Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်

စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရမည်ဖြစ်ပြီး ကလေးသူငယ်များကို မည်သည့်အခါမှမတိုက်ခိုက်ရကြောင်း အသိပေးထားသည်။

ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက် ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်
ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက် ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်

▪︎ကလေး (၁၅)ဦးခန့်ပျောက်ဆုံးနေပြီး အန္တရာယ်ကင်းစွာ အမြန်ဆုံးလွှတ်ပေးရန် ယူနီဆက် တောင်းဆို

▪︎ယူနီဆက်မြန်မာထုတ်ပြန်ချက်တွင် စစ်​ကောင်စီတပ်ကကျူးလွန်ခြင်းဟု တိုက်ရိုက်သုံးစွဲ​ဖော်ပြခြင်းမရှိ

ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းကို စစ်လေယာဥ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အနည်း ဆုံး ကလေးငယ် (၁၁)ဦးသေဆုံးခဲ့ကြောင်း ယူနီဆက်မြန်မာက ယနေ့(စက်တင်ဘာ ၁၉) ထုတ်ပြန်သည်။

စက်တင်ဘာလ ၁၆ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းအပါအဝင် အရပ် သားပြည်သူများနေထိုင်ရာနေရာများကို စစ်လေယာဥ်များဖြင့် လေ‌ကြောင်းတိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အနည်းဆုံး ကလေးငယ် ၁၁ ဦးခန့်သေဆုံးခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ယူနီဆက်မှ မိမိတို့သားသမီးများအားဆုံးရှုံးခဲ့ကြရသော မိဘများနှင့် မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ အသေးစိတ်အချက်အလက်များကိုလည်း ဆက်လက်အတည်ပြုနေပါသည်”ဟု ဆိုသည်။

ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက် ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်
ဒီပဲယင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ကျောင်း တိုက် ခိုက်ခံရမှုတွင် ကလေးငယ် (၁၁)ဦးခန့်သေဆုံးဟု ယူနီဆက်မြန်မာ ထုတ်ပြန်

အဆိုပါ တိုက်ခိုက်ခံရသော စာသင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ အနည်းဆုံး (၁၅)ဦးခန့်မှာလည်း ပျောက်ဆုံးနေပြီး ယူနီဆက်အနေဖြင့် ကလေးများအား ဘေးအန္တရာယ်ကင်းစွာဖြင့် ချက်ချင်း ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရမည်ဖြစ်ပြီး ကလေးသူငယ်များကို မည်သည့်အခါမှမတိုက်ခိုက်ရကြောင်း အသိပေးထားသည်။

သို့​သော်ထုတ်ပြန်ထုတ်ပြန်ချက်တွင် က​လေးငယ်များကိုပစ်ခတ်သတ်ဖြတ်မှုကို စစ်​ကောင်စီတပ်ကကျူးလွန်သည်ဟုတိုက်ရိုက်သုံးစွဲခြင်းမရှိဘဲ၊ အဂ်လိပ်ဘာသာတွင် “air Strike and indiscriminate fire “ဟုသုံးနှုန်းပြီး ၊မြန်မာဘာသာထုတ်ပြန်ချက်တွင် စစ်​လေယာဥ်များဖြင့်တိုက်ခိုက်မှု ၊မဆင်မခြင်ပစ်ခတ်မှုများ​ကြောင့်ဟု Unicef မြန်မာထုတ်ပြန်ချက်တွင် ​​ဖော်ပြထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

မနက်အစောပိုင်း အခြေအနေတွေအရ နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်တော့ဘဲ ပြန်ငြိမ်သက်နေပေမယ့် ရာနှုန်းပြည့် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့ ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေက ပြောပါတယ်။

သတင်း

တော်လှန်ရေး ပြည်သူ့စစ်သည်တော်တွေဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ထိုနေ့က ကလေးငယ်များအ​ပြင် ကျေးရွာအတွင်းရှိ အသက် ၁၃ နှစ်မှ ၄၉ နှစ်အရွယ် ရွာသူရွာသား ၇ ဦးကိုလည်း ပစ်ခတ်သတ်ဖြတ်သွားခဲ့သည်။

သတင်း

"ထပ်မံ ဝင်ရောက်ပစ်ခတ်ဖို့ စီစဉ်ထားသော်လည်း ထိချက်ကောင်းမွန်မှုကြောင့် ကျွန်တော်တို့ ဆုတ်ခွာခဲ့ပါတယ်"ဟု DRM - PDF က ဆိုသည်။