံမြေရဲကင်းစခန်းမှ ကင်းပတ်ထွက်လာသည့် ရဲ ၈ ဦးအား ပခုက္ကူခရိုင်တပ်ရင်း အမှတ်( ၆ ) – MVRF နှင့် Eagle Fighter( MVRF အဖွဲ့ဝင်) အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတိုက်ပွဲတွင် ရဲ ၁ ဦး သေဆုံးပြီး ၁ဦးဒဏ်ရာပြင်ပြင်းထန်ထန်ရသွားကြောင်း၊ ကျန်ရဲများ Well 2 စခန်းအတွင်း ပြန်လည်ထွက်ပြေးသွားခဲ့သည်ဟု MVRF ကဆိုသည်။

သေဆုံးရဲမှာ ရဲတပ်သား ရှင်းခန့်သူ ဖြစ်ပြီး ကိုယ်ပိုင်အမှတ် လ ၂၇၉၀၂၃ ကိုင်ဆောင်သူဖြစ်ကာ ထိုရဲထံမှ G3 တစ်လက်၊ကျည် ၁၁၅ တောင့်၊ဘောက်အပို ၁ ခု ၊ ငွေသား ၁ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ MVRF ၏ရဲဘော် ၁ ဦး ဒဏ်ရာ ( မစိုးရိမ်ရ) ရရှိခဲ့ကြောင်း MVRF က အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ MVRFထံ ဆက်သွယ်​မေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍ မရသေးပေ။

မကွေးတိုင်း၊ မြိုင်မြို့နယ်သည် စစ်ကောင်စီတပ်အား လက်နက်ကိုင်ခုခံမှုအားကောင်းရာဒေသဖြစ်ပြီး စစ်ကိုင်းတိုင်းPDFများနှင့်ပါ ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့နောက် နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ကရင်နီပူးပေါင်းတပ် နယ်မြေရှင်းလင်းနိုင်ခဲ့သည်။

သတင်း

စက်တင်ဘာ ၁၄ရက် နံနက်၆နာရီခွဲတွင်လည်း နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရွာသစ်ကြီးအုပ်ချုပ်ရေးမှူးသည် သာရေးနာရေးလုပ်မည်ဆိုလျှင် ပြည်သူများထံမှ ကျပ် ၃၀,၀၀၀၊ ထောက်ခံစာလုပ်လျှင် ကျပ် ၁၅,၀၀၀၊ ခရီးသွားထောက်ခံစာလုပ်လျှင် ကျပ် ၅,၀၀၀ ကောက်ခံနေလျှက်ရှိသည်ဟု ဆိုသည်။

သတင်း

"အဆိုပါဖြစ်စဥ်အတွင်း ထိခိုက်မှုများရှိနိုင်သော် လည်း သတင်းအတိအကျအား အတည်ပြုနိုင်ခြင်းမရှိသေးပါ"ဟု ထုတ်ပြန်ချက်က ဆိုသည်။