Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့တွင် “UN ငါတို့ရဲ့ဆန္ဒတွေကိုလက်ခံဖို့ တွေဝေမနေစမ်းနဲ့” စာသားအား ဒရုန်းဖြင့် ရိုက်ကူး၍ ဆန္ဒထုတ်ဖော်

ယနေ့လှုပ်ရှားမှုပြုလုပ်သည့်အချိန်ထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူ ၃,၀၀၀နီးပါးကို သတ်ဖြတ်ပြီးခဲ့ပြီဖြစ်ပြီး အိမ်ပေါင်း ၂၈,၀၀၀ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

ဓာတ်ပုံ - YRF

လူသားချင်းစာနာမှုဆိုသည်ကို သက်သေပြစေရန် “ UN , Do Not Hesitate To Accept Our Will“ စာသားပါဘန်နာကို ရန်ကုန်မြို့တစ်နေရာတွင် ဒရုန်းဖြင့်ရိုက်ကူး၍ Yangon Revolution Force – YRF ( Soft Strike Community) မှ ယနေ့ (စက်တင်ဘာ ၁၇) နံနက်ပိုင်း၌ မြန်မာပြည် သူလူထု၏ကိုယ်စား လူထုလှုံ့ဆော်မှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

ဓာတ်ပုံ - YRF
ဓာတ်ပုံ – YRF

မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် ကုလသမဂ္ဂတွင် မြန်မာပြည်သူလူထု၏ ကိုယ်စားပြု သံအမတ်အဖြစ် မြန်မာပြည်သူများကို အမှန်တကယ်ကိုယ်စားပြုသော ဦးကျော်မိုးထွန်းကို ရွေးချယ်တင်မြောက်ရန်နှင့် မြန်မာလူထုတစ်ရပ်လုံး၏ ဆန္ဒကို လက်ခံရန်အတွက် ကုလသမဂ္ဂအဖွဲ့အစည်း အနေဖြင့် တွေဝေတွန့်ဆုတ်မနေရန်အတွက် လှုံ့ဆော်တိုက်တွန်းခြင်း ဖြစ်ကြောင်း YRF က ထုတ်ပြန်သည်။

ဓာတ်ပုံ - YRF
ဓာတ်ပုံ – YRF

ယနေ့လှုပ်ရှားမှုပြုလုပ်သည့်အချိန်ထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူ ၃,၀၀၀နီးပါးကို သတ်ဖြတ်ပြီးခဲ့ပြီဖြစ်ပြီး အိမ်ပေါင်း ၂၈,၀၀၀ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် အကြမ်းဖက်စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း လူငယ်များက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြလျက်ရှိပြီး ယခုကဲ့သို လှုပ်ရှားမှုများကိုလည်း လမ်းမများထက်တွင် ဆန္ဒပြလူငယ်များက ၄င်းတို့၏ အသက်ကို စတေးကာ လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်းကိုလည်း YRF က ဖော်ပြခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

အဆိုပါ ကမ်ပိန်းလှုပ်ရှားမှုကို “သွေးအေးလို့မရတဲ့ တော်လှန်ရေး“ ခေါင်းစဥ်ဖြင့် Mayangone Democratic Front (MDF) နှင့် KMD 18 မှ မြေအောက်ရဲဘော်များက ချိတ်ဆက်ပြီး အကောင် အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ကိုမင်းသူရိန်သည် ဖမ်းဆီးခံရပြီးနောက် မိခင်သမဂ္ဂနှင့် ယခုအချိန်အထိ အဆက်အသွယ်ပြတ် တောက်နေပြီး မည်သည့်နေရာသို့ရောက်ရှိနေကြောင်းကို စုံစမ်း၍ မရသေးကြောင်းလည်း ဖော်ပြထားသည်။

သတင်း

ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဆောင်ရွက်ချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။