Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမျိုးသမီးသတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီထောင် ၃ နှစ်ချ

ဒီနေ့အမိန့်ချတာကတော့ စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ၅၀၅ အမှုအတွက် စစ်ကောင်စီက ထောင်ချလိုက်တာဖြစ်တယ်လို့ မထက်ထက်ခိုင်ရဲ့မိတ်ဆွေတွေဆီကသိရပါတယ်။

ဓာတ်ပုံ − BBC Media Action Myanmar
ဓာတ်ပုံ − BBC Media Action Myanmar

ဘီဘီစီမီဒီယာရဲ့ ခံစားကြည့် ရုပ်သံအစီအစဉ်မှာ တင်ဆက်သူအဖြစ် လုပ်ကိုင်ဖူးသူ သတင်းထောက် မထက်ထက်ခိုင်ကို စစ်ကောင်စီ က ဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ဒီနေ့မှာအလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် ချလိုက်တယ်လို့သိရပါတယ်။

မထက်ထက်ခိုင်ဟာ စစ်တပ်အာဏာသိမ်းပြီး ၆ လအကြာ ၂၀၂၁ ခုနှစ် သြဂုတ်လအတွင်းက ရန်ကုန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် စစ်ကောင်စီက မထက်ထက်ခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲပါတယ်။

ဒါအပြင် NUG ရဲ့ ဖက်ဒရယ် FMမှာ စေတနာ့ဝန်ထမ်း အယ်ဒီတာအဖြစ် လုပ်ကိုင်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့လည်း အမှုဖွင့်ပါသေးတယ်။

ဒီနေ့အမိန့်ချတာကတော့ စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ၅၀၅ အမှုအတွက် စစ်ကောင်စီက ထောင်ချလိုက်တာဖြစ်တယ်လို့ မထက်ထက်ခိုင်ရဲ့မိတ်ဆွေတွေဆီကသိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လတ်တလောတွင် စစ်ကောင်စီတပ်က စစ်အင်အားများ ဖြည့်တင်းပြီး လေကြောင်း၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေကြောင်း၊ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားရှိကြောင်း AA က ထုတ်ပြန်ထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက် ခိုက်မှုတို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူနေအိမ်အလုံး ၁၀၀နီးပါး ထိခိုက်ပျက်စီးခဲ့ရသည်။

သတင်း

ထို့နောက် နေ့စဥ်တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာ ၁၂ ရက်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာကို ကရင်နီပူးပေါင်းတပ် နယ်မြေရှင်းလင်းနိုင်ခဲ့သည်။

သတင်း

စက်တင်ဘာ ၁၄ရက် နံနက်၆နာရီခွဲတွင်လည်း နဂါးတွင်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်ခဲ့ပြီး နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဒေသခံများက ပြောသည်။