Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – မန္တလေးလမ်းတွင် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်ကားတစ်စီးပျက်စီး

နောက်ဆုံးယာဉ်မှာ မိုင်းဆံများမှန်၍ မှန်များမှာလည်း တစ်စစီကြေမွပျက်စီးသွားပြီးရှေ့ဆက်မသွားတော့ဘဲ ချက်ချင်းထိုးရပ်သွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်အား ရှေ့ကားများက ကြိုးများဖြင့်တုပ်နှောင်၍ ဆွဲခေါ်သယ်ဆောင်သွားခဲ့​ကြောင်း PDF South Monywaက အသိပေးသည်။

ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်ကောင်စီတပ်ယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်နေစဉ်၊ ဓာတ်ပုံ - CJ
ပဲခူးတိုင်း တောင်ငူမြို့တွင် စစ်ကောင်စီတပ်ယာဉ်တစ်စီး လမ်းဘေးဓာတ်တိုင်အား ဝင်တိုက်နေစဉ်၊ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေး လမ်းမကြီးပေါ်တွင် စစ်ကောင်စီတ​ပ်၏ ယာဉ်သုံးစီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှုရှိနိုင်ကာ တစ်စီးပျက်စီးသွား၍ ကြိုးဖြင့်ဆွဲကာ သယ်ဆောင်သွားကြောင်း People’s Defence Force – South Monywa အဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) ည ၁ဝ နာရီ ၄၅ မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ-ချောင်းဦးလမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်ယာဉ် သုံးစီးသည် အလျင်အမြန်မောင်းနှင် လာစဥ် မိုင်းမြှုပ်ထားသည့်နေရာအရောက် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောက်ဆုံးယာဉ်မှာ မိုင်းဆံများမှန်၍ မှန်များမှာလည်း တစ်စစီကြေမွပျက်စီးသွားပြီးရှေ့ဆက်မသွားတော့ဘဲ ချက်ချင်းထိုးရပ်သွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်အား ရှေ့ကားများက ကြိုးများဖြင့်တုပ်နှောင်၍ ဆွဲခေါ်သယ်ဆောင်သွားခဲ့​ကြောင်း PDF South Monywaက အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ PDF South Monywa အဖွဲ့ တာဝန်ရှိသူ Daung Karyan က “ကားတွေက စစ်ကိုင်းကနေမုံရွာကိုလာတာပါ။သတင်းကမရကြဘူး။ ကျွန်တော်တို့တောင် ချောင်းဦးကျော်မှသတင်းရတာ။ မိုင်းထိပြီး ကားကိုမောင်းမရတော့လို့ ကြိုးနဲ့ဆွဲသွားရတာပါဗျ။”ဟု ပြောကြား သည်။

စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများနိုင်သည်ဟု PDF South Monywa က ခန့်မှန်းသည်။

PDF- South Monywaအဖွဲ့သည် ယမန်နေ့ (စက်တင်ဘာ ၁၆ ရက်) မွန်းလွဲ ၁ နာရီ ၂၅မိနစ်ခန့်ကလည်း မုံရွာမြို့နယ် တောပုရွာအနီး၌ ပျူစောထီးများက PDFအယောင်ဆောင်ပြီး လမ်းသွားလမ်းလာပြည်သူများအား အကြမ်းဖက်စစ်ဆေးနေ၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

သတင်း

ထီးလင်းမြို့တွင် မြို့ပြင်နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင် သော်လည်း မြို့အတွင်းကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

သတင်း

အလောင်းများတွေ့ရှိပြီးသည်နောက် KNDF B-06 ရဲဘော်များ နှင့် ရွာသူရွာသားများမှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း အသိပေးသည်။

သတင်း

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ကာ (၁၇)နှစ်အရွယ် Md Iqbal သေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိသွားခြင်းဖြစ် ကြောင်းAAက ဖော်ပြသည်။