Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းခြံနယ်ကုက္ကဲရဲစခန်းအား PDFနှစ်ဖွဲ့ပေါင်းတိုက်ခိုက်

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်စပ်ရှိ ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

(မြင်းခြံမြို့မရဲစခန်းအား တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(မြင်းခြံမြို့မရဲစခန်းအား တွေ့ရစဥ်။ဓါတ်ပုံ-CJ)

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ကုက္ကဲရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့နှစ်ဖွဲ့ ပူးပေါင်းတိုက်ခိုက်ရာရဲအချို့ ထိခိုက်သေဆုံးနိုင်ကြောင်းသိရသည်။

ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) ညနေ၆နာရီခန့်က မြင်းခြံမြို့နယ်ရှိ ကုက္ကဲရဲစခန်းကို နွားထိုးကြီး PDFနှင့်ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံတို့ကပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရဲ၃ဦးထိခိုက်သေဆုံးနိုင်ပြီး ၁ဦးပြင်းထန်ဒဏ်ရာရရှိသွားကြောင်း ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်သည်။

“ရခတွေထွက်မပြေးအောင် အချင်းချင်းစကားများပြီး လက်နက်ကြီးကျည်ထွက်တာလို့ ရခ၊စခအသိုင်းအဝိုင်းကြား သတင်းလွှင့်ထားတယ်လို့ သိရတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကလည်း အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့-မြင်းခြံ၏ တာဝန်ရှိသူက “ဒရုန်းနှစ်စင်းနဲ့တိုက်ခိုက်ခဲ့တာပါ။ ကုက္ကဲရဲစခန်းထဲကစစ်သားတွေအထိအခိုက်များတယ်ဗျ။သူတို့ခြင်းခတ်နေတဲ့အချိန်ဖြစ်သွားတာပါ။ အခုအဲဒီရဲစခန်းမှာ ဆီမီးခုံက စခ တွေနေရာယူထားတယ်လို့သိရပါတယ်။”ဟု ပြောသည်။

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်စပ်ရှိ ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။

သတင်း

ကရင်တိုင်းရင်းသားတစ်ဦးကလည်း “ အခြေအနေက ဒီလို စခန်းကို မွန်းလွဲ ၃နာရီမှာ သိမ်းလို့ရတယ်။ လက်နက်တွေရတယ်။ သုံ့ပန်းတချို့ ဖမ်းဆီးရမိတယ်”ဟု ပြောသည်။

သတင်း

ထိုတိုက်ခိုက်မှုအပြီးတွင် ဒဏ်ရာရတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ နေရာအနီးတွင် ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုနေသည်ကိုသိရှိရကြောင်း​ဖော်ပြထားသည်။

သတင်း

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်ရှင်းလင်းခြင်းခံရသူနှစ်ဦးသည် ကျေးရွာနေပြည်သူများအားမီတာခများအတင်းအဓမ္မကောက်ခံခြင်း၊ ကျေးရွာလူထုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများအကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။