Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးလင်းတွင် စစ်ကောင်စီတပ်ဖမ်းဆီးသွားသည့် အမျိုးသမီးနှစ်ဦး တစ်လအကြာတွင်ရုပ်အလောင်းပြန်တွေ့

ထီးလင်းမြို့တွင် မြို့ပြင်နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင် သော်လည်း မြို့အတွင်းကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ထီးလင်း
ထီးလင်း

မကွေးတိုင်း ထီးလင်းမြို့တွင် စစ်ကောင်စီဖမ်းဆီးသွားသည့် အမျိုးသမီးနှစ်ဦးအား တစ်လခန့်အကြာတွင် ရုပ်အလောင်း ပြန်တွေ့ရှိရကြောင်း တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်သည်။

ထီးလင်းမြို့ ကန်တော်လေးရပ်ကွက်မှ မပုလေးနှင့် မဝါဝါစန်းကို စစ်ကောင်စီတပ်က သြဂုတ်လဆန်းပိုင်းတွင် ဖမ်းဆီးသွားခြင်းဖြစ်သည်။ လူလတ်ပိုင်းအရွယ် ယင်းအမျိုးသမီးနှစ်ဦးအား ပြန်တွေ့ရေး လိုက်လံစုံစမ်းနေစဥ် ယမန်နေ့ (စက်တင်ဘာ ၁၇ရက်) ထီးလင်းမြို့ ဗျာဒီတ်ကုန်းအနီးတွင် ပုပ်ပွနေသော ရုပ်အလောင်းကို တွေ့ရှိခဲ့သည်ဟု ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မပုလေးနှင့်မဝါဝါစန်းတို့ နှစ်ဦးကို ဖမ်းဆီးသွားကတည်းက မိသားစုနှင့်လုံးဝ တွေ့ခွင့်မပေးသည့်အပြင် သေဆုံးသည့်အကြောင်းကိုလည်း မိသားစုထံ ပေးပို့ခဲ့ခြင်းမရှိဟု ယောအလင်းတန်းက သတင်းထုတ်ပြန်သည်။

“အလောင်းတွေကိုတွေ့ရှိထားပေမယ့် ​ထီးလင်းမြို့ပေါ်က နာရေးကူညီမှု့အသင်းအပါအဝင် ဘယ်သူကမှ သင်္ဂြိုလ်တာမလုပ်ဆောင်ရဲကြပဲ ဒီအတိုင်း ပစ်ထားကြရတယ်လို့သိရပါတယ်” ဟု ယောအလင်းတန်းက ထုတ်ပြန်သည်။

ထီးလင်းမြို့တွင် မြို့ပြင်နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်များက ထိန်းချုပ်ထားနိုင် သော်လည်း မြို့အတွင်းကို စစ်ကောင်စီက ထိန်းချုပ်ထားသည်။

ထီးလင်းမြို့တွင် အလယ်တန်းကျောင်းသားနှစ် ဦးလည်း စက်တင်ဘာ ၁၅ရက်ကတည်းက

ပျောက်ဆုံးနေသည်ဟု ဒေသခံများကပြော သည်။

ယခုရက်ပိုင်းဒေသတွင်း အခြေအနေများနှင့် ပတ်သက်၍ ယောအလင်းတန်းက” မိဘပြည်သူများအားလုံး မိမိတို့ရဲ့မိသားစုလုံခြုံရေးကို မိမိတို့ကိုယ်တိုင်သာ အားကိုးစောင့်ရှောက်ကြပါ။အရာအားလုံးအတွက်ကြိုတင်ပြင်ဆင်ထားကြပါရန်သတိပေးနှိုးဆော်အပ်ပါသည်”ဟု သတိပေး ထားသည်။

ယောအလင်းတန်းသည် ယောဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တော်လှန်ရေးသတင်းများနှင့် ဒေသတွင်း အခြေအနေများကို ထုတ်ပြန်ပေးနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဆိုးရွားသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အသေးစိတ်မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့် ဖော်ဆောင်နိုင်ရန် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း အသိပေးသည်။

သတင်း

အလောင်းများတွေ့ရှိပြီးသည်နောက် KNDF B-06 ရဲဘော်များ နှင့် ရွာသူရွာသားများမှ ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း အသိပေးသည်။

သတင်း

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ကာ (၁၇)နှစ်အရွယ် Md Iqbal သေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိသွားခြင်းဖြစ် ကြောင်းAAက ဖော်ပြသည်။

သတင်း

နောက်ဆုံးယာဉ်မှာ မိုင်းဆံများမှန်၍ မှန်များမှာလည်း တစ်စစီကြေမွပျက်စီးသွားပြီးရှေ့ဆက်မသွားတော့ဘဲ ချက်ချင်းထိုးရပ်သွားခဲ့ကြောင်း၊ အဆိုပါ ယာဉ်အား ရှေ့ကားများက ကြိုးများဖြင့်တုပ်နှောင်၍ ဆွဲခေါ်သယ်ဆောင်သွားခဲ့​ကြောင်း PDF South Monywaက အသိပေးသည်။