Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဦး-ခင်ဦးလမ်းတွင် စစ်ကောင်စီအရာရှိလိုက်ပါလာသည့် ယာဥ်တန်းအား ​ဒေသတွင်း PDF များလမ်းတစ်လျှောက် တိုက်ခိုက်

ရေဦး-ခင်ဦးလမ်းရှိ လမ်းဘေးဝဲယာကျေးရွာ ရှစ်ရွာ မှ ​ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေရေးစားရေး အခက်အခဲများတွေ့ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးနယ်အခြေစိုက် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-KSO
ခင်ဦးနယ်အခြေစိုက် ဒေသတွင်းပြ​ည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်၊ဓာတ်ပုံ-KSO

▪️စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

▪️စစ်ကောင်စီအရာရှိရောက်လာပြီးနောက် ခင်ဦးမြို့မစျေးကို အတင်းပိတ်ခိုင်း

စစ်ကိုင်းတိုင်း၊ ရေဦး-ခင်ဦးလမ်းပိုင်းတွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာသည့် ယာဥ်တန်းအား လမ်းတစ်လျှောက် တိုက်မိုင်း၊ ဆွဲမိုင်းများဖြင့် တိုက်ခိုက်ရာ ထိခိုက်မှုများရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တင်ဘာ၂၀ရက်) နံနက် ၃ နာရီခွဲခန့်က စစ်ကောင်စီအရာရှိတစ်ဦး လိုက်ပါလာသော သံချပ်ကာ ကားအကြီး သုံးစီးသည် ရေဦးမြို့မှ ခင်ဦးမြို့ပေါ်သို့ ရေဦး-ခင်ဦး လမ်းပိုင်းအတိုင်း ဝင်ရောက် လာခဲ့သည်။

၎င်းယာဥ်တန်းသည် လမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်သားများ ကင်းရှည်ကင်းပုန်းဝပ်ထားသည့်ကြားက တိုက်မိုင်းဆွဲမိုင်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းပြည်သူ့ကာကွယ် ရေးအဖွဲ့များက ပြောသည်။

“ပြည့်သူ့ကာကွယ်ရေးအဖွဲ့များ၏ တိုက်မိုင်း၊ဆွဲမိုင်းများ အကြိမ်ကြိမ်မိသွားကြောင်းပြီးမှ ခင်ဦးမြို့ပေါ်အတွင်း ဝင်ရောက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။အသေအပျောက်အထိခိုက်ရှိပါတယ်။အတိအကျမသိရသေးပါဘူး။”ဟု ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

စစ်ကောင်စီအရာရှိယာဥ်တန်း ရောက်ရှိလာပြီးနောက် ခင်ဦးမြို့ပေါ်တွင် စစ်တပ်က ခင်ဦးမြို့မဈေးရှိ စျေးသည်များအား ခြိမ်းခြောက်ပြောဆိုကာ ဈေးပိတ်သိမ်းထားကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထို့အပြင် ရေဦးကြာပန်းဝိုင်းရှိ စစ်ကောင်စီတပ်များ ဒရုန်းချတိုက်ခိုက်ခံရပြီးနောက် ခင်ဦးအနောက်ခြမ်းကျေးရွာများသို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေရာ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ် ရာရရှိထားကြောင်း ဒေသခံများက ပြောသည်။

” ရေဦးမှ ခင်ဦးနယ် ရွာသစ်၊မူးသာကျေးရွာများဘက်သို့ လက်နက်ကြီးများ ရမ်းသမ်းပစ်နေပါတယ်။ ဆက်တိုက်ပစ်ခတ်နေပါတယ်။ ရွာသစ်ကျေးရွာက အသက်၂၂နှစ်အရွယ် အမျိုးသမီး၁ဦး ဒဏ်ရာရရှိထားတယ်။”ဟု Khin U Support Organization Kso အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်နှင့်ပျူများသည် ယမန်နေ့မှစ၍ ရေဦး-ခင်ဦး-ရွှေဘိုလမ်းတစ်​လျှောက် ကင်းရှည် ကင်းပုန်းဝပ်ထားခဲ့ကြောင်း၊ ကံသစ်ရွာတွင် ညအိပ်တပ်စွဲခဲ့သော စစ်ကောင်စီတပ်သားများက ယနေ့နံနက်တွင် တံတားမှ ဘေးပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ငယ်များရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။

ရေဦး-ခင်ဦးလမ်းရှိ လမ်းဘေးဝဲယာကျေးရွာ ရှစ်ရွာ မှ ​ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး နေရေးစားရေး အခက်အခဲများတွေ့ကြုံနေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေဦးကြာပန်းဝိုင်းမှ စစ်ကောင်စီတပ်သည် အနက်ရောင်ဝတ်စုံဖြင့် PDFအသွင်ယူကာ အရှေ့ဘက် ခင်ဦးနယ်သို့ ကူးလာရန်ရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီဘက်က ဒေသခံပြည်သူများ အပေါ် လက်နက်ကြီးများဖြင့် ခြိမ်းခြောက် ပစ်ခတ်နေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနေ့စဉ် ပြုလုပ်နေသည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

သတင်း

ယင်းတိုက်ခိုက်မှုအပေါ် Save the Children အနေဖြင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုတ်ချပြီး အဆိုပါတိုက်ခိုက်မှုကြောင့် သားသမီးများနှင့် ချစ်ခင်ရသူ များကို ဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့်ထပ်တူ စိတ်ထိခိုက်ဝမ်းနည်းရကြောင်းကိုလည်း အလေးအနက် ပြောကြားလိုသည်ဟု ဆိုသည်။

သတင်း

တိုက်ပွဲနေရာတွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည့်အပြင် ထွက်ပြေးသွားခဲ့သော ရဲအချို့မှာလည်း ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိ ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

လက်ရှိ သတင်းထုတ်ပြန်သည့် ည ၇နာရီခန့်အထိ စစ်ကောင်စီများမှစက်တော်ရာဘုန်းကြီးကျောင်းနှင့် မွေတောဘုန်းကြီးကျောင်းတို့တွင် အပြစ်မဲ့ပြည်သူ ၁၀၀ ဦးခန့်အား ဓားစာခံလူသားဒိုင်းအဖြစ် အသုံးပြုလျှက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။