Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထိုင်းနိုင်ငံတွင် မတရားအလုပ်ထုတ်ခံရသည့် မြန်မာလုပ်သားများအတွက် ဘတ်ငါးသန်းကျော်ရရှိရန်ကူညီပေးနိုင်ခဲ့ဟု NUG အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်

ထို့ကြောင့် ACC အဖွဲ့က ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စက်ရုံသို့ သွားရောက်ကူညီဖြေရှင်းရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန
ဓာတ်ပုံ - NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန

ထိုင်းနိုင်ငံတွင် မတရားအလုပ်ထုတ်ခံရသည့် အလုပ်သမားများ အကျိုးခံစားခွင့်အဖြစ် ဘတ်ငါးသန်းကျော်ရရှိအောင်ကူညီပေးနိုင်ခဲ့ကြောင်း NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနက ယနေ့(စက်တင်ဘာ ၁၅) ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၊ ပထုန်ဌာနီခရိုင် နဝနခွန်နယ်မြေ အီလက်ထရောနစ်စက်ရုံမှ မြန်မာလုပ်သား ၂၇၀ ဦးအား အကြောင်းမဲ့ အလုပ်ထုတ်ခံရ၍ အလုပ်သမားများမှ အကူညီတောင်းခံလာသည့်အပေါ် စက်တင်ဘာ ၁၃ ရက်တွင် ထိုင်းနိုင်ငံ တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ ဖြေရှင်းကူညီနိုင်ရေး အလုပ်သမားဝန်ကြီးဌာန၏ တာဝန်ပေးအပ်မှုအရ ကိုရဲမင်း(AAC အဖွဲ့)မှ သွားရောက်ဖြေရှင်းပေးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ACC အဖွဲ့က ပထုန်ဌာနီခရိုင်ရှိ အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် ချိတ်ဆက်၍ စက်ရုံသို့ သွားရောက်ကူညီဖြေရှင်းရာ အလုပ်ရှင်၊ အလုပ်သမား သဘောတူညီမှုရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါ သဘောတူညီမှုများတွင် အလုပ်လုပ်ထားသည့် လဝက်စာလုပ်အားခအပြင် အလုပ်သမားများအား ကြိုတင်အကြောင်းမကြားဘဲ အလုပ်ထုတ်ပယ်သဖြင့် ကြိုတင်အကြောင်းမကြားကြေး (၁၅)ရက်စာ၊ လုပ်ခနှင့် အလုပ်ထုတ်ပယ်ခံရသည့် အလုပ်သမားများ၏ လုပ်သက်သည် ရက်ပေါင်း (၁၂၀) အထက်ဖြစ်သည့်အတွက် လုပ်သက်နစ်နာကြေး (၃၀)ရက်လုပ်ခခံစားခွင့် စုစုပေါင်း ဘတ်ငါးသန်းကျော်ကို စက်တင်ဘာ ၁၄ရက်တွင် အလုပ်သမားတစ်ဦးချင်းခံစားခွင့်အလိုက် ဘဏ်ကတ်များသို့ စက်ရုံမှ ပေးပို့ပေးမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် ပန်းရောင်ကတ် အထောက်အထားများရရှိရေးနှင့် စပ်လျဥ်း၍ စက်တင်ဘာ ၁၉ ရက်တွင်လည်း ကောင်း၊ ကျန်အထောက်အထား စာရွက်စာတမ်းကိစ္စများကို စက်တင်ဘာ ၂၀ ရက်တွင် လည်းကောင်း စတင်ဆောင်ရွက်ပေးမည်ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ ပထုန်ဌာနီခရိုင် အလုပ်သမားဌာနနှင့် စက်ရုံမှချိတ်ဆက်ပေးသည့် အလုပ်အကိုင်အခွင့်အလမ်းများတွင် လုပ်ကိုင်လိုခြင်းမရှိသည့် အလုပ်သမားများအတွက် တရားဝင်အလုပ်ပြောင်းရွှေ့ခွင့်ရရှိရေး စာရွက်စာတမ်းကိစ္စများကိုပါ စက်ရုံမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးသည်။

ယခုလက်ရှိ မြန်မာနိုင်ငံ၏ အရေးပေါ်ကာလအခြေအနေတွင် အကူအညီမဲ့နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ၏ အလုပ်သမားအကျိုး ခံစားခွင့်များရရှိအောင် တာဝန်သိစွာ ပူးပေါင်းဖြေရှင်းဆောင်ရွက်ပေးသည့် ပထုန်ဌာနီခရိုင် အလုပ်သမားဌာနများ၊ စက်ရုံတာဝန်ရှိသူများနှင့် အခက်ခဲမျိုးစုံကြားမှ ကူညီပေးသည့် ကိုရဲမင်း(AAC အဖွဲ့)အား အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနမှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ဖော်ပြသည်။

NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့အစိုးရဖြစ်သည်နှင့်အညီ ပြည်တွင်း၊ ပြည်ပ မြန်မာအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကိုဖြေရှင်းပေးရန်နှင့် အကျိုးခံစားခွင့်များ ရရှိအောင်တတ်နိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးလျှက်ရှိပြီး တိုင်ကြားရေးယန္တရားများလည်း ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် ဂျပန်ရောက်မြန်မာနိုင်ငံသားများက အထက်ပါ ဗီဇာကိစ္စရပ်များကို စစ်ကောင်စီသံရုံးနှင့် ချိတ်ဆက်ဆောင်ရွက်လိုသည့် ဆန္ဒမရှိကြောင်းလည်း NUG ဂျပန်ကိုယ်စားလှယ်ရုံးထံ စာရေးသားတင်ပြတိုင်ကြားမှုများ လက်ခံရရှိထားသောကြောင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းပြီးဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ထိုင်းနိုင်ငံဥပဒေအရ လုပ်သက် ၄လမှ တစ်နှစ်အတွင်းရှိ လုပ်သားတစ်ဦး အလုပ်မှထုတ်ပယ်ပါက တစ်လစာ နစ်နာကြေးပေးရမည်ဖြစ်ပြီး၊ လုပ်သက် တစ်နှစ်မှ သုံးနှစ်အထိ လုပ်သားကို သုံးလစာ လျော်ကြေးပေးရမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သတင်း

ဦး​ကျော်​ဇောက သူ့စကားတွေအတွက် ထိခိုက်နာကျင်ခဲ့ရတဲ့ ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီး အားလုံးအပေါ် အနူးအညွတ် တောင်းပန်လိုကြောင်း အဲဒီ ထုတ်ပြန်ချက်မှာ ရေးသားထားခဲ့ပါတယ်။

သတင်း

အလားတူ တော်လှန်ရေးအင်အားစုများ၏ စစ်သည်တော်ဖောက်ဖျက်မှုများ ကျူးလွန်ခြင်း ရှိပါက တိုင်ကြားမှုများ ပြုလုပ်နိုင်သည့်နည်းလမ်းများကို ထုတ်ပြန်ထားပြီးဖြစ်သလို အရေးယူဆောင်ရွက်မှုများကို တာဝန်ယူမှုရှိရှိ ဆောင်ရွက်လျက်ရှိကြောင်း NUG အစိုးရပညာရေးဝန်ကြီးဌာနက ဖော်ပြသည်။