Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပန်းပင်နီလမ်း အကြမ်းဖက်ဖမ်းဆီးမှုတွင် အခြေခံပညာ ကျောင်းသားလူငယ်များအစည်းအရုံးအဖွဲ့ဝင်လေးဦး ပါဝင်

“အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများရှိသော်လည်း ကျွန်ုပ်တို့ အ.က.လ ဗဟိုမှ လုံးဝနောက်ဆုတ်သွားမည်မဟုတ်ကြောင်းနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်”ဟု ဖော်ပြသည်။

၂၀၂၁ ဒီဇင်ဘာလက ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းမှုအပြီးတွေ့ရစဥ်၊ ဓာတ်ပုံ - GETTY IMAGES
၂၀၂၁ ဒီဇင်ဘာလက ကြည့်မြင်တိုင်ပန်းပင်ကြီးလမ်းသပိတ်ဖြိုခွင်းမှုအပြီးတွေ့ရစဥ်၊ ဓာတ်ပုံ - GETTY IMAGES

ဖမ်းဆီးခံအဖွဲ့ဝင်လေးဦးလုံး အသက်မပြည့်သေးသူများဖြစ်ဟု ထုတ်ပြန်

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်နီလမ်း အကြမ်းဖက်ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် အခြေခံပညာ ကျောင်းသားလူများအစည်းအရုံး(အကလ-ဗဟို)မှ အဖွဲ့ဝင်လေးဦး ပါဝင်ကြောင်း ယနေ့ (စက်တင်ဘာ ၁၆) အသိပေးထုတ်ပြန်သည်။

စက်တင်ဘာ ၁၃ ရက်က ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)တွင် ရေဘဝဲ ပြည်သူ့အကျိုးပြူလူငည်အဖွဲ့အစည်းက ဦးဆောင်ပြုလုပ်သည့် UN Prove Existence For Justice စာသားပါ သပိတ်တိုက်ပွဲသို့ အ.က.လ ဗဟိုမှ သွားရောက်ပူးပေါင်းစဥ် စစ်အုပ်စု၏ အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်အုပ်စု၏ မတရားဖမ်းဆီးခြင်းခံလိုက်ရသူလေးဦးတွင် ကျောင်းသားသုံးဦးနှင့် ကျောင်းသူတစ်ဦးဖြစ်ပြီး အဆိုပါကျောင်းသူမှာ သတ္တမတန်း ကျောင်းသူတစ်ဦးဖြစ်ကာ လေးဦးလုံးမှာ အသက်မပြည့်သေးသူများဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးမှုများရှိသော်လည်း ကျွန်ုပ်တို့ အ.က.လ ဗဟိုမှ လုံးဝနောက်ဆုတ်သွားမည်မဟုတ်ကြောင်းနှင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်”ဟု ဖော်ပြသည်။

ကြည့်မြင်တိုင် ပန်းပင်နီးလမ်း သပိတ်တိုက်ပွဲအား စစ်အုပ်စုက ကားဖြင့်တိုက်ဖြိုခွင်းကာ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရိုက်နှက်ဖမ်းဆီးခြင်းများပြုလုပ်ခဲ့ရာ သပိတ်တွင်ပါဝင်သည့် လူငယ် ၁၅ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။

အဆိုပါအကြမ်းဖက် ဖမ်းဆီးခံရမှုဖြစ်စဥ်တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၊ အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို) ၊Myanmar Labour Alliance ၊ ဗမာ့လူငယ်ကွန်ရက်၊ ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ၊ Owl Community ၊ သတင်းထောက်အချို့အပါအဝင် အမျိုးသမီး၊ အမျိုးသား၊ LGBTQ နှင့် အသက်မပြည့်သေးသောလူငယ်များ ပါဝင်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

CTUM အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

သတင်း

ကိုမင်းသူရိန်သည် ဖမ်းဆီးခံရပြီးနောက် မိခင်သမဂ္ဂနှင့် ယခုအချိန်အထိ အဆက်အသွယ်ပြတ် တောက်နေပြီး မည်သည့်နေရာသို့ရောက်ရှိနေကြောင်းကို စုံစမ်း၍ မရသေးကြောင်းလည်း ဖော်ပြထားသည်။

သတင်း

လက်ရှိတွင် ကြည့်မြင်တိုင်မြို့နယ် အထက်ကြည့်မြင်တိုင်လမ်း၊ ပန်းပင်ကြီးလမ်းနှင့် ကမ်းနားလမ်းတို့တွင် စစ်ကား၊ ရဲကားများ လှည့်ပတ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

လက်ရှိ အခန်းဆုံးစစ်ဆေးမှုကို Grade - 4 မှ Grade - 11 အထိ စစ်ဆေးနေခြင်းဖြစ်ပြီး ကြားကလပညာရေးကျောင်း (၇၇)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၆,၀၀၀ကျော် ဝင်ရောက်ဖြေဆိုနေခြင်း ဖြစ်သည်။