Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦးခရိုင်ရဲတပ်ဖွဲ့မှူးကို စစ်ကောင်စီတပ်ဗျူဟာမှူးက သေနတ်ဖြင့်ပစ်သတ်ခဲ့ခြင်းဖြစ်​ကြောင်းရေဦးပကဖပြော

မ​ကွေးတိုင်းတွင် မကြာ​သေးမီလပိုင်းက စစ်သားက စခန်းမှူးကို ထိုး​သောဖြစ်ရပ်လည်းဖြစ်ခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ကမ​ကျေနပ်၍ စစ်သားကိုဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲများကို စစ်​ကောင်စီကအ​ရေးယူခဲ့သည်။

(ဒုတိယရဲမှူးကြီးအဆင့် အပွင့်အခက်များ ။ စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်စစ်တပ်က ရဲတပ်ဖွဲ့အ​ပေါ် နှိမ်ချဆက်ဆံပြီး ကိုယ်ထိလက်​ရောက်ကျူးလွန်မှုများမကြာခဏဖြစ်​ပေါ်​နေသည်။)
(ဒုတိယရဲမှူးကြီးအဆင့် အပွင့်အခက်များ ။ စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်စစ်တပ်က ရဲတပ်ဖွဲ့အ​ပေါ် နှိမ်ချဆက်ဆံပြီး ကိုယ်ထိလက်​ရောက်ကျူးလွန်မှုများမကြာခဏဖြစ်​ပေါ်​နေသည်။)

ရေဦးခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူးကြီးဝင်းနိုင်သည် သူ့ကိုယ်သူသေနတ်​ဖြင့်ပစ်၍ အဆုံးစီရင်သွားခြင်းမဟုတ်ဘဲ စစ်ကောင်စီဗျူဟာမှူးက အစည်းအဝေးခန်းအတွင်း သေနတ်ဖြင့် နှစ်ချက်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း ရေဦးမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြား​ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒုရဲမှူးကြီးဝင်းနိုင်ကို စစ်ဘက်ကဗျူဟာမှုးကရင်ဘတ်တည့်တည့်ကိုတစ်ချက်ဗိုက်ကိုတစ်ချက်ပစ်တာ။အစည်းအဝေးလုပ်နေတဲ့အချိန်မှာစကားများပြီးပစ်သတ်တာလို့သိရတယ်။ သူ့ကိုယ်သူ ပစ်တာလုံးဝမဟုတ်ဘူး” ဟုအထက်ပါတာဝန်ရှိသူက ပြောသည်။

(ဒုတိယရဲမှူးကြီးအဆင့် အပွင့်အခက်များ ။ စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်စစ်တပ်က ရဲတပ်ဖွဲ့အ​ပေါ် နှိမ်ချဆက်ဆံပြီး ကိုယ်ထိလက်​ရောက်ကျူးလွန်မှုများမကြာခဏဖြစ်​ပေါ်​နေသည်။)
(ဒုတိယရဲမှူးကြီးအဆင့် အပွင့်အခက်များ ။ စစ်​အုပ်စုအာဏာသိမ်းပြီး​နောက်စစ်တပ်က ရဲတပ်ဖွဲ့အ​ပေါ် နှိမ်ချဆက်ဆံပြီး ကိုယ်ထိလက်​ရောက်ကျူးလွန်မှုများမကြာခဏဖြစ်​ပေါ်​နေသည်။)

ဒုတိယရဲမှူးကြီးဝင်းနိုင်သည် စက်တင်ဘာ ၁၅ရက်ညနေက ၎င်း၏ ဝန်ထမ်းအိမ်ယာတွင် သူ့နာထင်သူ သေနတ်ဖြင့် တေ့ပစ်၍ အဆုံးစီရင်သွား​​ခြင်းဟုစစ်​ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကသတင်းဖြန့်ခဲ့ကြသည်။ ယင်းသည် ဗျုဟာမှူးလက်ချက်ဖြင့် သေဆုံးသွားသည်ကို လမ်းကြောင်းလွှဲရန်အတွက် ရေဦးရဲတပ်ဖွဲ့က စစ်ကောင်စီအလိုကြ သတင်းအမှားဖြန့်ဝေခြင်းဟု ​ရေဦးပကဖက​ပြောသည်။

