Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးမြို့သုသာန်သို့ ကလေးရုပ်အလောင်း ၇လောင်း စစ်ကောင်စီသင်္ဂြိုလ်သွား၍ မြို့ခံများစိုးရိမ်နေ

စစ်ကောင်စီတပ်သည် ယမန်နေ့(စက်တင်ဘာ ၁၆ရက်)တွင် လက်ယက်ကုန်းရွာမှ ဘုန်းတော် ကြီးသင်စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခတ်ခဲ့ပြီး မြေပြင်မှလည်း စီးနင်းတိုက်ခိုက်ခဲ့သည်။

စီးနင်းတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်းဝန်းကျင် မြင်ကွင်း၊ဓာတ်ပုံ - ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ
စီးနင်းတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်းဝန်းကျင် မြင်ကွင်း၊ဓာတ်ပုံ - ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမှ ကလေးငယ် ၃၀ဦးထက်မနည်းကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့တွင် ရေဦးမြို့နယ် သုသာန်တွင် ကလေးငယ် ခုနစ်ဦး၏ ရုပ်အလောင်းများလာ ရောက်သင်္ဂြိုလ် သွားသောကြောင့် ဖမ်းဆီးခံကလေးငယ်များအတွက် မြို့ခံများက စိုးရိမ်နေကြသည်။

” စခတွေက ဖမ်းသွားတဲ့ လက်ယက်ကုန်းဒေသခံတစ်ယောက်က သုသာန်ကို လာပို့တာ။ ယောင်္ကျားလေး လေးဦး၊ မိန်းကလေး သုံးဦးနဲ့ ကျန်တာက ကျား/မ မခွဲခြားနိုင်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကို ပီနံအိတ်နဲ့ ထည့်လာတာ။ စုစုပေါင်း ကလေးခုနစ်ဦးရဲ့ ရုပ်အလောင်းတွေ ဒီနေ့(စက်တင်ဘာ ၁၇ရက်) မနက် ၆နာရီမှာ လာသဂြိုလ်သွားတယ်”ဟု ရေဦးမြို့နယ်မှ ပြည် သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(စက်တင်ဘာ ၁၆ရက်)တွင် လက်ယက်ကုန်းရွာမှ ဘုန်းတော် ကြီးသင်စာသင်ကျောင်းကို လေကြောင်းမှ ပစ်ခတ်ခဲ့ပြီး မြေပြင်မှလည်း စီးနင်းတိုက်ခိုက်ခဲ့သည်။

ထိုသို့ပစ်ခတ်မှုတွင် ယဥ်ကျေးလိမ္မာသင်တန်း တက်နေသော အသက်(၅)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင်ကလေးငယ် လေးဦးသေဆုံးခဲ့သည်ဟု Local fighters Squadအဖွဲ့က ထုတ်ပြန်ထားသည်။

ဒဏ်ရာရကလေးငယ်များအပါအဝင် ကလေးငယ် ၃၀ဦးထပ်မနည်းကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး ရေဦးမြို့ ကုတင် ၁၀၀ဆေးရုံတွင် ထိန်းသိမ်းထားသည်။ ယမန်နေ့ စီးနင်းတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်းအတွင်းတွင် ကလေးငယ်များ၏ လွယ်အိတ်များ၊ဖိနပ်များနှင့်

ကျောင်းကြမ်းပြင်တွင် သွေးကွက်များ စွန်းပေးနေသည့် မှတ်တမ်းဓာတ်ပုံများကို တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ခဲ့သည်။

” မနေ့က ဖြစ်စဥ်မှာ ရွာမှာ ကျန်ခဲ့တာက ကလေးငယ်တစ်ဦးအပါအဝင် ရုပ်အလောင်းလေးလောင်း။ ကျန်တာက စစ်ခွေးတွေသယ်သွားတယ်။ ဖမ်းခေါ်သွားတဲ့ကလေးတွေထဲမှာလည်း ဒဏ်ရာရသူတွေရှိတယ်။ အခုက ကလေးအလောင်း ခုနှစ်လောင်းလာသဂြိုလ်သွားလို့ ရင်တွေ ပူလောင်နေရတယ်။ စိတ်ပူနေကြရတယ်”ဟု ရေဦး ဒေသခံတစ်ဦးက ပြောသည်။

ကလေးရုပ်အလောင်းများ ကားဖြင့် လာပို့ခိုင်းခြင်းခံရသည့် လက်ယက်ကုန်းရွာမှ အမျိုးသားသည် အတင်းအကျပ်ခိုင်းစေခံရခြင်းဖြစ်ပြီး ကားပေါ်တွင် ပါလာသည်မှာ ကလေးအလောင်းများဟု ကြိုသိမခဲ့ကြောင်း၊ ရေဦးသုသာန်ရောက်ချိန် ကားပေါ်မှ ချမှသာ ကလေးရုပ်အလောင်းများဟု သိရှိပြီး ထိန့်လန့်တုန်လှုပ်ကာ သတိလစ်သွားသည်ဟု ယင်းအကြောင်းကို ကြားသိသည့်ဒေသခံတစ်ဦးက ပြောသည်။

“စခအလောင်းတွေထင်ပြီး ကြည့်လိုက်တာ။ ကလေးတွေအလောင်းဖြစ်နေတော့ ထိန့်လန့်သွားပြီး သူ့ကိုပါ ဆေးကုပြီး ပြန်ခေါ် သွားရတယ်လို့ ကြားတယ်”ဟု အထက်ပါဒေသခံက ပြောသည်။

ထို့အပြင် လက်ယက်ကုန်းရွာ ဘုန်းတော်ကြီးကျောင်းအား စီးနင်းမှုအတွင်း ထိခိုက်ဒဏ်ရာရသွားသော စေတနာ့ဝန်ထမ်း ဆရာ ၊ဆရာမ ၂ ဦးအပါဝင် ဒဏ်ရာရ ကျောင်းသားကလေးငယ် ၂၀ဝန်းကျင်အား ရေဦးမြို့သို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း လက်ယက်ကုန်းရွာ နောက်ဆက်တွဲသတင်းအရ ထိခိုက်ဒဏ်ရာရသူ ကျောင်းသား၊ သူများနှင့်ပြည်သူများစွာရှိနေသေးသည်ဟု သိရှိရပြီး ရေဦးတိုင်းရင်းဆေးရုံအတွင်း ဖမ်းဆီးချုပ်နှောင်ထားကြောင်း သတင်းရရှိထားသည်ဟု ထုတ်ပြန်ထားသည်။

စီးနင်းတိုက်ခိုက်ခံရသည့် ဘုန်းကြီးကျောင်းဝန်းကျင် မြင်ကွင်း၊ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့က ကြိုတင်မြင်လိုက်၍ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

လက်ရှိတွင်အမေရိကန်တစ်ဒေါ်လာလျှင် ၃၄၀၀ကျပ်ဝန်းကျင်ပေါက်ဈေးရှိနေပြီး စစ်ကောင်စီက တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သာ သတ်မှတ်ထားသည်။

သတင်း

အသက်(၁၁)နှစ်အရွယ် ကလေးငယ်မှာ ဖခင်နှင့်အတူ ငါးဖမ်းနေစဥ် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် သေဆုံးသူများတွင် လင်မယားနှစ်ဦးလည်း ပါဝင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ ကျေးရွာများမှပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။