Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရက္ခိတလမ်းစဉ်အတိုင်းဆောင်ရွက်နေခြင်းမှာ စစ်အာဏာရှင်အမြစ်ပြုတ်ရေးဖြစ်ဟု AA ပြော

လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ် နယ်မြေစိုးမိုးမှုကို ရာခိုင်နှုန်းအတိအကျ ပြောဖို့ခက်ခဲသော်လည်း ယခုနှစ်အတွင်း ပိုကြိုးစားလုပ်ဆောင်နေသည်ဟု ဆိုသည်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်၊ဓာတ်ပုံ - အေအေ
ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်၊ဓာတ်ပုံ - အေအေ

▪️အရာရှိအပါအဝင်စစ်ကောင်စီတပ်ဘက်က ပူးပေါင်းလာသူများရှိပြီး အရေအတွက် ရာဂဏန်းထိရှိဟုဆို

▪️PDFများနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်သည့် အဆင့်မရှိဟုပြော

ရက္ခိုင့်တပ်တော်(AA)က လုပ်ဆောင်နေသည့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေးအပါအဝင် ရက္ခိတလမ်းစဉ်အတိုင်း ဆောင်ရွက်ချက်သည် စစ်အာဏာရှင် အမြစ်ပြုတ်ရေးလုပ်ဆောင်ခြင်းပင်ဖြစ်ကြောင်း AAက ယနေ့ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ အသိပေးပြောကြားသည်။

စစ်အာဏာရှင်စနစ်ကို ရခိုင်သာမက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာက မလိုလားကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် ဗမာပြည်တော် လှန်ရေးလှုပ်ရှားမှု တစ်ခုလုံးကို ပြန်ပြီးကြည့်ပါက အများစုကစစ်အာရှင်ကို အမြစ်ပြတ်ချေမှုန်းရေးကို မူဝါဒချမှတ်ကာအလုပ်လုပ်တာကို တွေ့ရကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားသည်။

“ကျွန်တော်တို့ ULA/AA အနေနဲ့ ရခိုင်ပြည်မှာ ရခိုင်တစ်မျိုးသားလုံး၏ အမျိုးသားရပိုင်ခွင့်ဖြစ်တဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးတိုင်ဖို့ ရက္ခိတလမ်းစဉ်အတိုင်း ကျွန်တော်တို့ တသွေမတိမ်းချီတက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အခြားတစ်ဖက်မှာ ရခိုင်တွေလွတ်မြောက်ရင် အခြားလူတွေအတွက်လည်း လမ်းပွင့်ပြီးသားဖြစ်ပါတယ်။ ဒီအချက်သည်ပင်လျင် စစ်အာဏာရှင် အမြတ်ပြုတ်ရေးအတွက် ကျွန်တော်တို့ ULA/AAက လုပ်ဆောင်နေတာ ဖြစ်ပါတယ်လို့ ဖြေကြားလိုပါတယ်”ဟု ဦးခိုင်သုခက ပြောသည်။

လက်ရှိတွင် AA အနေဖြင့် ရခိုင်ပြည်နယ် နယ်မြေစိုးမိုးမှုကို ရာခိုင်နှုန်းအတိအကျ ပြောဖို့ခက်ခဲသော်လည်း ယခုနှစ်အတွင်း ပိုကြိုးစားလုပ်ဆောင်နေသည်ဟု ဆိုသည်။

မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် အပါအဝင် ရခိုင်မြောက်ဘက်ခြမ်းနှင့် ပလက်၀ ဒေသ ၌ တိုက်ပွဲများ ဆက်တိုက်ဖြစ်နေပြီး ရန်သူ၏ အုပ်ချုပ်ထောက်ပံ့မှုကို ဖြတ်တောက်ခြင်း၊ ရန်သူ့စခန်းအချို့သိမ်းပိုက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ဦးခိုင်သုခက ပြောသည်။ စစ်ပွဲကာလဖြစ်၍ စစ်ရေးနှင့်ပတ်သက်သည့် အချို့အချက်အလက်များကို ထုတ်ဖော်ပြောဆိုရန်မရှိကြောင်း နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေ၊ တပ်စခန်း သိမ်းပိုက်မှုအခြေအနေများ မေးမြန်းမှုအပေါ် ဦးခိုင်သုခက ဖြေကြားပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိသည်ဟု ဆိုသည်။

“ပလက်၀မြို့နယ်ထဲက မြန်မာစစ်တပ် စစ်ကြောင်းတွေကနေ လက်နက်တွေနဲ့ ကျွန်တော်တို့ဘက်ကို ပူးပေါင်းလာတဲ့ အရာရှိ နဲ့ စစ်သည်တို့ဟာ ၁၀ယောက်ထက်မနည်းရှိပါတယ်။ နောက် တခြားမြို့နယ်ထဲမှာလည်း လက်နက်ကိုင်အဖွဲ့အစည်းထဲက လက်နက်ယူပြီး ကျွန်တော်တို့ဘက် ပူးပေါင်းလာတာလည်းရှိပါတယ်။ တိုက်ပွဲမဖြစ်ခင်ကလည်းရှိပါတယ်။ တိုက်ပွဲကာလမှာလည်း ဆက်ပြီးရှိပါတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်းတွေမှာ ပိုလို့ များလာပါတယ်။နောက်ပြီး လာဖို့ ရှိတဲ့သူတွေလည်း အများကြီး ကျွန်တော်တို့ဘက် ဆက်သွယ်လာတာရှိပါတယ်။ အရေအတွက်အားဖြင့် ပြောဖိုဆိုရင် ရာဂဏန်းလောက်ရှိပါတယ်”ဟု စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့် တပ်ဖွဲ့ဝင်များ အခြေအနေကို ဦးခိုင်သုခက ရှင်းလင်း ဖြေကြားသည်။

