Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

‘ဒေါင်းအလံလွှင့်စစ်ဆင်ရေး’အဖြစ် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအား ဖောက်ခွဲတိုက်ခိုက်

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများအား ရှောင်ရှားသွားလာကြစေရန်လည်း မြို့ပြပြောက်ကြားတပ်ဖွဲ့များက မေတ္တာရပ်ခံခဲ့သည်။

ယမန်နေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ
ယမန်နေ့ညက ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအား တွေ့ရစဥ်၊ဓာတ်ပုံ - CJ

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဦးဘဟန်လမ်းပေါ်ရှိ မြို့နယ်တရားရုံးအား “ဒေါင်းအလံလွှင့်” စစ်ဆင်ရေးအဖြစ် ယမန်နေ့ (စက်တင်ဘာ ၁၆) ညပိုင်းက အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Gurdians UG က ထုတ်ပြန် သည်။

ယမန်နေ့ ည ၇နာရီ မိနစ်၅၀ တွင် သင်္ဃန်းကျွန်းမြို့နယ် တရားရုံးအား Guardians UG ၏ တပ်ခွဲ ဖြစ်သည့် TGK Gurdians က ဖောက်ခွဲတိုက်ခိုက်ရာ လုံခြုံရေးဂိတ်အနီးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီဝင်အချို့ ထိခိုက်မှုရှိနိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

” ညက ၈ နာရီလောက်မှာ ပေါက်ကွဲသံ တချက်ကြားလိုက်ရတယ်။ နောက်တော့ ရဲကား၊ စစ်ကားတွေ တရားရုံးဘက်သွားနေတာ တွေ့မှ တရားရုံးနားမှာ ပေါက်မှန်းသိတာပါ။ လမ်းတွေ ပိတ်လိုက်တော့ လူထိခိုက်မှု ရှိ မရှိကို မသိရပါဘူး။ ဆေးရုံကားတစ်စီး အဲ့ဘက်ကို သွားတာတော့ တွေ့လိုက်ပါတယ် “ဟု သင်္ဃန်းကျွန်းမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

အဆိုပါဖောက်ခွဲတိုက်ခိုက်မှုအပြီး၌ ရဲဘော်များ အန္တရာယ်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းကိုလည်း Gurdians UG က အသိပေးခဲ့သည်။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများအား ရှောင်ရှားသွားလာကြစေရန်လည်း မြို့ပြပြောက်ကြားတပ်ဖွဲ့များက မေတ္တာရပ်ခံခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထက်ပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်မှ ထိခိုက်မှုအခြေအနေအား မသိရသေးသော်လည်း GHF မှရဲဘော်များ အထိအခိုက်မရှိ ​အောင်မြင်စွာပြန်ဆုတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သတင်း

တကောင်းမြို့သို့ စစ်ကားအသေး လေးစီးဝင်ခဲ့ရာ နှစ်စီးမှာ ‌တကောင်းဆေးရုံ၌ကျန်ရှိနေပြီး ကျန်နှစ်စီးမှာမြို့မှပြန်ထွက်လာစဉ် ယနေ့နေ့လယ် ၁၂ ခွဲခန့်တွင် ဆင်ညှပ်ကုန်းရွာဝင်နား၌ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

ဖောက်ခွဲတိုက်ခိုက်မှုကြောင့် ပျက်စီးထိခိုက်မှု တစုံတရာအတိအကျ မသိရသေးဘဲ WHO အဖွဲ့သားများ ထိ ခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ သည်ဟုပါရှိသည်။

သတင်း

ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာသည် ရန်ကုန်မြို့အခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့(၁၆)ဖွဲ့ထက်နည်းဖြင့် စုစည်းထားသည့် တပ်မဟာတစ်ခုဖြစ်သည်။