Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးတွင် တန်ပိုဂိတ်များအားလုံးအောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်ရန် PDF သတိပေး

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။

မိုးကုတ်-မန္တလေးလမ်းပိုင်း၌ တွေ့ရသော တန်ပိုစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj
မိုးကုတ်-မန္တလေးလမ်းပိုင်း၌ တွေ့ရသော တန်ပိုစစ်ဆေးရေးဂိတ်တစ်ခုအား တွေ့ရစဉ်၊ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီအား စီစီတီဗွီမှတ်တမ်းများပေးနေသည့် တန်ပိုဂိတ်များအားလုံး အောက်တိုဘာ ၅ ရက်နောက်ဆုံးထားပိတ်သိမ်းရန် စဉ့်ကူးအခြေစိုက် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။

စဉ့်ကူးမြို့နယ်အတွင်းရှိ တန်ပိုစစ်​ဆေးရေးတိုးဂိတ်များအနေဖြင့် တော်လှန်ရေးသမားများအားဖမ်းဆီးနိုင်ရေး စီစီတီဗွီ သတင်းအချက်အလက်များအား စစ်ကောင်စီတပ်နှင့်ရဲများထံရောက်ရှိစေရန် ပူးပေါင်းလုပ်ဆောင်နေသည်ဟု သိရကြောင်း စဥ့်ကူးအခြေစိုက် သမန်းကျားပြောက် ကျားတပ်ဖွဲ့က ယမန်နေ့စက်တင်ဘာလ ၁၆ ရက်နေ့တွင် အသိပေးသည်။

ထို့ကြောင့် စဥ့်ကူးမြို့နယ်ရှိ တန်ပိုဂိတ်များ အောက်တိုဘာ ၅ ရက် နောက်ဆုံးထားပြီး ဖျက်သိမ်းရန် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

“ဝန်ထမ်းများ တခြားအလုပ်ပြောင်းလုပ်ကြပါရန်တောင်းပန်အပ်ပါသည်။ ဆန္ဒပြစဥ်က လက်သုံးချောင်းထောင်ပြထားခြင်းအတွက် သက်ညှာပါသည်။ ဝန်ထမ်းများတခြားအလုပ် ရှာကြပါ။”ဟု သမန်းကျားပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းသည်။

ကြေညာချက်ကိုမလိုက်နာဘဲ ကန့်သတ်ရက် ကျော်လွန်ပါက တာဝန်မယူကြောင်း သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မဖြစ်မနေ အရေးပေါ်သွားလာရမည်ဆိုပါက သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်တိုင်ပင်ပြီး ဂရုစိုက်ဖြတ်သန်းသွားလာကြရန် ဒေသတွင်းအဖွဲ့များကအသိပေးထားသည်။

သတင်း

လူထူအား လိမ်လည်ပြုလုပ်သည့် အထက်ပါအခမ်းအနားကို ရွာငံမြို့တွင် စက်တင်ဘာ ၁၆ရက်က ကျင်းပခဲ့​ခြင်း ဖြစ်သည်။

သတင်း

စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟု​ဖော်ပြထားသည်။

သတင်း

အဲဒီလောင်းကစားဝိုင်းဟာ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးကို လိုင်းကြေးပေးပြီး လုပ်ကိုင်နေတဲ့ လောင်းကစားဝိုင်းဖြစ်တယ်လို့ မန္တလေး PDF ကဆိုထားပါတယ်။ပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ လောင်းကစားဝိုင်းကို မန္တလေး PDF က ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။