Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကမာရွတ်မြို့နယ် စည်ပင်ရဲဝင်းရှေ့နှစ်ကြိမ် ဗုံးပေါက်ကွဲ၊ ပြည်သူ​လေးဦး ထိခိုက်ဒဏ်ရာရ

စည်ပင်ရဲတပ်ဝင်းရှေ့ ပေါက်ကွဲမှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကို မသိရသေးပေ။

ကမာရွတ်မြို့နယ် စည်ပင်ရဲဝင်းရှေ့နှစ်ကြိမ် ဗုံးပေါက်ကွဲ၊ ပြည်သူ​လေးဦး ထိခိုက်ဒဏ်ရာရ
ကမာရွတ်မြို့နယ် စည်ပင်ရဲဝင်းရှေ့နှစ်ကြိမ် ဗုံးပေါက်ကွဲ၊ ပြည်သူ​လေးဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့ ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြော သည်။

ယနေ့နံနက် ၈ နာရီခွဲခန့်က ကမာရွတ် (၇)ရပ်ကွက်၊ ဗဟိုလမ်းမပေါ်ရှိ စည်ပင်သာယာရဲတပ်ဖွဲ့ဝင်းရှေ့တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုကြောင့် လမ်းသွားလမ်းလာများအနက်မှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသခံပြည်သူများက ပြောသည်။

အထက်ပါဖြစ်စဥ်အား စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့က ဖော်ပြရာတွင် ဗုံးပေါက်ကွဲမှုကြောင်း မရင်နွယ်ဦး၊ မခင်နှင်းထက်၊ အငှားယာဉ်မောင်း ဦးကျော်ဆန်းဦးနှင့် ကားဆေးဘော်ဒီရုံမှ မောင်မင်းခိုင်လင်း စသည့်ပြည်သူလေးဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု ဆိုသည်။

ထို့နောက် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာသို့ စစ်ကောင်စီတပ်မှ အင်အား ၅၀ဝန်းကျင်ခန့်ရောက်ရှိလာပြီး မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးနှစ်လုံးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ စည်ပင်ရဲတပ်ဝင်းတည်ရှိရာ ဗဟိုလမ်းအား စစ်အုပ်စုက ပိတ်ဆို့ထားခဲ့ပြီး လမ်းသွားလမ်းလာယာဥ်များအား စည်ပင်ရဲတပ်ဝင်းရှေ့သို့ပေးမဖြတ်ဘဲ နောက်ပြန်လှည့်ခိုင်းသည်များရှိခဲ့သည်ဟု ပြည်သူအချို့က ပြောသည်။

စည်ပင်ရဲတပ်ဝင်းရှေ့ ပေါက်ကွဲမှုနှင့်စပ်လျဥ်းပြီး မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကို မသိရသေးပေ။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မျိုးမင်း၊ ပညာရေးဒုတိယဝန်ကြီးများ ဖြစ်သော ဒေါက်တာစိုင်းခိုင်မျိုးထွန်းနှင့် ဆရာမဂျာထွယ်ပန်၊ ၊ ရိုဟင်ဂျာပညာရေးခေါင်းဆောင်များက အသီးသီး အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အလားတူ စစ်အုပ်စုဖမ်းဆီးစစ်ဆေးနေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးစံဝင်းအား လွန်ခဲ့သောသုံးရက်ခန့်က အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ဖြစ်စဥ်နှင့်ပါ ဆက်စပ်နေကြောင်း ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်များသည် သြဂုတ် ၂၃ရက်ကစပြီး ကန့်ဘလူ၊ ကျွန်းလှနှင့် ကောလင်းနယ်များသို့ လေကြောင်းပစ်ခတ်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး ကျေးရွာများအား ဝင်ရောက်မီးရှို့ဖျက်ဆီးလျှက်ရှိသည်မှာ ယနေ့အထိ ဖြစ်သည်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်များအား လမ်းတစ် လျှောက်ရှိ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။