ရေဦးတွင် စစ်ကောင်စီတပ်ဗျူဟာမှူးမကြာခဏ အပြောင်းအလဲပြုလုပ်နေ၍ ဒုတိယရဲမှူးကြီးဝင်းနိုင်အား သေနတ်ဖြင့်ပစ်သတ်သည့် ဗျုဟာမှူး အမည်ကို မသိရှိရသေးကြောင်းလည်း ရေဦးပကဖက ပြန်ကြား​ရေးတာဝန်ရှိသူက​ ဆက်​ပြောသည်။

“ဒါက အတွင်းကနေ ဖရဲသီးက ပေးတဲ့သတင်း။ တိတိကျကျရတဲ့ သတင်းပါ”ဟု ၎င်းကဆိုသည်။

ရေဦးနယ်အခြေစိုက် Ye.U Urban Gurrrilla အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကလည်း အဆိုပါပစ်ခတ်မှုတွင် စစ်သားနှစ်​ယောက်ပါ​သေဆုံးခဲ့​ကြောင်းကိုယခုကဲ့သို့​ပြောသည်။ “ငယ်သားနှစ်ယောက်ရော သေတာပါဗျ။ သေတာသုံးယောက်ပါ။ အချင်းချင်း ပစ်တာလား၊ သတ်သေတာလား သေချာမသိရပါဘူးဗျ။ ငယ်သားနှစ်ယောက်က စစ်သားတွေလို့ ကြားသိရပါတယ်ဗျ” ။

စစ်ကောင်စီသည် နိုင်ငံတော် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြ​သောပြည်သူများကိုအကြမ်းဖက်ဖြိုခွင်း​စေသည်မှစ၍ ရဲတပ်ဖွဲ့ကို ပြည်သူလူထုနှင့်ထိပ်တိုက်ရန်တိုက်ပေးခဲ့သည်။ သဘောထားတင်းမာသည့် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့ကို နှိမ့်ချဆက်ဆပြီး စစ်ကောင်စီနှင့်ရဲတပ်ဖွဲ့ကြားတွင် မကြာခဏပြဿနာများစွာရှိနေသည်ဟု CDM ရဲအရာရှိအချို့က ပြောသည်။

မ​ကွေးတိုင်းတွင် မကြာ​သေးမီလပိုင်းက စစ်သားက စခန်းမှူးကို ထိုး​သောဖြစ်ရပ်လည်းဖြစ်ခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ကမ​ကျေနပ်၍ စစ်သားကိုဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲများကို စစ်​ကောင်စီကအ​ရေးယူခဲ့သည်။

ထို​ကြောင့်စစ်​ကောင်စီတပ်၏အာဏာသိမ်းမှုကိုလက်မခံဘဲ ၊စစ်​ကောင်စီဖိနှိပ်မှုကိုငုံမခံဘဲ ပြည်သူနှင့်ပူး​ပေါင်းလာ​​သောရဲတပ်ဖွဲ့ဝင်များမှာ စသ်သားများထက်ပိုများသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တင့်ကားများပါဝင်သည့် အကြမ်းဖက်စစ်ကောင် စီတပ်က စစ်ကြောင်းထိုးလာသည်ကို KNDF မှ ခုခံခဲ့ရာ နွားလဝိုး- ပဒါးညေးကျေးရွာများတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ထိုသို့ စီးနင်းတိုက်ခိုက်မှုကြောင့် အရွယ်ရောက် ပြီးသူ ၆ဦး၏ ရုပ်အလောင်းများ တွေ့ရပြီး ဒဏ်ရာရ ကလေးငယ်များနှင့် ဆရာဆရာမများကို စစ်ကောင်စီတပ်ကရေဦးဆေးရုံသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

သတင်း

ဒီလို KNLA တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

စစ်ကြောင်းဝင်လာသည်ကို ကင်းအဖွဲ့က ကြိုတင်မြင်လိုက်၍ ရဲဘော်များ ထိခိုက်မှုမရှိခဲ့ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။