Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတကော်မြို့ ကျောက်တန်းရဲစခန်းမှ သေနတ်နှစ်လက်ပျောက်ဆုံးသည့်အပေါ် စစ်အုပ်စုက ပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေး

အလားတူ စစ်အုပ်စုဖမ်းဆီးစစ်ဆေးနေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးစံဝင်းအား လွန်ခဲ့သောသုံးရက်ခန့်က အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ဖြစ်စဥ်နှင့်ပါ ဆက်စပ်နေကြောင်း ဖော်ပြသည်။

အင်းတကော်မြို့ ကျောက်တန်းရဲစခန်းမှ သေနတ်နှစ်လက်ပျောက်ဆုံးသည့်အပေါ် စစ်အုပ်စုက ပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေး
အင်းတကော်မြို့ ကျောက်တန်းရဲစခန်းမှ သေနတ်နှစ်လက်ပျောက်ဆုံးသည့်အပေါ် စစ်အုပ်စုက ပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေး

ပဲခူးမြို့နယ် အင်းတကော်မြို့နယ် ကျောက်တန်းနယ်မြေရဲစခန်းမှ လက်နက်နှစ်လက်ပျောက်ဆုံးမှုအပေါ် စစ်အုပ်စုက ပြည်သူအချို့ကို ဖမ်းဆီးစစ်ဆေးနေကြောင်း အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (စက်တင်ဘာ ၁၅) ထုတ်ပြန်သည်။

အလားတူ စစ်အုပ်စုဖမ်းဆီးစစ်ဆေးနေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးစံဝင်းအား လွန်ခဲ့သောသုံးရက်ခန့်က အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ဖြစ်စဥ်နှင့်ပါ ဆက်စပ်နေကြောင်း ဖော်ပြသည်။

“ဖြစ်စဉ်အသေးစိတ်အား တိတိကျကျမပြောပြနိုင်ကြသော်လည်း ကျောက်တန်းရဲစခန်း၌နေသော စကစအဖွဲ့ဝင်များသေနတ်နှစ်လက်ပျောက်ဆုံးမှုနှင့် စပ်ဆက်နေသယောင် ဖန်တီးထားသည်ဟု ကျနော်တို့ အင်းတကော် PDFမှ ခန့်မှန်းပါသည်”ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ပစ်ခတ်မှုဖြစ်စဉ်နှင့် သေနတ်နှစ်လက်ပျောက်ဆုံးမှုမှာ အင်းတကော်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် လုံးဝပါတ်သတ်မှုမရှိကြောင်း အသိပေးအပ်ပါသည်ဟု ထုတ်ပြန်သည်။

အထက်ပါဖြစ်စဥ်နှစ်ခုဖြစ်ပွားပြီးနောက် စစ်အုပ်စု၏ ဖမ်းဆီးစစ်ဆေးခံရသူများတွင် ခံဝန်ဖြင့်နေထိုင်သည့် ကျောက်တန်းကျေးရွာ NLD ဥက္ကဋ္ဌ ဦးကျော်ဖေ၊ ကင်းပိုင်ကျုံကျေးရွာမှ နာရေးကူညီမှုအသင်းဝင်များပါဝင်ကြောင်း အင်းတကော် PDF ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ယခုအခါ အင်းတကော်မြို့ ရပ်ကျေးအုပ်မှူးများ၊ ပျူစောထီးခေါင်းဆောင်များအား စစ်အုပ်စုမှ လက်နက်များတပ်ဆင်ပေးထားသည်ဟုသိရှိရသောကြောင့် ကျေးရွာများအတွင်းမှ မိဘပြည်သူများနှင့် လူငယ်လူရွယ်များသတိထားနေထိုင်ကြရမည့်အချိန်ဖြစ်ကြောင်း အသိပေးထားသည်။

ယနေ့ည ၇ နာရီခန့်တွင် အထက်ပါကိစ္စနှင့်စပ်လျဥ်းပြီး ကင်းပိုင်ကျုံကျေးရွာသို့ စစ်ကောင်စီတပ်ကားနှစ်စီးရောက်ရှိနေပြီး ကျေးရွာအတွင်း ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"လက်ရှိမှာတော့ အမျိုးသမီးနဲ့ခလေးတွေ ပြန်လွတ်သွားပါပြီ။ အမျိုးသားငါးဦးကို ဘယ်မှာဖမ်းဆီးထားလဲမသိရဘူးဗျ"ဟု ဖမ်းဆီးခံမိသားစုများနှင့် နီးစပ်သူက ပြော သည်။

သတင်း

အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်မှုရှိခဲ့ကြောင်း၊ မဟာမိတ်အဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း သိရသည်။

သတင်း

အလားတူ တော်လှန်ရေးအင်အားစုများ၏ စစ်သည်တော်ဖောက်ဖျက်မှုများ ကျူးလွန်ခြင်း ရှိပါက တိုင်ကြားမှုများ ပြုလုပ်နိုင်သည့်နည်းလမ်းများကို ထုတ်ပြန်ထားပြီးဖြစ်သလို အရေးယူဆောင်ရွက်မှုများကို တာဝန်ယူမှုရှိရှိ ဆောင်ရွက်လျက်ရှိကြောင်း NUG အစိုးရပညာရေးဝန်ကြီးဌာနက ဖော်ပြသည်။

သတင်း

ကျန်ရှိရဲနှင့် စစ်သားများအနေဖြင့် အမြင်မှန်ရကာ ပြည်သူနှင့်ပူးပေါင်းပြီး CDM လုပ်စေလိုကြောင်း မြိုင်(ပကဖ)က သတိပေးတိုက်တွန်းသည်။