မောင်တော နှင့် ဘူးသီးတောင်နယ်တွင်နယ်ခြားစောင့်တပ် အင်အား ၆ထောင်ကျော်အပါအဝင် နယ်ခြားစောင့်တပ်နှင့် စစ်ကောင်စီတပ် အင်အားစုစုပေါင်း ရန်သူ့အင်အား ၉ထောင်ကျော်ရှိ သည်ဟု ခန့်မှန်း၍ရကြောင်း ဦးခိုင်သုခက ပြောကြားပြီး တပ်အများအပြားဆိုင်ထားပြီး အပြန်အလှန်ထိန်းချုပ်ရန် အားပြိုင်နေသည့်အခြေအနေဟု ရှင်းပြသည်။

“တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်ဖို့ အခြေအနေတွေ အများကြီးရှိနေပါတယ်” ဟု ဦးခိုင်သုခက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ဖွဲ့များနှင့် AA အကြား ပူးပေါင်းဆောင်ရွက်မှု အခြေအနေကို မေးမြန်းရာ ရခိုင်ပြည်နယ်၌ PDFမရှိကြောင်း၊ နယ်မြေဆက်စပ်နေသည့် ချင်းပြည်နှင့် မကွေး ရှိ တချို့နေရာများ၌ လူမှုရေး၊ကျန်းမာရေး အကူအညီပေးမှုရှိပြီး စစ်ရေးအကူအညီပေးမှု မရှိကြောင်း AAက ပြောသည်။

“စစ်ရေးအရ ပူးပေါင်းဆောင်ရွက်တဲ့ အဆင့်မျိုးတော့မရှိပါ”ဟု ဦးခိုင်သုခက ပြောသည်။

မောင်တော ၊ရသေ့တောင်၊မြောက်ဦး၊ပလက်၀ စသည့် မြို့နယ်များ၌ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုကြောင့် ထပ်တိုး စစ်ဘေးရှောင်ဦးရေ တစ်နေ့ထက် တစ်နေ့များလာကြောင်း ၎င်းကဆိုသည်။ ထပ်တိုး စစ်ဘေးရှောင် များအပါအဝင် ရခိုင်ပြည်နယ်၌ စစ်ဘေးရှောင် စုစုပေါင်း ၆သောင်းကျော်ရှိ သည်ဟု ပြောကြားပြီး သက်ဆိုင်ရာ မြို့နယ်များ၌ ကြပ်တည်းစွာ နေထိုင်ရကာ အခက်အခဲပေါင်းစုံ ကြုံတွေ့နေရသည်ဟု ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ AA ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ UWSAနှင့် တွေ့ဆုံမှုကိစ္စကို ဒေါက်တာညိုထွန်းအောင်က ၎င်းကိုယ်တိုင် ရှင်းလင်းဖြေကြားခဲ့သည်။

သတင်း

စစ်​ကောင်စီတပ်၏ နောက်ထပ်စခန်းအချို့ကိုလည်း ယခုနည်းတူဖြတ်တောက်ပိတ်ဆို့ထားဆဲ ဖြစ်ပြီး ထိုအထဲတွင်အိန္ဒိယ-ဘင်္ဂလာ-မြန်မာ သုံးနိုင်ငံနယ်စပ်အနီးရှိ "မြိတ်ဝ စခန်း"လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။

သတင်း

ယမန်နေ့ စက်တင်ဘာ ၁၆ ရက်နေ့ည ၈ နာရီခန့်က စစ်ကောင်စီတပ်မှ ပစ်ခတ်သော လက်နက်ကြီး ဘဂ်လားဒေ့ရှ်ဘက်ကျရောက်ကာ (၁၇)နှစ်အရွယ် Md Iqbal သေဆုံးပြီး ငါးဦးဒဏ်ရာပြင်းထန်စွာရရှိသွားခြင်းဖြစ် ကြောင်းAAက ဖော်ပြသည်။

သတင်း

AA အနေဖြင့် ဩဂုတ်လကုန်ပိုင်းမှ လက်ရှိအချိန် ထိ မောင်တော မြောက်ပိုင်းရှိ အရေးပါသည့် စစ်ကောင်စီတပ်စခန်း ၃ခုနှင့် စခန်းငယ်များကိုတိုက်ခိုက်သိမ်းပိုက်ထားနိုင်သကဲ့သို့ ပလက်၀ ဒေသရှိ တပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ခြင်း၊ ပိတ်ဆို့သိမ်းပိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။