Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွာကိုမီးရှို့ပြီး ထွက်လာသည့် စစ်ကောင်စီတပ်ကို PDF တမူး မိုင်းဆွဲတိုက်ခိုက်

“လောလောဆယ်ထိတွေ့မှုဖြစ်ထားပေမယ့်၊ အထိအခိုက် အကျအဆုံးမသိရသေးပါဘူး။ ကျွန်တော်တို့ တပ်ရင်း(၃)ရဲဘော်များတော့ အထိအခိုက်မရှိပါဘူး”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

(ရန်လင်းဖိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - CJ)
(ရန်လင်းဖိုင်ကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း တမူးမြို့နယ်ရှိ ရန်လင်းဖိုင်ကျေးရွာကို မီးရှို့ပြီးထွက်လာသည့် သံချပ်ကာယာဉ်ပါဝင်သော စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အသေအပျောက်များရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – တမူး တပ်ရင်း(၃)က တာဝန်ရှိသူက ပြောသည်။

အဆိုပါစစ်ကြောင်းတွင် သံချပ်ကာယာဉ်တစ်စီးနှင့် စစ်ကား လေးစီးပါဝင်ပြီး ရန်လင်းဖိုင်ရွာကို ယနေ့(စက်တင်ဘာ ၁၉ရက်) နံနက်၉နာရီခန့်က မီးရှို့ပြီး ထွက်လာစဉ် နံနက် ၁၀နာရီခန့်တွင် နန်မွန်းတားကျေးရွာအနီး၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

“လောလောဆယ်ထိတွေ့မှုဖြစ်ထားပေမယ့်၊ အထိအခိုက် အကျအဆုံးမသိရသေးပါဘူး။ ကျွန်တော်တို့ တပ်ရင်း(၃)ရဲဘော်များတော့ အထိအခိုက်မရှိပါဘူး”ဟု အဆိုပါတာဝန်ရှိသူကပြောသည်။

အဆိုပါစစ်ကြောင်းသည် ကလေးမြို့မှ စက်တင်ဘာ ၁၅ရက်ကတည်းက ထွက်လာပြီး ယနေ့နံနက်ပိုင်းတွင် တပ်ရင်း၏ စစ်ရေးလှုပ်ရှားသည့် နယ်မြေအတွင်းဝင်ရောက်လာခြင်းကြောင့် မိုင်းဆွဲရခြင်းဖြစ်သည်ဟု PDF(တမူး)တပ်ရင်း – ၃ က ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်သည် ထိုနေ့က ကလေးငယ်များအ​ပြင် ကျေးရွာအတွင်းရှိ အသက် ၁၃ နှစ်မှ ၄၉ နှစ်အရွယ် ရွာသူရွာသား ၇ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။

သတင်း

"ထပ်မံ ဝင်ရောက်ပစ်ခတ်ဖို့ စီစဉ်ထားသော်လည်း ထိချက်ကောင်းမွန်မှုကြောင့် ကျွန်တော်တို့ ဆုတ်ခွာခဲ့ပါတယ်"ဟု DRM - PDF က ဆိုသည်။

သတင်း

ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။