Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းနယ်တွင် စစ်ကောင်စီတပ်၏ စီးနင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၇ဦးအပါအဝင် သေဆုံးသူ ၁၃ဦးထိရှိလာဟု ဒေသခံပြော

ထိုသို့ စီးနင်းတိုက်ခိုက်မှုကြောင့် အရွယ်ရောက် ပြီးသူ ၆ဦး၏ ရုပ်အလောင်းများ တွေ့ရပြီး ဒဏ်ရာရ ကလေးငယ်များနှင့် ဆရာဆရာမများကို စစ်ကောင်စီတပ်ကရေဦးဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုအတွင်း စာသင်ကြားနေသော ကလေးငယ်တစ်ဦး​၏ ကျောပိုးအိတ်တစ်လုံး ကျန်ခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် စီးနင်းတိုက်ခိုက်မှုအတွင်း စာသင်ကြားနေသော ကလေးငယ်တစ်ဦး​၏ ကျောပိုးအိတ်တစ်လုံး ကျန်ခဲ့သည့် မြင်ကွင်းအား တွေ့ရစဉ်၊ ဓာတ်ပုံ - ဒီပဲယင်းစစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

▪️ကလေးငယ် ၇ဦးကို ယနေ့သင်္ဂြိုလ်ပြီး အလောင်းများဖျောက်ဖျက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင်စာသင်နေသည့် ကျောင်းသားကလေးငယ်များကို စစ်ကောင်စီတပ်က ယမန်နေ့တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကျောင်းသား ကလေးငယ် လေးဦးနေရာတွင် သေဆုံးပြီး ဒဏ်ရာရ ကလေးငယ် သုံးဦးဆေးရုံ၌ ထပ်မံသေဆုံး၍ စုစုပေါင်း ကလေးငယ် ၇ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း ဒီပဲယင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် တိုက်ခိုက်ရေးရဟတ်ယာဉ်များ အပါအဝင် ရဟတ်ယာဉ် လေးစီးဖြင့် လက်ယက်ကုန်းရွာနှင့်အနီးတဝိုက်ကို စက်တင် ဘာ ၁၆ရက် နေ့လည်ပိုင်း၌ ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်။

ထိုသို့ စီးနင်းတိုက်ခိုက်မှုကြောင့် အရွယ်ရောက် ပြီးသူ ၆ဦး၏ ရုပ်အလောင်းများ တွေ့ရပြီး ဒဏ်ရာရ ကလေးငယ်များနှင့် ဆရာဆရာမများကို စစ်ကောင်စီတပ်ကရေဦးဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

” နောက်ဆုံးက ရုပ်အလောင်း ခြောက်လောင်းတွေ့တယ်။ အဲဒါက ပြည်သူတွေ အရွယ်ရောက်ပြီးသား လူတွေပေါ့။ ကလေး လေးယောက် သေတယ်ဆိုတာ အဲဒီမှာ လွှတ်လိုက်တဲ့ ဆရာမတစ်ယောက်က ပြောတာ။ နောက်ပြီးတော့ ကလေးတွေရော ဆရာမတွေရော ဓားစာခံလုပ်ပြီးတော့ ရေဦးဆေးရုံကို ခေါ်သွားတယ်လေ။ ဒဏ်ရာရတာတွေရော။ အဲဒီမှာ ရေဦးဆေးရုံမှာ ကုနေရင်းနဲ့ ထပ်ပြီးတော့ ကလေးတွေ ဆုံးကုန်ကြတယ်။ ဒီနေ့ ၇လောင်း သင်္ဂြိုလ်တယ်တဲ့ သင်္ချိုင်းမှာ။ အဲဒီတော့ ကလေး ၇ယောက်ရှိသွားတာပေါ့” ဟု ဒီပဲယင်းဒေသခံက ပြောသည်။

ယမန်နေ့က ပစ်ခတ်မှုဖြစ်စဉ်အတွင်း သေဆုံးခဲ့သည့် ကလေးအလောင်း လေးလောင်းကိုလည်း စစ်ကောင်စီတပ်က ပီနှံအိတ်နှင့်ထုပ်ပြီး အလောင်းယူသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒဏ်ရာရတဲ့ ကလေးတွေခေါ်သွားပြီး ဆေးကုရင်းနဲ့ဆုံးသွားတာ။ လေးယောက်ကတော့ တစ်ခါတည်း အဲဒီမှာတင် ဆုံးတာကို ပီနံအိတ်နဲ့ ထည့်ပြီး သယ်သွားတာပေါ့။ ကလေးအလောင်းတွေကို။ အားလုံးပေါင်း ၁၃ယောက်ပေါ့ အခုအချိန်ထိ” ဟု ဒီပဲယင်းဒေသခံက ပြောသည်။

စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်အပေါ် ထွေထွေထူးထူး မှတ်ချက်မပေးလိုကြောင်း၊ စစ်ကောင်စီတပ်က ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ ဆက်တိုက်လုပ်ဆောင်နေကြောင်း ဒေသခံက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တင့်ကားများပါဝင်သည့် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းထိုးလာသည်ကို KNDF မှ ခုခံခဲ့ရာ နွားလဝိုး- ပဒါးညေးကျေးရွာများတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

နောက်ဆက်တွဲသတင်းများအရ စစ်ကောင်စီတပ်သားနှင့်ပျူ ၁၀ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာပြင်းထန်သူများလည်းရှိကြောင်း အရာတော် (ပကဖ)က ပြောသည်။

သတင်း

မ​ကွေးတိုင်းတွင် မကြာ​သေးမီလပိုင်းက စစ်သားက စခန်းမှူးကို ထိုး​သောဖြစ်ရပ်လည်းဖြစ်ခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ကမ​ကျေနပ်၍ စစ်သားကိုဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲများကို စစ်​ကောင်စီကအ​ရေးယူခဲ့သည်။

သတင်း

စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့က ကြိုတင်မြင်လိုက်၍ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။