Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ပြီးခဲ့သည့် ဇူလိုင်လကလည်း မိုးမိတ်ခရိုင်ထွေအုပ်ရုံး၊ မြို့အဝင်ရှိ စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရခဲ့သည်။

မိုးမိတ်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ
မိုးမိတ်မြို့နယ်တရားရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်တရားရုံး ယနေ့နေ့လယ်က ဗုံးခွဲတိုက်ခိုက်ခံရပြီး လူထိခိုက်မှုရှိ၊မရှိ မသိရသေးသော်လည်း ရုံးအဆောက်အဦးနှင့် ကား၊ဆိုင်ကယ်အချို့ ပျက်ဆီးသွားသည်။

မိုးမိတ်တရားရုံးဝန်းအတွင်း ယနေ့(စက်တင်ဘာ ၁၉ရက်) နေ့လယ် ၂နာရီခန့်တွင် ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဗုံးခွဲတိုက်ခိုက်ခံရ​​ခြင်းဟု ယင်းနေရာအနီးတွင် နေထိုင်သူတစ်ဦးကပြောသည်။

“ရုံးအရှေ့ပိုင်း ပျက်စီးတယ်။ ကားတွေရော၊ ဆိုင်ကယ်တွေရော ထိတယ်။ ပေါက်ကွဲတဲ့တစ်ချိန်တည်းမှာ သေနတ်သံ လေးချက်လည်း ကြားတယ်။ လူထိ၊မထိ မသိရသေးဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လကလည်း မိုးမိတ်ခရိုင်ထွေအုပ်ရုံး၊ မြို့အဝင်ရှိ စစ်ကောင်စီကင်းစခန်းနှင့် ရဲစခန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး Non CDM ဝန်ထမ်းသုံးဦး ဒဏ်ရာရခဲ့သည်။

မိုးမိတ်မြို့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် PDF ပူးပေါင်းအဖွဲ့ကလည်း စစ်ကောင်စီတော်လှန်ရေးဆောင်ရွက်နေသလို ယခုရက်ပိုင်းတွင် စစ်ကောင်စီနှင့် SSPP တို့လည်း တိုက်ပွဲ ဖြစ်နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စက်တင်ဘာ ၁၇ရက်က မိုးမိတ်မြို့နယ် ဝမ်အုံကျေးရွာ၏မြောက်ဘက် ဟွေခမ်းတောင်ကြော၌ SSPPနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်သည့် နေရာများအား ရှောင်ရှားသွားလာကြစေရန်လည်း မြို့ပြပြောက်ကြားတပ်ဖွဲ့များက မေတ္တာရပ်ခံခဲ့သည်။

သတင်း

မင်းကင်းမြို့ပေါ်တွင် ကျေးတောင်ဦး၊ တင်ဘက်၊ ကံ၊ တောင်ယာတောမ စသည့်ရွာများရှိ ပျူများက လက်နက်များကိုင်ဆောင်ကာ ဟန်ရေးပြခြိမ်းခြောက် နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

"မနေ့က ညနေက လာတဲ့ကားတွေ၊ဆိုင်ကယ်တွေပြန်လှည့်သွားရတယ်။ မြေပြိုတာက သုံးလေး မိုင်လောက်အထိ ရှည်တယ်"ဟု အဆိုပါ ဒေသခံက ပြောသည်။