Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့တော်ခန်းမအနီး ပျူသင်တန်းပေးနေစဥ်ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ဖြစ်စဥ်နှင့်ပတ်သက်ပြီး Armed Revolutionary Focce ARF- KU အဖွဲ့ထံ မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။

(ပျူသင်တန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဥ်ဓာတ်ပုံ-Armed Revolutionary Focce ARF- KU)
(ပျူသင်တန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဥ်ဓာတ်ပုံ-Armed Revolutionary Focce ARF- KU)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရှိ မြို့တော်ခန်းမအနီး ပျူစောထီးသင်တန်းပေးနေစဥ် ဒရုန်းဖြင့်ဗုံးချတိုက် ခိုက်ခဲ့ကြောင်း Armed Revolutionary Force ARF- KU အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်) မွန်းလွဲ ၁၂ နာရီခွဲခန့်က ခင်ဦးမြို့ မြို့တော်ခန်းမအနီး၌ ပျူသင် တန်းပေးနေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း Armed Revolutionary Force အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပေါက်ကွဲသံ အချို့ကြားပြီးချိန်တွင် စခန်းအတွင်းမှ သေနတ်သံများ အဆက်မပြတ်ကြားခဲ့ရပြီး သင်တန်းလည်း ရပ်နားသွားသည်ဟု သိရကြောင်း Armed Revolutionary Force အဖွဲ့က အသိပေးသည်။

(ပျူသင်တန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဥ်ဓာတ်ပုံ-Armed Revolutionary Focce ARF- KU)
(ပျူသင်တန်းအား ဒရုန်းဖြင့် တိုက်ခိုက်ခဲ့စဥ်ဓာတ်ပုံ-Armed Revolutionary Focce ARF- KU)

အဆိုပါ စစ်ဆင်ရေးအား Armed Revolutionary Focce ARF- KU၊ Future Hero၊ Thunderstom (လျှပ်စီးမိုးကြိုး) အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်နှင့်ပတ်သက်ပြီး Armed Revolutionary Focce ARF- KU အဖွဲ့ထံ မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။

စစ်ကိုင်းတိုင်း ခင်ဦး – ရေဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ ခြေရှုပ်နေ၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက တားမြစ်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့လှုပ်ရှားမှုပြုလုပ်သည့်အချိန်ထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်သည် အပြစ်မဲ့ပြည်သူ ၃,၀၀၀နီးပါးကို သတ်ဖြတ်ပြီးခဲ့ပြီဖြစ်ပြီး အိမ်ပေါင်း ၂၈,၀၀၀ကျော်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပြီး ဖြစ်သည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေရဲစခန်းအား ယနေ့နံနက်ပိုင်းက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်သွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး နှစ်ဦး သေဆုံးပြီး ဦး ဒဏ်ရာပြင်းထန်ခဲ့ကြောင်း အတွင်းသတင်းရရှိသည်ဟု ပခုက္ကူ PDFက ထုတ်ပြန်သည်။

သတင်း

ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လက်ရှိအချိန်ထိ လုပ်ဆောင်နေဆဲ ဆောင်ရွက်ချက်များကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။