Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒရုန်းဖြင့်လာတိုက်ပါက ပြန်လမ်းမရှိစေရဟု စိန်ခေါ်ထားသည့်ရဲစခန်းကို မဟာမိတ်အဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်

စစ်ကောင်စီဘက်က ထိခိုက်မှုကိုစုံစမ်းနေပြီး မကြာမီ သတင်းအတိအကျထုတ်ပြန်မည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ယနေ့ တိုက်ခိုက်မှု ဓာတ်ပုံမှတ်တမ်း၊ ဓာတ်ပုံ - Ko Nway Oo Myaung
ယနေ့ တိုက်ခိုက်မှု ဓာတ်ပုံမှတ်တမ်း၊ ဓာတ်ပုံ - Ko Nway Oo Myaung

“ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့်။ ပြန်လမ်းမရှိစေရဘူး”ဟု စခန်းမှူးက စိန်ခေါ်ထားသည့် မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို ယနေ့(စက်တင်ဘာလ ၁၉ရက်) နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်သုံးဖွဲ့က ဒရုန်းဖြင့်တိုက်ခိုက်ခဲ့​​ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၆ရက်က သေဆုံးခဲ့သည့် အဘွားဒေါ်ကြည်တင်၊ ဓာတ်ပုံ - Ko Nway Oo Myaung
စက်တင်ဘာ ၁၆ရက်က သေဆုံးခဲ့သည့် အဘွားဒေါ်ကြည်တင်၊ ဓာတ်ပုံ – Ko Nway Oo Myaung

ကျောက်ရစ်စခန်းမှုးက ” ကြိုက်တဲ့ဒရုန်းနဲ့လာချလှည့် ပြန်လမ်းမရှိစေရဘူး” စိန်ခေါ်ထားလို့ စခန်းပေါ် အခေါက်ပေါင်းများစွာပျံဝဲပြီး အီနာဂါကျွေးထည့်လိုက်တယ်”ဟု​ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်မှုကိုစုံစမ်းနေပြီး မကြာမီ သတင်းအတိအကျထုတ်ပြန်မည်ဟု မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

ကျောက်စရစ်ရဲစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၆ရက်တွင် နနွမ်းကိုင်းကျေးရွာသို့ အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ အသက်(၇၀) အရွယ် အဘွားအိုတစ်ဦးသေဆုံးခဲ့ရသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရမည်ဖြစ်ပြီး ကလေးသူငယ်များကို မည်သည့်အခါမှမတိုက်ခိုက်ရကြောင်း အသိပေးထားသည်။

သတင်း

အပြန်အလှန် ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး ပြည်သူ့ရဲဘော်များ အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြို့ပြပြောက် ကျားတပ်ဖွဲ့(ပခုက္ကူ)က အသိပေးထားသည်။

သတင်း

တိုက်ခိုက်ခံရသည့် စစ်ကောင်စီအဖွဲ့နှင့် သေဆုံးဒဏ်ရာရရှိသူများကို အရာတော်မြို့ပေါ်ရှိ သံ ပြားကာ စစ်‌ကားနှစ်စီးဖြင့်လာရောက်သယ် ဆောင်ခဲ့ရကြောင်းလည်း သိရသည်။

သတင်း

"အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းပါများအား ဆက် လက်ရှင်းလိုသော်လည်း ပြည်သူများ၏ နေအိမ်များနှင့် နီးကပ်နေသဖြင့် တပ်ဖွဲ့ဝင်များအားလုံး ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာခဲ့ပါသည်"ဟု MRF-Nattalin က အသိပေးသည်။