Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းကင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်အား ဗုံးခွဲတိုက်ခိုက်

မင်းကင်းမြို့ပေါ်တွင် ကျေးတောင်ဦး၊ တင်ဘက်၊ ကံ၊ တောင်ယာတောမ စသည့်ရွာများရှိ ပျူများက လက်နက်များကိုင်ဆောင်ကာ ဟန်ရေးပြခြိမ်းခြောက် နေကြောင်း ဒေသခံများက ပြောသည်။

(မုံရွာမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ပေါ်ရှိ စစ်ကောင်စီ၏ မြန်မာ့စီးပွားရေးဘဏ်အား မင်းကင်းပြည်သူ့ကာကွယ် ရေးတပ်ရင်း(၂)က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်း ရရှိသည်။

စက်တင်ဘာ ၁၂ ရက် နံနက် ၅နာရီက မင်းကင်းမြို့ပေါ်၌ စစ်ကောင်စီတပ်များ တပ်စွဲထားသော မြန်မာ့စီးပွားရေးဘဏ်အား ပြည်သူ့ကာကွယ်ရေး တပ်ရင်း(၂)မှ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများနှင့် မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဥ်က ​ပြောသည်။

အဆိုပါဖြစ်စဉ်အပြီးတွင် မြို့တွင်း၌ စစ်တပ်ကတင်းကျပ်စွာ စစ်ဆေးခဲ့ပြီးသက်လတ်ပိုင်းအရွယ် ရှိ အမျိုးသားတစ်ဦးအား ဖမ်းဆီးသွားကြောင်း၊ ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များ ခြေရှုပ်နေပါက သတိထားသွားလာနေထိုင်ကြရန် မင်းကင်းနွေဦးတော်လှန်ရေးက သတိပေးသည်။

မင်းကင်းမြို့ပေါ်တွင် ကျေးတောင်ဦး၊ တင်ဘက်၊ ကံ၊ တောင်ယာတောမ စသည့်ရွာများရှိ ပျူများက လက်နက်များကိုင်ဆောင်ကာ ဟန်ရေးပြခြိမ်းခြောက် နေကြောင်း ဒေသခံများက ပြောသည်။

မင်းကင်းမြို့နယ် တောင်တွင်းဒေသတွင်လည်း စစ်ကောင်စီတပ်က ခြေရှုပ်နေပြီး TDPDF အဖွဲ့၏ ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးကျော်ငွေအားဖမ်းဆီးရရှိရန် တောင်တွင်းပျူများအား စည်းရုံးနေကြောင်း၊ ဦးကျော်ငွေအားဖမ်းမိပါက ပျူများအား ယခုထက်ပိုပြီး လက်နက်တပ်ဆင်ပေးမည်ဟု စည်းရုံးနေသည်ဟု ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဗုံးကည ၉နာရီ ထိုးခါနီးလေမှာ ပေါက်တာ။ဘယ်နေရာမှန်းမသိလို့ ။အသံတော့ တော်တော်ကျယ် တယ်"ဟု အင်းစိန်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။

သတင်း

"ကျွန်ုပ်တို့ စုံစမ်းရရှိသည်မှာ လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး နှစ်ဦးပြင်းထန် ဒဏ်ရာနှင့်အရေးပေါ် ဆေးရုံတင်ထားရသည်ဟုသိရပြီး ခွေးသေများပင်ရှိနိုင်ကြောင်းသိရှိခဲ့ရပါ သည်"ဟု MDY-PDF က ဖော်ပြသည်။

သတင်း

စစ်ကောင်စီတပ်သည် မင်းကင်းမြို့နယ်တွင် ပျူစောထီးရွာဖြစ်သည့် ပန်းဆက်ရွာ၌ အထိုင်ချကာ PDF လှုပ်ရှားနယ်မြေတဝိုက်သို့ ပျူစောထီးများနှင့် စစ်ကြောင်းထိုးနေသည်။

သတင်း

ထို့အပြင် ယနေ့ ညပိုင်း၌ ရန်ကုန်မြို့ သန်လျင်မြို့နယ် ထမလုံကျေးရွာအုပ်ချုပ်ရေးရုံးကို Soul Takers (Yangon Underground Force) မြို့ပြပြောက်ကျားတပ်ဖွဲ့က ချိန်ကိုက်ဗုံးနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။