Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦး-ခင်ဦးလမ်းနှင့် ရေဦး-ရွှေဘိုလမ်းများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့များသတိပေး

မဖြစ်မနေ အရေးပေါ်သွားလာရမည်ဆိုပါက သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်တိုင်ပင်ပြီး ဂရုစိုက်ဖြတ်သန်းသွားလာကြရန် ဒေသတွင်းအဖွဲ့များကအသိပေးထားသည်။

ရေဦး-ခင်ဦးလမ်းနှင့် ရေဦး-ရွှေဘိုလမ်းများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့များသတိပေး
ရေဦး-ခင်ဦးလမ်းနှင့် ရေဦး-ရွှေဘိုလမ်းများ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းအဖွဲ့များသတိပေး

စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းနှင့် ရေဦး-ရွှေဘိုလမ်းပိုင်းများအား ယနေ့မွန်းလွဲပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တားမြစ်လိုက်သည်။

ယနေ့ (စက်တင်ဘာလ ၁၇ ရက်)နံနက်ပိုင်းမှစတင်ကာ ရေဦး-ခင်ဦးလမ်းပိုင်း၊ ရေဦး-ညောင်ပင်သာ-ရွှေဘို လမ်းပိုင်းများကို မည်သည့်ယာဥ်မှ ဖြတ်သန်းသွားလာခြင်းမပြုရန်နှင့် ခရီးသည်တင်ကားများ၊ ကုန်ကားကြီးများနှင့် ခရီးသွားပြည်သူများအားလုံး ရောက်သည့်နေရာ ရပ်နားထားပေးကြရန် ဒေသတွင်းအဖွဲ့များကသတိပေးကြေညာသည်။

ရေဦး၊ ခင်ဦး၊ ဒီပဲယင်း လက်ရှိမြေပြင်စစ်ရေးအခြေအနေကို အရေးပေါ်အနီရောင်အဆင့်သက်မှတ်ထားပြီးတင်းမာလျက်ရှိသောကြောင့် ခရီးသွားပြည်သူများ၏ လုံခြုံရေးအရ အထက်ဖော်ပြပါလမ်းပိုင်းများကို ယနေ့နံနက်ပိုင်းကစတင်ကာ ခေတ္တယာယီပိတ်ထားကြောင်း၊ သက်ဆိုင်ရာမြို့နယ် ကာကွယ်ရေးအဖွဲ့အစည်းများက တစ်စုံတရာမထုတ်ပြန်မချင်း ပူးပေါင်းပါဝင်လိုက်နာပေးကြရန် ဒေသတွင်းအဖွဲ့များကမေတ္တာရပ်ခံသည်။

မဖြစ်မနေ အရေးပေါ်သွားလာရမည်ဆိုပါက သက်ဆိုင်ရာကာကွယ်ရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်တိုင်ပင်ပြီး ဂရုစိုက်ဖြတ်သန်းသွားလာကြရန် ဒေသတွင်းအဖွဲ့များကအသိပေးထားသည်။

လက်ရှိ ရေဦးမြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေးထူထပ်စွာချထားပြီး မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အကြီးအကဲတစ်ဦးရဟတ်ယာဥ်ဖြင့်လာမည်ဟုသတင်းရထားကြောင်း ဒေသတွင်းအဖွဲ့များက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပိုင်းပေါ်၌ တည်ရှိပြီး ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းသို့သွားသော စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားလေ့ရှိသည်။

သတင်း

စက်တက်ဘာ ၁၆ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်သည့်သတိပေးချက်တွင် အဆိုပါလုပ်ငန်းများသည် စစ်ကောင်စီ သက်ဆိုးရှည်အောင် ဆက်ကြေးပေးလုပ်ကိုင်နေခြင်းကြောင့်စစ်ကောင်စီထောက်တိုင်များ ဖြစ်လာနေသည်ဟု​ဖော်ပြထားသည်။

သတင်း

စက်တင်ဘာလ ၁၂ ရက်နေ့ ည ၉ နာရီခန့်က ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ လှတောကျေးရွာရဲစခန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Attack Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သတင်း

"လက်ရှိအခြေအနေအရ ဒေသခံတွေလုံခြုံရေး အပြင် ဒေသတွင်းဘက်ပေါင်းစုံ လုံခြုံရေး အရ ဒီလို သတ်မှတ်ချက်ဖြစ်လာတာ လက်ခံတယ်"ဟု ၎င်းက လူထုနွေဦးသို့ ပြောသည်။