Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်၌ ယခုလဒုတိယပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ် ၈၀ကျော်သေဟု KNDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက် ခိုက်မှုတို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူနေအိမ်အလုံး ၁၀၀နီးပါး ထိခိုက်ပျက်စီးခဲ့ရသည်။

ဓာတ်ပုံ - KNDF
ဓာတ်ပုံ - KNDF

ကရင်နီ(ကယား)ပြည်နယ်၌ ယခုလ ဒုတိယအပတ်တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၈၅ဦး ထက်မနည်းသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(စက် တင်ဘာ ၁၅ ရက်) ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် စက်တင်ဘာ ဒုတိယအပတ်အတွင်း မိုးဗြဲမြို့သို့ အပြင်း အထန်ထိုးစစ်ဆင်ခဲ့သည့်အပြင် ဒီးမော့ဆိုမြို့နယ် ပူဖား၊ ဒေါခမီးနှင့် နန်းမယ်ခုံကျေးရွာတို့တွင်လည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလျက်ရှိပြီး ဖရူဆိုမြို့အခြေစိုက်တပ်စခန်းများမှ စစ်ယာဥ်တန်း(၂၀)ကျော်ကို ဒီးမော့ဆိုမြို့ဘက်သို့ တပ်အင်အားဖြည့်တင်းခဲ့သည်ဟု ဆိုသည်။

မိုးဗြဲ

စက်တင်ဘာ ၈ ရက်မှစ၍ ဒီးမော့ဆိုမြို့နယ်နှင့် ဖယ်ခုံမြို့နယ်နယ်စပ်ရှိ ဝါရီဆူဖလှိုင်မှ မိုးဗြဲမြို့သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA)၊ KNDF/B03၊ B11၊ Moebye PDF၊ Phekhon PDF၊ KRU နှင့် URF တို့မှ ပူးပေါင်း၍ ခုခံတိုက်ခိုက်ခဲ့သည်။

Public Service Announcement
Public Service Announcement

စက်တင်ဘာ ၈ရက်မှ ၁၁ရက်အထိ လေးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှလက်နက်ကြီးများဖြင့်အဆမတန်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းဖြင့်လည်း စက်တင်ဘာ ၉ရက်မှ ၁၁ရက်အထိ သုံးရက်တိုင်တိုင် (၁၅)ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုနှင့် လေကြောင်းတိုက် ခိုက်မှုတို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူနေအိမ်အလုံး ၁၀၀နီးပါး ထိခိုက်ပျက်စီးခဲ့ရသည်။

မိုးဗြဲမြို့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖက်မှ အရာရှိများအပါအဝင် တပ်သား ၆၀ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များဖက်မှ စစ်ကောင်စီ၏ လက်နက်ငယ်(၁၃) လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ခဲယမ်းများ ဆက်သွယ်ရေးစက်နှင့် စစ်အသုံးအဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။

ဒီးမော့ဆို

စက်တင်ဘာ ၈ ရက်နှင့် ၁၃ရက်တွင် ဒီးမော့ဆိုမြို့နယ် ထူလွှီးဘီလာနှင့် ခြေတော် ရာဘုရားအနီးရှိ သဲတောင်တွင် စစ်ကောင်စီတပ်များတပ်စွဲထားပြီး KNDF/B10နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ ထိခိုက်မှုများကို အတည်မပြုနိုင်ခဲ့ပေ။

စက်တင်ဘာ ၁၁ ရက် ဒီးမော့ဆိုမြို့နယ် သေးဆူလဲကျေးရွာအနီးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်၏ ကင်းပုန်းစခန်းကို KNDF-B05 နှင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU)တို့မှလက်နက်ကြီးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ရာ ကင်းဝပ်နေသော စစ်ကောင်စီတပ်သား လေးဦး သေဆုံးခဲ့ကြောင်း အသိပေးသည်။

