Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ်အုတ်ဖိုအိုင်ရွာကိုစစ်​ကောင်စီတပ်ဝင်​ရောက်စီးနင်းစဥ်တော်လှန်ရေးရဲဘော်(၁၀)ဦးဖမ်းဆီးသတ်ဖြတ်ခံရ

အလားတူ အုတ်ဖိုအိုင်ရွာသို့ ဝင်ရောက်ဖျက်ဆီးခဲ့သော စစ်အုပ်စုစစ်ကြောင်းသည် အောင်ချမ်းသာရွာသို့ဝင်ရောက်စဥ် စိတ်မနှံ့သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သေးသည်။

(တန့်ဆည်မြို့နယ်ရှိရွာတစ်ရွာကို စစ်​ကောင်စီတပ်က ၂၀၂၁ နှစ်ကုန်ပိုင်းကမီးရှို့ဖျက်ဆီး​နေစဥ်။ ဓါတ်ပုံ -Taze Support Organization)
(တန့်ဆည်မြို့နယ်ရှိရွာတစ်ရွာကို စစ်​ကောင်စီတပ်က ၂၀၂၁ နှစ်ကုန်ပိုင်းကမီးရှို့ဖျက်ဆီး​နေစဥ်။ ဓါတ်ပုံ -Taze Support Organization)

▪︎အောင်ချမ်းသာရွာမှ စိတ်မနှံ့သူတစ်ဦးကိုပါ စစ်တပ်ကမီးရှို့သတ်သွား

တန့်ဆည်နယ် အင်္ကုက္ကားရွာမှ ထွက်လာသော စစ်ကောင်စီလက်အောက်ခံ တပ်မ(၃၃)မှ အုတ်ဖိုအိုင်ရွာသို့ ဝင်ရောက်စီးနင်းချိန်တွင် တော်လှန်ရေးရဲဘော် (၁၀)ဦး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်း မြစ်များက ပြောသည်။

စက်တင်ဘာ (၁၆)ရက်နေ့မနက်ပိုင်းက စစ်အုပ်စုမှ အင်းအား (၆၀)ကျော်ဖြင့် အုတ်ဖိုအိုင်ရွာသို့ ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ပြီး စစ်ကြောင်းဝင်ရောက်ချိန် ရပ်ရွာလုံခြုံရေးရဲဘော်ခြောက်ဦးနှင့် PDF ရဲဘော်လေးဦး ဖမ်းဆီးခံခဲ့ရကာ မီးရှို့သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ စစ်အုပ်စု၏ မီးရှို့သတ်ဖြတ်ခဲ့သော တော်လှန်ရေးရဲဘော်များ၏ မီးလောင်းကျွမ်းထားသည့်ရုပ်အလောင်းများကို ယင်းနေ့ညနေ ကျေးရွာသားများရွာအတွင်းပြန်ဝင်ချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာတော် လှန်ရေးတပ်ဖွဲ့များက ကျွင်းကျန်ရုပ်အလောင်းများကောက် ယူ၍ သဂြိုဟ်ပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ အုတ်ဖိုအိုင်ရွာသို့ ဒလန်သတင်းပေးမှုဖြင့် စစ်အုပ်စုက ဝင်စီးခဲ့ခြင်းဖြစ်ပြီး ပြည်သူပိုင်နေအိမ် (၃၁) လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသသတင်းရင်းမြစ်များတွင် ဖော်ပြသည်။

အလားတူ အုတ်ဖိုအိုင်ရွာသို့ ဝင်ရောက်ဖျက်ဆီးခဲ့သော စစ်အုပ်စုစစ်ကြောင်းသည် အောင်ချမ်းသာရွာသို့ဝင်ရောက်စဥ် စိတ်မနှံ့သူတစ်ဦးကိုပါ မီးရှို့သတ်ဖြတ်ခဲ့သေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းပါများအား ဆက် လက်ရှင်းလိုသော်လည်း ပြည်သူများ၏ နေအိမ်များနှင့် နီးကပ်နေသဖြင့် တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာခဲ့ပါသည်"ဟု MRF-Nattalin က အသိပေးသည်။

သတင်း

"လက်နက်ကြီး နှစ်လုံးကျတယ်။ လူထိုခိုက်မှုရှိ၊မရှိ ကျွန်တော်တို့ စုံစမ်းလိုက်တော့ အထိအခိုက် မရှိဘူးလို့ သိရတယ်"ဟု ၎င်းက ရှင်းပြသည်။

သတင်း

စစ်ကောင်စီတပ်က ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ရွာသားများကို ဖမ်းဆီးထောင်ချခြင်း၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများ လုပ် ဆောင်နေကြောင်း ၎င်းက ဆိုသည်။

သတင်း

စက်တင်ဘာ ၁၇ရက်က မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာ၏မြောက်ဘက် ဟွေခမ်းတောင်ကြော၌ SSPPနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။