Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုအပြင် ရွာအတွင်းဝင်ရောက်စီးနင်းပြီး ပြည်သူငါးဦးကို ထပ်မံသတ်ဖြတ်

အသက်(၁၁)နှစ်အရွယ် ကလေးငယ်မှာ ဖခင်နှင့်အတူ ငါးဖမ်းနေစဥ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် သေဆုံးသူများတွင် လင်မယားနှစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

(ယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့် ပျက်စီးမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ- - ပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယဉ်ကျေးမှုသင်တန်းကျောင်းအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသွားသော ကလေးငယ်များနှင့် ပျက်စီးမှုများအား တွေ့ရစဥ်၊ ဓာတ်ပုံ- - ပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုအပြင် ကျေးရွာအတွင်း ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ ဒေသခံပြည်သူငါးဦးပါ သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၁၆ ရက်) မွန်းလွဲပိုင်းက စစ်ကောင်စီတပ်သည် ဒီပဲယင်းအရှေ့ခြမ်းလက်ယက်ကုန်းကျေးရွာ၌ စာသင်နေသောကလေးငယ်များရှိရာ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်းကျောင်းသို့ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး ပညာသင်ကြားနေသော ကလေးငယ်လေးဦး သေဆုံးခဲ့သည်။

ထို့နောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ရာ အသက်(၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ငါးဦးအား ထပ်မံပစ်ခတ်သတ်ဖြတ်သွားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

အသက်(၁၁)နှစ်အရွယ် ကလေးငယ်မှာ ဖခင်နှင့်အတူ ငါးဖမ်းနေစဥ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် သေဆုံးသူများတွင် လင်မယားနှစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

“မနေ့က ကျောင်းသားကလေး လေးယောက်သေတယ်။ စာသင်ကျောင်းကို ဦးတည်ပြီးပစ်တာ။ လက်ယက်ကုန်းစာသင်ကျောင်းကို ပစ်တာ။ ပြီးရင် ကျောင်းသား လေးယောက်ကျတယ်။ ပြီးရင် ဒဏ်ရာရတဲ့ ကလေးတွေကိုတော့ ကားနဲ့ ခေါ်သွားပြီးတော့ ရေဦးမှာ ဆေးကုပေးနေတယ်လို့ ကြားတယ်” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစီးနင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသွားသော စေတနာ့ဝန်ထမ်း ဆရာ၊ဆရာမ နှစ်ဦးအပါဝင် ဒဏ်ရာရ ကျောင်းသား ကလေးငယ် ၂၀ ဝန်းကျင်အား ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ထို့အပြင် ကျေးရွာအတွင်းမှ နေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးထားခဲ့ပြီး အရပ်သား ပြည်သူ လေးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင်အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပြီး စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သာ သတ်မှတ်ထားသည်။

သတင်း

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

သတင်း

လူထူအား လိမ်လည်ပြုလုပ်သည့် အထက်ပါအခမ်းအနားကို ရွာငံမြို့တွင် စက်တင်ဘာ ၁၆ရက်က ကျင်းပခဲ့​ခြင်း ဖြစ်သည်။

သတင်း

စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟု​ဖော်ပြထားသည်။