Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလဲနယ် မွေ့တုံရွာအနီးနှစ်ရက်ဆက်တိုက်ပွဲဖြစ်စဥ် ကျားသစ်နက်ပြောက်ကျားတပ် ထုတ်ပြန်ရှင်းလင်း

စက်တင်ဘာ ၁၃ ရက်နံနက်တွင် စစ်ကောင်စီတပ်သည် ရွှေလောင်းကျေးရွာမှ ထွက်ခွာလာပြီး မွေ့တုံကျေးရွာအတွင်း ဝင်ရောက်ဖို့ကြိုးစားရာတွင် ထန်းလုံးမိုင်းများ၊ နင်းမိုင်းများ ထောင်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက်ခဲ့ကြရာ ထိခိုက်မှုရှိခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။

(တိုက်ပွဲဖြစ်ပွားပြီးနောက် မွေ့တုံရွာအနီးတစ်နေရာအား တွေ့ရစဥ်၊ဓာတ်ပုံ-ကျားသစ်နက်)
(တိုက်ပွဲဖြစ်ပွားပြီးနောက် မွေ့တုံရွာအနီးတစ်နေရာအား တွေ့ရစဥ်၊ဓာတ်ပုံ-ကျားသစ်နက်)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မွေ့တုံရွာအနီး နှစ်ရက်ဆက်တိုက်ဖြစ်ပွားခဲ့သောတိုက်ပွဲဖြစ်စဥ်နှင့်ပတ်သက်၍ ယင်းမာပင်ခရိုင်အခြေစိုက် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၁၅ ရက်)ထုတ်ပြန်ရှင်းလင်းသည်။

စက်တင်ဘာ ၁၂ ရက်က ပုလဲမြို့မှ ထွက်ခွာလာသော အင်အား ၁၈၀ပါ စစ်ကောင်စီစစ်ကြောင်းသည် ပုလဲမြို့နယ် ရွှေလောင်းကျေးရွာအတွင်းသို့ ဝင်ရောက်လာပြီး ညနေ ၅နာရီခန့်တွင် ရွှေလောင်းကျေးရွာ အနောက်ဖက် ဒေသအခေါ် မြသီတာဘုရားဖက်သို့ ကင်းရှည်ထုတ် ကင်းပုန်ဝပ်ခြင်း၊တောင်ဘက်ယမားချောင်းအထိ ကင်းရှည်ထုတ်ကင်းပုန်းဝပ်ခြင်းတို့ ပြုလုပ်ခဲ့သည်။

ထို့နောက် မြသီတာဘုရားဖက်၌ ကင်းပုန်းဝပ်နေသော စစ်ကောင်စိတပ်သားများသည် ည ၇ နာရီခန့်တွင် မွေ့တုံကျေးရွာဖက်သို့ထွက်အလာ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနက်နယ်စည်းမခြားပျောက်ကျားတပ်ဖွဲ့၊ ဗမာ့ဒေါင်းပြောက်ကျားတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က မိုင်တဲလ် တိုင်မိုင်းများ ရှေ့ထွက်မိုင်းများဖြင့် စောင့်ကြိုတိုက်ခိုက်မှုကြောင့် စစ်ကြောင်းသည် ထိခိုက်မှု များပြားသဖြင့် ရွှေလောင်းကျေးရွာ သို့တပ်ပြန်ဆုတ်သွားခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျား တပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စက်တင်ဘာ ၁၃ ရက်နံနက်တွင် စစ်ကောင်စီတပ်သည် ရွှေလောင်းကျေးရွာမှ ထွက်ခွာလာပြီး မွေ့တုံကျေးရွာအတွင်း ဝင်ရောက်ဖို့ကြိုးစားရာတွင် ထန်းလုံးမိုင်းများ၊ နင်းမိုင်းများ ထောင်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက်ခဲ့ကြရာ ထိခိုက်မှုရှိခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။

အထိနာသွားသော စစ်ကောင်စီတပ်သည် မွေ့တုံရွာရှိ နေအိမ် ၁၂၇ လုံးကိုမီးရှို့ဖျက်ဆီးသွားခဲ့သည်။

