Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တောင်သာနယ်ကျောက်ပုံရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကိုPDFများ ပစ်ခတ်ရှင်းလင်း

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်ရှင်းလင်းခြင်းခံရသူနှစ်ဦးသည် ကျေးရွာနေပြည်သူများအားမီတာခများအတင်းအဓမ္မကောက်ခံခြင်း၊ ကျေးရွာလူထုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများအကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

တောင်သာနယ်ကျောက်ပုံရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကိုPDFများ ပစ်ခတ်ရှင်းလင်း
တောင်သာနယ်ကျောက်ပုံရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့်ပျူစောထီးတစ်ဦးကိုPDFများ ပစ်ခတ်ရှင်းလင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ် ကျောက်ပုံကျေးရွာမှစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးတစ်ဦးကိုမဟာမိတ်တပ်ဖွဲ့များနှင့်အတူပစ်ခတ်ရှင်းလင်းလိုက်ကြောင်း TTAပြောက်ကျားကျားတပ်ဖွဲ့(တောင်သာ)ကယနေ့(စက်တင်ဘာ ၂၀)ထုတ်ပြန်သည်။

ကျောက်ပုံကျေးရွာမှ ရှစ်ရွာအုပ် အုပ်ကြီးခင်မောင်ဝင်းနှင့် ပျူစောထီးအဖွဲ့ဝင် ဝင်းစောဆိုသူတို့နှစ်ဦးကို ယမန်နေ့ စက်တင်ဘာ ၁၉ ရက်တွင် TTA တပ်ဖွဲ့နှင့် မြေလတ် PDF၊ Seven People Defense Force၊ Myingyan Black Tiger ၊ Natogyi Regional Defense Forceတို့ပူးပေါင်းပြီး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်းဖော်ပြသည်။

အထက်ပါ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးဆိုသူတို့၏ နေအိမ်များအတွင်းသို့ဝင်ရောက်ကာ တစ်ဦးကိုသေနတ်သုံးချက်ဆီဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး နှစ်ဦးလုံးနေရာတင် သေဆုံးသွားကြောင်းTTA ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ပစ်ခတ်ရှင်းလင်းခြင်းခံရသူနှစ်ဦးသည် ကျေးရွာနေပြည်သူများအားမီတာခများအတင်းအဓမ္မကောက်ခံခြင်း၊ ကျေးရွာလူထုအပေါ် ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများအကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်ဟုထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။

သတင်း

ကရင်တိုင်းရင်းသားတစ်ဦးကလည်း “ အခြေအနေက ဒီလို စခန်းကို မွန်းလွဲ ၃နာရီမှာ သိမ်းလို့ရတယ်။ လက်နက်တွေရတယ်။ သုံ့ပန်းတချို့ ဖမ်းဆီးရမိတယ်”ဟု ပြောသည်။

သတင်း

ထိုတိုက်ခိုက်မှုအပြီးတွင် ဒဏ်ရာရတပ်သားများအား မိုင်းဆွဲတိုက်ခိုက်ရာ နေရာအနီးတွင် ရှေးဦးသူနာပြုနည်းဖြင့် အသက်ကယ်ပြုစုနေသည်ကိုသိရှိရကြောင်း​ဖော်ပြထားသည်။

သတင်း

စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂ နာရီခန့်ကလည်း နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်စပ်ရှိ ယုန်တိုးတောင်အနီးတွင် စစ်ကောင်စီတပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။