စက်တင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးကျေးရွာနှင့် ဆောင်ဒူရွာသစ် အနီးတွင် စစ်ကြောင်း သုံးကြောင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF တပ်ရင်း(၆)က ခုခံတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်ဖက်မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့်အပြင် လက်နက်ကြီးများဖြင့် အပြင်းအထန် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ထိတွ့တိုက်ပွဲ ၂နာရီကျော် ကြာမြင့်ပြီး KNDF ဖက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

နန်းမယ်ခုံ

စက်တင်ဘာ ၁၃ ရက်က ညနေ ၃နာရီအချိန်တွင် နန်းမယ်ခုံမြို့အနီးရှိ ဆင်မတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)နှင့် KNDF တပ်ရင်း (၇)တို့မှ

ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရခဲ့သည်။

ထို့အတူ ယင်းနေ့တွင်ပင် မိုးဗြဲမြို့သို့ စစ်ကူသွားခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဝီသဲကူးကျေရွာအနီးတွင် KNDF တပ်ရင်း (၇)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အရာရှိတစ်ဦးအပါအဝင် တပ်သား ၁၃ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။

ဖရူဆို

ဖရူဆိုမြို့နယ်တွင်လည်း ဒေါညေးခူကျေးရွာအ တွင်းတပ်စွဲထားသော စစ်ကောင်စီတပ်များကို စက်တင်ဘာ ၁၁ရက် နေ့လည်ပိုင်းတွင် ကရင်နီတပ်မတော်(KA)နှင့် KNDF-B04၊ B-15 တို့မှ တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဖက်မှ သုံးဦးသေဆုံးပြီး လေးဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း အသိပေးသည်။

စက်တင်ဘာ ၁၂ ရက်တွင်လည်း ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာအနီး တောင်ပေါ်တွင် စခန်းချနေသော စစ်ကောင်စီတပ်စခန်းကို KNDF B-15 မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း KNDFက ပြောသည်။

လွိုင်ကော်

လွိုင်ကော်မြို့နယ်တွင်လည်း စက်တင်ဘာ ၁၂ရက် နံနက် ၉ နာရီတွင် စစ်ကောင်စီ၏ ကယန်းသာယာ စစ်ဆေးရေးဂိတ်အား KNDF/B02၊ B14 နှင့် Loikaw PDF တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဗိုလ်တစ်ဦး အပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများ များပြားခဲ့သည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

“ကျွန်တော်တို့ကြားတာတော့ဦးကျော်ဝင်း (​ရွှေသံလွင် ဦး​ကျော်ဝင်း )ပိုင်တဲ့ ရွှေဘဏ်ကပဲ ရွှေအရောင်းအဝယ်လုပ်ခွင့်ရှိတယ်လို့ပြောတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

လတ်တလောတွင် စစ်ကောင်စီတပ်က စစ်အင်အားများ ဖြည့်တင်းပြီး လေကြောင်း၊ လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်နေကြောင်း၊ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့် အနေအထားရှိကြောင်း AA က ထုတ်ပြန်ထားသည်။

သတင်း

ဒီနေ့အမိန့်ချတာကတော့ စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ၅၀၅ အမှုအတွက် စစ်ကောင်စီက ထောင်ချလိုက်တာဖြစ်တယ်လို့ မထက်ထက်ခိုင်ရဲ့မိတ်ဆွေတွေဆီကသိရပါတယ်။

သတင်း

စက်တင်ဘာ ၁၃ ရက်နံနက်တွင် စစ်ကောင်စီတပ်သည် ရွှေလောင်းကျေးရွာမှ ထွက်ခွာလာပြီး မွေ့တုံကျေးရွာအတွင်း ဝင်ရောက်ဖို့ကြိုးစားရာတွင် ထန်းလုံးမိုင်းများ၊ နင်းမိုင်းများ ထောင်ထားသော မိုင်းကွင်းအတွင်း ဝင်ရောက်ခဲ့ကြရာ ထိခိုက်မှုရှိခဲ့ကြောင်း ကျားသစ်နက် ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။