ထိုနေ့ညနေ ၄နာရီတွင် နေအိမ်များကိုမီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်သားများကို ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနက်နယ်စည်းမခြားပြောက်ကျားတပ်ဖွဲ့၊M.P.Lအလယ်မြေပြောက်ကျားတပ်ဖွဲ့၊ မြိုင်မြို့နယ် Localတပ်ဖွဲ့များက တာဝေးပစ် လက်နက်အကြီး၊ အသေးများ၊ မောင်းပြန်များဖြင့် အဆင့်(၃)ဆင့် ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ခဲ့ကြသည်။

အနောက်ဘက်စစ်မျက်နှာမှ အရံအင်အားအဖြစ် ပုလဲတပ်ရင်း- (၁၊၂၊၆)တို့က ပိတ်ဆို့ထားပြီး ထွက်လာသော စစ်ကောင်စီတပ်များကို အနီးကပ် တိုက်ခိုက်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၂ ရက် နှင့် ၁၃ ရက်များက ကျဆုံးသွားသော စစ်ကောင်စီတပ်သား များနှင့် ဒဏ်ရာရရှိသွားသူများကို ရွှေလောင်းရွာနှင့် မွေ့တုံရွာ ဘုန်းကြီးကျောင်းထဲတွင် ဆေးကုခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထို့အပြင် စက်တင်ဘာ ၁၄ ရက်နံနက်ပိုင်းတွင် မွေ့တုံ ကျေးရွာမှ အနောက်တောင်ဘက်အတိုင်း ထွက်ခွါသွားပြီး မွေ့တုံနှင့် ပန်းရွာကြားတွင် တိုက်ပွဲ ဖြစ်ပွားခြင်းလုံးဝ မရှိတော့ကြောင်း၊ ထိုစစ်ကြောင်းသည် ယမားချောင်းကိုကူးကာ ယခုအချိန်ထိ မြိုင်မြို့နယ်ဘုန်းကြီးကန်ကျေးရွာ အနောက်တောင်ဖက် ဆည်တောရွာအနီးတွင်တပ်ဖြန့်ထားဆဲဖြစ်ကြောင်း ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က ရှင်းပြသည်။

ဖြစ်စဉ်များအားလုံးသည် မြေပြင်မှာဖြစ်ပျက်ခဲ့သော မြေပြင် တိုက်ပွဲအမှန်ဖြစ်ကြောင်း၊ မွေ့တုံကျေးရွာ တိုက်ပွဲနှင့်ပါတ်သက်ပြီး ပူးပေါင်းပါဝင်ပေးကြသော ပုလဲတပ်ရင်း (၁၊၂၊၄၊၅၊၆)နှင့် ဒေသတွင်း PDF များအပြင် မည်သည့်တပ်ရင်းတပ်ဖွဲ့မှ ပါဝင်ခဲ့ခြင်း ရှိ/မရှိ အနီးနားပါတ်ဝန်းကျင် ဒေသခံများကို မေးမြန်းစုံစမ်းနိုင်ကြောင်း၊ တော်လှန်ရေးအောင်မြင်ရန်အတွက် သတိကြီးကြီးထားကာ တာဝန်ယူတာဝန်ခံလိုသောစိတ်ဖြင့်သာ တိုက်ပွဲဝင်ပေးကြရန် ကျားသစ်နက် ပြောက်ကျားတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက် ခိုက်မှုတို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူနေအိမ်အလုံး ၁၀၀နီးပါး ထိခိုက်ပျက်စီးခဲ့ရသည်။

သတင်း

လက်ရှိတွင် စစ်ကောင်စီတပ်က ကရင်နီဒေသတွင်းရှိ မြို့နယ်အလိုက် စစ်ကြောင်းထိုးမှုများရှိနေ၍ နေ့စဥ် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

သတင်း

"စစ်ခွေးတွေလည်း သူတို့ လူတွေကို ထမ်းစင်တွေနဲ့ သယ်ထုတ်သွားကြတယ်။ သူတို့ ကိုးထောင်ဘို့ဖက်ကို ဆက်ထွက်သွားတယ်"ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး နေရာတွင်ပင် သေဆုံးသွားကြောင်း၊ ကျောက်ထု PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။