Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာငံတွင် PDF လေးဦးအလင်းဝင်လာသည်ဆိုကာ စစ်ကောင်စီက လိမ်လည်၍ အခမ်းအနားပြုလုပ်

လူထူအား လိမ်လည်ပြုလုပ်သည့် အထက်ပါအခမ်းအနားကို ရွာငံမြို့တွင် စက်တင်ဘာ ၁၆ရက်က ကျင်းပခဲ့​ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Voice of Pindaya
ဓာတ်ပုံ - Voice of Pindaya

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့တွင် စစ်ကောင်စီက PDF လေးဦး အလင်းဝင်သည်ဟုဆိုကာ PDF မဟုတ်သူများအား ကြိုဆိုသည့်အခမ်းအနား ကျင်းပခဲ့သည်ဟု တော်လှန်ရေးအင် အားစုများက ပြောသည်။

လူထူအား လိမ်လည်ပြုလုပ်သည့် အထက်ပါအခမ်းအနားကို ရွာငံမြို့တွင် စက်တင်ဘာ ၁၆ရက်က ကျင်းပခဲ့​ခြင်း ဖြစ်သည်။

” PDF လေးယောက် အလင်းဝင်တယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ဒါ သူတို့ လုပ်နေကြ အလိမ်အညာဇာတ်လမ်းပဲ”ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

PDFအလင်းဝင်သည့် အခမ်းအနားဟုဆိုသော်လည်းစစ်ကောင်စီမှ အတုအယောင်ဖန်တီးထားခြင်းသာဖြစ်သည်ဟု ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ သတင်းထုတ်ပြန်ရေးစာမျက်နှာ Voice of Pindaya က ထုတ်ပြန်ထားသည်။

” ဒေသတွင်းရှိကာကွယ်ရေးတပ်ဖွဲ့များအားစုံစမ်းမေးမြန်းခဲ့ရာတွင် စစ်ကောင်စီအခမ်အနားမှ လူလေးဦးသည် ၎င်းတို့နဲ့သက်ဆိုင်ခြင်းမရှိသူများသာဖြစ်ပြီး ထိုလူလေးဦးကို ဒေသခံများပင်မသိရှိဟု သတင်းရင်း​မြစ်များက အတည်ပြုကြောင်း Voice of Pindayaက ဆိုသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရှမ်းပြည်နယ်အတွင်း စစ်ကောင်စီဆန့်ကျင်တော်လှန်ရေးတွင် တက်ကြွသည့်ဒေသဖြစ်သည်။ တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီပစ်မှတ်နေရာများအား မကြာခဏတိုက်ခိုက်နေကြသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထံတွင် စစ်သင်တန်းများ တက်ရောက်နေကြသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟု​ဖော်ပြထားသည်။

သတင်း

ပြီးခဲ့သည် သြဂုတ် ၁၀ ရက်က ဆီမီးခုံလောင်းကစားဝိုင်းမှပြန်သွားသည့် စစ်ကောင်စီတပ်က ဗိုလ် ကြီးအောင်ကိုကိုနှင့်တပ်သားတစ်ဦး ပစ်ခတ်ခံရပြိီးနောက် သေဆုံးသွားခဲ့သည်။

သတင်း

"သြဂုတ်လဆန်းပိုင်းလောက်ကတည်းက တပ်စွဲ ထားတာ။စခ အင်အား က ၃၀ လောက်ရှိတယ်"ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။