Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုတလင်တွင် စစ်ကောင်စီတပ်က ဓါးစာခံပြည်သူတစ်ဦးအား သတ်ဖြတ်၊ ဘုန်းကြီးကျောင်းပါမချန် မီးရှို့ဖျက်ဆီးနေပြီး ပျက်စီးဆုံးရှုံးမှုများ

“သက်ရှည်ကန်ရွာက ဖမ်းဆီးသွားတဲ့ ဓါးစာခံ တစ်ဦးကို စစ်တပ်ကပစ်သတ်သွားတယ်။ မနေ့ကမှ အလောင်းတွေ့တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

အောင်သာရွာဘုန်းကြီးကျောင်းအတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး
အောင်သာရွာဘုန်းကြီးကျောင်းအတွင်း စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ဘုတလင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေပြီး ဓါးစာခံပြည်သူတစ်ဦးကို သတ်ဖြတ်ကာ ဘုန်းကြီးကျောင်းပါမချန်မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့ (စက်တင်ဘာ ၁၈ ရက်)က ဘုတလင် မြို့နယ်၊ အောင်သာရွာ ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်ပြီး ဘုန်းကြီးကျောင်းရှိ ကားတစ်စီးနှင့် ဆိုင်ကယ်အစီးရေများစွာကိုလ​ည်း မီးရှို့ဖျက်ဆီးသွားကြောင်း၊ ရွာအတွင်း မီးရှို့ဖျက်ဆီးခံရသည့် အိမ်ခြေများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ ရက်က ဘုတလင်မြို့နယ် အောင်ချမ်းသာ၊သက်ရှည်ကန် နှင့် မင်းရွေးရွာတို့ကို ဝင်ရောက်ခဲ့ပြီး ၄ယောက်ထက် မနည်းဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

“သက်ရှည်ကန်ရွာက ဖမ်းဆီးသွားတဲ့ ဓါးစာခံ တစ်ဦးကို စစ်တပ်ကပစ်သတ်သွားတယ်။ မနေ့ကမှ အလောင်းတွေ့တယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

စက်တင်ဘာ ၁၃ ရက် နံနက်၅နာရီခန့်က ဘုတလင်မြို့နယ် ပဲပြစ်တောအရှေ့ရွာရှိ PDF စခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ CDM စစ်သားနှင့် ဒုံးပျံ PDF အဖွဲ့ဝင် ငါးဦးကျဆုံးခဲ့သည်။

ထို့အပြင် ဒေသခံ ၃၀ နီးပါးခန့်ဖမ်းဆီးခံထားရသည်။ နေအိမ် လေးလုံးမီးရှို့ခံရပြီး ဒေသခံ ၇၀၀ ခန့်လည်း တိမ်းရှောင်နေရကြောင်းသတင်းရရှိသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ဒေသခံ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

သတင်း

အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)က အသိပေးထားသည်။

သတင်း

ထို့အပြင် မဟာမိတ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း (၁)မှတို့ ရဲဘော် ၈ ဦးကျဆုံးပြီး ၁၃ဦး ဒဏ်ရာရရှိခဲ့ဟု အဆိုပါတပ်ရင်းက ထုတ်ပြန်ထားသည်။