Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အများပြည်သူလုံခြုံရေးအတွက်ဟုဆိုကာအာဏာသိမ်းစစ်ခေါင်းဆောင်များရုံးစိုက်ရာ နေပြည်တော်ကို ညမထွက်ရအမိန့်ထုတ်

ယခုထုတ်ပြန်လိုက်သည့်အမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်းသက်ဆိုင်ရာမြို့နယ်အလိုက် စစ်ကောင်စီ၏ မြို့နယ်အုပ် ချုပ်ရေးမှူးများက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

​နေပြည်​တော်မှ လမ်းကျယ်ကြီးတစ်​နေရာ ။ ဓါတ်ပုံ-The Newyork Times
​နေပြည်​တော်မှ လမ်းကျယ်ကြီးတစ်​နေရာ ။ ဓါတ်ပုံ-The Newyork Times

အာဏာသိမ်းစစ်ခေါင်းဆောင်များအဓိကရုံးစိုက်ရာ နေပြည်တော်ကောင်စီနယ်မြေကို စစ်အုပ်စုက ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်သည်။

ညမထွက်ရအမိန့်တွင် အကြုံးဝင်သည့်မြို့နယ်များတွင်ပုဗ္ဗသီရိ၊ ဒက္ခိဏသီရိ၊ ဇဗ္ဘူသီရီ၊ ဥတ္တရသီရီ၊ ဇေယျာသီရိ၊ တပ်ကုန်း၊ ပျဥ်းမနားနှင့် လယ်ဝေးမြို့နယ်များပါဝင်ပြီး စက်တင်ဘာ ၁၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ထို့ကြောင့် လူငါးဦး သို့မဟုတ် ငါးဦးထက်ပိုသူများသည် လမ်းမကြီးများ၊ အများပြည်သူသွားလာရာလမ်း၊ လမ်း ကြား၊ လမ်းသွယ်၊ ဥယျာဥ်နှင့် အများပြည်သူနှင့်ဆိုင်သည့် နေရာများတွင် စုဝေးခြင်းမပြုရန်နှင့် နေ့စဥ် ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ကြောင်း ဖော်ပြထားသည်။

“လူတချို့သည် အများပြည်သူတို့၏လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက် ပျက်ပြားစေရန် ပြုမူဆောင် ရွက်နေခြင်းကြောင့် အများပြည်သူတို့၏လုံ ခြုံရေး၊ တ ရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား စေနိုင်သည်ဟု ယုံကြည်ယူဆရသဖြင့် ပျဥ်းမနားမြို့နယ်တွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဥ်တစ်မျိုးမျိုးကို အသုံး ပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ၊ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်း ဆန်ခတ်ပြုမူခြင်းများကို တားမြစ်လိုက်သည်”ဟု ပျဥ်းမနားမြို့နယ်အတွက် ထုတ်ပြန်သည့် ညမထွက်ရအမိန့်တွင် ထည့်သွင်းဖော်ပြသည်။

ယခုထုတ်ပြန်လိုက်သည့်အမိန့်သည် နောက်ထပ်အမိန့်တစ်စုံတစ်ရာမထုတ်ပြန်မချင်း အတည်ဖြစ်ကြောင်းသက်ဆိုင်ရာမြို့နယ်အလိုက် စစ်ကောင်စီ၏ မြို့နယ်အုပ် ချုပ်ရေးမှူးများက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဥတ္တရခရိုင်နှင့် ဒက္ခိဏခရိုင်ဟု ခရိုင်နှစ်ခုဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စစ်အုပ်စုရေး ဆွဲသည့် ၂၀၀၈ ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ (၄၉)၊ (၅၀)နှင့် (၅၁)တို့အရ သမ္မတ၏တိုက်ရိုက်အုပ် ချုပ်မှုအောက်တွင် ထားရှိခဲ့သည်။

စစ်အုပ်စုက နေပြည်တော်ကောင်စီနယ်မြေအား ညမထွက်ရအမိန့်ထုတ်ပြန်ခြင်းသည် တော်လှန်ရေးအစိုးရတစ်ရပ်ဖြစ်သည့် NUG က စစ်ရေးအရှိန်မြှင့်ရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များအား အသင့်ပြင်ထားကြဖို့ အသိပေးချိန်နှင့် တိုက်ဆိုင်လျှက်ရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သြဂုတ်လအတွင်းမှာတင် အိုးဘိုထောင်မှာ အကျဉ်းချထားတဲ့ ကျောင်းဆရာ ၂ ဦးနဲ့ ဆရာမ ၁ ဦးကို ရက်ခြားကာ ဆူပူအောင်လှုံဆော်မှု ၊ အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စစ်ကောင်စီက ထောင်ချခဲ့ပါတယ်။

သတင်း

ဆရာရန်စိုးပိုင်ဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတို့ပါ နှိပ်စက်မှုများကြုံတွေ့ခဲ့ရပြီး လက်ရှိမှာတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

သတင်း

သြဂုတ်လ ဆန်းပိုင်းက စ၍တပ်တွင်းဝါဒဖြန့်သင်တန်းကို စစ်ကောင်စီ၏ ပြည်သူ့ဆက်ဆံရေး၊စိတ်ဓာတ်စစ်ဆင်ရေးဌာနက အရာရှိများက သင်တန်းပို့ချနေခြင်းဟုသိရသည်။

သတင်း

အခြေခံစားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီဈေးဆိုရင်လည်း အများပြည်သူအများစု စားသုံးနေရတဲ့ စားအုန်းဆီဟာ ၁ ပိသာကို ကျပ် ၁ သောင်းဝန်းကျင်ဖြစ်လာပါတယ်။