Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်မြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးမှုရှိ

တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့နှင့် သေဆုံးဒဏ်ရာရရှိသူများကို အရာတော်မြို့ပေါ်ရှိ သံ ပြားကာ စစ်‌ကားနှစ်စီးဖြင့်လာရောက်သယ် ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

ယနေ့ နံနက်က အရာတော်မြို့နယ်၊ မြောက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူ ပစ်ခတ်ခဲ့သည့်နေရာတွင် တွေ့မြင်ရသော သွေးကွက်များ ၊ဓာတ်ပုံ - အရာတော်(ပကဖ)
ယနေ့ နံနက်က အရာတော်မြို့နယ်၊ မြောက်ပိုင်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူ ပစ်ခတ်ခဲ့သည့်နေရာတွင် တွေ့မြင်ရသော သွေးကွက်များ ၊ဓာတ်ပုံ - အရာတော်(ပကဖ)

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သားငါးဦးသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၈ ရက်) နံနက် ၁၀နာရီခန့်က အရာတော်မြောက်ပိုင်း ရဲချင်းကျေးရွာအနီးသို့ ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ပေါင်းစုများက ကြို တင်စောင့်ဆိုင်း၍ တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

“စခ အင်အားက ၄၀ ဝန်းကျင်လောက်ပါတယ်။ အပိုင်စောင့်တိုက်နိုင်ခဲ့လို့ စခတွေ အသေအ ပျောက်တွေနဲ့ဆုတ်ပြေးသွားရတာ”ဟု အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက လူထုနွေဦးသို့ ပြောသည်။

တိုက်ပွဲ၌ ရဲဘော်တစ်ဦး ဒဏ်ရာရရှိ(မစိုးရိမ်ရ)ခဲ့ပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိ ပေးသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့နှင့် သေဆုံးဒဏ်ရာရရှိသူများကို အရာတော်မြို့ပေါ်ရှိ သံ ပြားကာ စစ်‌ကားနှစ်စီးဖြင့်လာရောက်သယ် ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

ယနေ့တိုက်ပွဲတွင် မုံရွာခရိုင် PDF တပ်ရင်း(၆)၊ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ကျောက်ဆူးတပ်ဖွဲ့၊ ကျားသစ်နက် LDFတပ်ဖွဲ့၊ Northern Brother Squad နှင့် လှော်တက်အင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ဒေသခံ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

သတင်း

"သက်ရှည်ကန်ရွာက ဖမ်းဆီးသွားတဲ့ ဓါးစာခံ တစ်ဦးကို စစ်တပ်ကပစ်သတ်သွားတယ်။ မနေ့ကမှ အလောင်းတွေ့တယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)က အသိပေးထားသည်။