Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်ထိုမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေသခံတွေစိုးရိမ်နေ

အဲ့ဒီနောက် နေ့လည်တစ်နာရီခွဲခန့်မှာ စစ်ကောင်စီ ခမရ(၂၀၇) တပ်ဖွဲ့ ကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခရွဲကျေးနယ်အတွင်းကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ထိုမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေ
ကျိုက်ထိုမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံတွေစိုးရိမ်နေ

ကျိုက်ထိုမြို့နယ်ထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းထိမှန်သေဆုံးခဲ့ပြီးနောက် လက်နက်ကြီးနဲ့ပစ်ခတ်‌နေတာကြောင့် ဒေသခံပြည်သူလူထုတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ကေအဲန်ယူ ဒူးသထူခရိုင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ(၁၈)ရက် ညနေလေးနာရီဝန်းကျင်က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီရဲ့(အမတ-၃၁၀)တပ်က လက်နက်ကြီး(၁၂၀ မမ)တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ်အတွင်း လက်နက်ကြီးနှစ်လုံးနဲ့ ခရွဲကျေးနယ်အုပ်စုမှာ သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ကာ ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စက်တင်ဘာလ ၁၄၀ ရက် နေ့လည်(၁၂)နာရီအချိန်ခန့်ကလည်း ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဓမ္မဒူတဘုန်းကြီးကျောင်းအတွင်း အင်အား(၆၀)ခန့်ရှိတဲ့ စစ်ကောင်စီ ခမရ(၂၀၇)တပ်ဖွဲ့တွေဟာ ခရွဲကျေးနယ်အတွင်း စစ်ရေးဝင်ရောက်လှုပ်ရှားမှုကြောင့် မိုင်းထိမှန်ခဲ့ပြီး နှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီနောက် နေ့လည်တစ်နာရီခွဲခန့်မှာ စစ်ကောင်စီ ခမရ(၂၀၇) တပ်ဖွဲ့ ကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခရွဲကျေးနယ်အတွင်းကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၁၅)ရက် မနက်ရှစ်နာရီခွဲဝန်းကျင်ကလည်း ခမရ (၂၀၇) တပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကေအဲန်ယူ-ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ်ထဲကို သုံးလုံးကျရောက်ပေါက်ကွဲခဲ့သလို ခရွဲကျေးနယ်မှာ နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံတွေထံကနေ သိရပါတယ်။

ကေအဲန်ယူ-ကျိုက်ထိုမြို့နယ် ခမရ(၂၀၇)၊ အမတ(၃၁၀)၊ အမတ(၆၀၂)၊ ကျိုက်ထိုတပ်မ(၄၄)ဌာနချုပ်၊ ခလရ(၂)၊ ခလရ(၈)၊ ခမရ(၂)၊ ခမရ(၃)၊ ခလရ(၉၆)စတဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေက လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်တာ၊ နယ်မြေကျူးကျော်စစ်ရေးလှုပ်ရှား စစ်ကြောင်းထိုးနေတာတွေကြောင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူတွေဟာ ကြောက်လန့်နေရပြီး စားဝတ်နေရေးလုပ်ငန်းလုပ်ကိုင်ရာမှာလည်း အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ထားတာဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဟာ တောင်စုကျေးရွာသားတွေကို ရွာထဲကနေ အတင်းအဓမ္မထွက်ခွာခိုင်းတဲ့ စက်တင်ဘာ(၁၁)ရက်ကနေ ဒီကနေ့(၁၉)ရက်အထိ စစ်ကောင်စီတပ်က ကျေးရွာထဲကို လက်နက်ကြီးငါးကြိမ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ဒေသအသီးသီးတွင် ဒေသခံ ပြည်သူများကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု၊ မီးရှို့သတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိသည်။

ဆောင်းပါး

​ဒေသခံများကမူ စစ်​ကောင်စီတပ်ကရွာကိုလာ​ရောက်ပစ်ခတ်ချိန်တွင် KIA ​ရော၊ PDF ​ရောမရှိသလို ၊တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘဲ တစ်ဖက်သက်ပစ်ခတ်အကြမ်းဖက်ခဲ့ခြင်းဖြစ်သည်ဟု​ပြောကြသည်။

သတင်း

"လက်နက်ကြီး နှစ်လုံးကျတယ်။ လူထိုခိုက်မှုရှိ၊မရှိ ကျွန်တော်တို့ စုံစမ်းလိုက်တော့ အထိအခိုက် မရှိဘူးလို့ သိရတယ်"ဟု ၎င်းက ရှင်းပြသည်။