Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မဟာ ၆ နယ်မြေအတွင်းတိုက်ပွဲတွေဖြစ်နေပြီးစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆို

တော်လှန်ရေး ပြည်သူ့စစ်သည်တော်တွေဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်းတိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆို
တပ်မဟာ ၆ နယ်မြေအတွင်းတိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ ဆို

ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ သေ့ဘော့ဘိုးကျေးရွာအနီးကို ကျူးကျော်ဖို့ကြိုးစားလာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

မြ၀တီ-ဝေါ်လေ လမ်းပိုင်း တောင်ဘက်အခြမ်း သေ့ဘော့ဘိုးကျေးရွာအနီးကို ကျူးကျော်ဖို့ကြိုးစားလာနေတဲ့ စစ်ကောင်စီတပ်မ(၄၄)လက်အောက်ခံ နည်းဗျူဟာ(၃)ကွပ် ကဲမှုရဲ့ ခမရ (၃)၊ ခမရ(၉)၊ ခမရ(၁၀၄) တပ်တွေကို KNLA တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်းနဲ့ တပ်မဟာစစ်ကြောင်းရဲ့ တပ်ခွဲ (၂)၊ Dawn Company (ရောင်နီတပ်ခွဲ) ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့ စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားလျက်ရှိတာဖြစ်ပါတယ်။

Public Service Announcement
Public Service Announcement

ပူးပေါင်းတပ်ဖွဲ့တွေဘက်က နေ့ရောညပါ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ ဒီကနေ့ စက်တင်ဘာ (၁၉)ရက် နေ့လည်ပိုင်းမှာလည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေရှိနိုင်ကာ အရေအတွက်အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

တော်လှန်ရေး ပြည်သူ့စစ်သည်တော်တွေဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

မနက်အစောပိုင်း အခြေအနေတွေအရ နယ်စပ်မှာ တိုက်ပွဲတွေ မဖြစ်တော့ဘဲ ပြန်ငြိမ်သက်နေပေမယ့် ရာနှုန်းပြည့် စိတ်ချရတဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့ ဒေသခံ အန်ဂျီအို အဖွဲ့အစည်းတွေက ပြောပါတယ်။

သတင်း

စာသင်ကျောင်းများသည် ဘေးကင်းလုံခြုံသော နေရာများဖြစ်ရမည်ဖြစ်ပြီး ကလေးသူငယ်များကို မည်သည့်အခါမှမတိုက်ခိုက်ရကြောင်း အသိပေးထားသည်။

သတင်း

ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်က တပ်စွဲထားပြီး ခရီးသွားပြည်သူများအား စစ်ဆေးငွေတောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများ မကြာခဏပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကရင်နီ(ကယား)ပြည်နယ်၏ စစ်ရေးအရအရေးပါသော မိုးဗြဲမြို့ကို ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ယခုလ ဒုတိယပတ်ကစ၍ ကြိုးပမ်းခဲ့သည်။