Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီးစစ်ကောင်စီတပ်၏နယ်စပ်စခန်းများစွာကို စွန့်လွှတ်ထားရဟုAAထုတ်ပြန်

စစ်​ကောင်စီတပ်၏ နောက်ထပ်စခန်းအချို့ကိုလည်း ယခုနည်းတူဖြတ်တောက်ပိတ်ဆို့ထားဆဲ ဖြစ်ပြီး ထိုအထဲတွင်အိန္ဒိယ-ဘင်္ဂလာ-မြန်မာ သုံးနိုင်ငံနယ်စပ်အနီးရှိ “မြိတ်ဝ စခန်း”လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

စခန်းများတစ်ခုပြီးတစ်ခုအသိမ်းခံ​နေရ​သောစစ်​ကောင်စီတပ်က AAကိုရဟတ်ယာဥ်ဖြင့်တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-AA
စခန်းများတစ်ခုပြီးတစ်ခုအသိမ်းခံ​နေရ​သောစစ်​ကောင်စီတပ်က AAကိုရဟတ်ယာဥ်ဖြင့်တိုက်ခိုက်​နေစဥ်။ဓါတ်ပုံ-AA

▪︎သုံးလကျော် ဖြတ်တောက်ပိတ်ဆို့ထားသည့် သံတောင်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး မြိတ်၀ စခန်းအပါအဝင် ရန်သူ့စခန်း အချို့ကို ဖြတ်တောက်ပိတ်ဆို့ထားဆဲဟု ဖော်ပြ

▪︎ပလက်၀တွင်စစ်ကောင်စီတပ်ကလေကြောင်း၊လက်နက်ကြီးပစ်ကူများဖြင့် ၇ကြိမ်​မြောက်ပြင်းထန်စွာထိုးစစ်ဆင်နေမှုကို AA တပ်ဖွဲ့များကြံ့ကြံ့ခံတုံ့ပြန်

ရက္ခိုင့်တပ်တော်(AA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ကြောင်းနှင့် တပ်စခန်းအချို့ကို ဖြတ်တောက်ပိတ်ဆို့ထားဆဲဖြစ်ကြောင်း AAက ယနေ့ ထုတ်ပြန်သည်။

ရက္ခိုင်-ဘင်္ဂလားနယ်စပ် မိုင်တိုင်အမှတ် (၄၀) အနီးရှိ စစ်ကောင်စီတပ်စခန်းအား တစ်လနီးပါးကြာ ဖြတ်တောက် ပိတ်ဆို့ပြီး ဩဂုတ် ၃၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စက်တင်ဘာ ၁၀ရက်တွင် စစ်ကောင်စီ၏ ခမရ(၃၅၂) တပ်ရင်း စခန်းကုန်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင် ရန်သူ၏ သံတောင်ဗျူဟာ စခန်းကုန်းကိုလည်း (၃) လကျော်ကြာ ဖြတ်တောက်ထားနိုင်ခဲ့ကာ ၎င်းသံတောင်ဗျူဟာ စခန်းကို ရက္ခိုင့်တပ်တော်မှ ယခုအချိန်တွင် သိမ်းပိုက်ထားနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ ရန်သူသည် ၎င်းတို့၏ နယ်စပ်ရှိ စခန်း မြောက်မြားစွာကို စွန့်လွှတ်ထားရပြီးဖြစ်ကြောင်း AAက ထုတ်ပြန်သည်။

ပလက်ဝ မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်ကတိုက်ပွဲဖြစ်ပွားရာ​နေရာပြ​မြေပုံ။ ကိုးကား-AA
ပလက်ဝ မြို့နယ်တွင် စက်တင်ဘာ ၁၈ ရက်ကတိုက်ပွဲဖြစ်ပွားရာ​နေရာပြ​မြေပုံ။ ကိုးကား-AA

စစ်​ကောင်စီတပ်၏ နောက်ထပ်စခန်းအချို့ကိုလည်း ယခုနည်းတူဖြတ်တောက်ပိတ်ဆို့ထားဆဲ ဖြစ်ပြီး ထိုအထဲတွင်အိန္ဒိယ-ဘင်္ဂလာ-မြန်မာ သုံးနိုင်ငံနယ်စပ်အနီးရှိ “မြိတ်ဝ စခန်း”လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

AA အနေဖြင့် ရက္ခိုင်၊ ပလက်ဝဒေသအတွင်းရှိစစ်ကောင်စီ၏ အထိုင်ချတပ်စခန်းအချို့ နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ အထိုင်ချတပ်စခန်းများ၊ လှုပ်ရှားစစ်ကြောင်းများ၏ ရိက္ခာ၊ ထောက်ပို့၊ ဒဏ်ရာရလူနာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ပွင့်နိုင်ရေးအတွက် အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။

ထိုသို့ ပိတ်ဆို့ထား၍ စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် နေ့တိုင်းနီးပါး ပစ်ခတ်လျက်ရှိရာ ရန်သူအား ဆက်လက် ပိတ်ဆို့ထားဆဲဖြစ်ကြောင်း ဖော်ပြသည်။

လတ်တလောတွင် စစ်ကောင်စီတပ်သည် ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင်လေကြောင်း၊ လက်နက်ကြီး ပစ်ကူများ အပါအဝင် မြေပြင် ဝေဟင် ပူးပေါင်း၍ ထိုးစစ်ဆင် တိုက်ခိုက်နေသည်မှာ တလနီးပါး ကြာခဲ့ပြီး ယနေ့တွင်တိုက်လေယာဉ် ရဟတ်ယာဉ်တို့ဖြင့် လာရောက် ပစ်ခတ်ခဲ့သည်ဟုလည်းAAကအသိ​ပေးသည်။

ယနေ့ ရန်သူ့လေကြောင်းတိုက်ခိုက်မှုအတွင်း ဂျက်တိုက်လေယာဉ် (၃) စီးမှ ဗုံး၊ ရော့ကတ် (၁၁) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ပြိုင်နက်တည်း တောက်လျှောက် မရပ်မနားဘဲ မိနစ် (၃၀) ခန့်ကြာ ဆက်တိုက် အကြိမ်အများဆုံး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့နောက် စစ်ရဟတ်ယာဉ် (၂) စီးဖြင့် နာရီဝက်ကျော်ခန့် တစ်လှည့်စီ လာရောက်ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း ထုတ်ပြန်သည်။

ရန်သူ၏ မီးဝဗျူဟာနှင့် မြေပြင်မှ လက်နက်ကြီးပစ်ကူများမှာလည်း အဆိုပါနေရာသို့ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်နေခဲ့ကြောင်း ထို့ကြောင့် AA အနေဖြင့်လည်း မီးဝဗျူဟာအား လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

ရန်သူသည် အဆိုပါနေရာအား ယနေ့ကဲ့သို့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများနှင့် အတူ မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုကို (၇) ကြိမ်တိုင်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း AA တပ်ဖွဲ့ဝင်များသည် ရန်သူ့ထိုးစစ်ကို ဆက်လက် ကြံ့ကြံ့ခံ တိုက်ပွဲဝင်နေသည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ဒေသခံ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

သတင်း

"သက်ရှည်ကန်ရွာက ဖမ်းဆီးသွားတဲ့ ဓါးစာခံ တစ်ဦးကို စစ်တပ်ကပစ်သတ်သွားတယ်။ မနေ့ကမှ အလောင်းတွေ့တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)က အသိပေးထားသည်။

သတင်း

ထို့အပြင် မဟာမိတ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)မှတို့ ရဲဘော် ၈ ဦးကျဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။