Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး အရှင်ဖမ်းဆီးသော်လည်း ပြန်လည်ခုခံသဖြင့် ရှင်းလင်းခဲ့ရဟု PDF ပြော

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။

ဓာတ်ပုံ - Earthquake People's Defence Force
ဓာတ်ပုံ - Earthquake People's Defence Force

ဖမ်းဆီးမိခဲ့သည် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးမှာ ပြန်လည်ခုခံသဖြင့် ရှင်းလင်းလိုက်ရကြောင်း Earthquake People’s Defence Force ၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောကြားသည်။

ပခုက္ကူမြို့နယ် အနောက်ခြောက်ကန်ကျေးရွာသို့ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ မှတ်ပုံတင်အမှတ် ၁၃/လလန(နိုင်) ၀၇၄၆၆၂ ကိုင်ဆောင်သော ဗိုလ်မှူးအောင်ထွန်းကို Earth quake People’s Defence Force အဖွဲ့မှ ယနေ့နေ့လည် ၂နာရီတွင် အရှင်ဖမ်းမိနိုင်ခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - Earthquake People's Defence Force
ဓာတ်ပုံ – Earthquake People’s Defence Force

၎င်းထံမှ စအဖ ၊ရဲမှတ်တမ်း၊ ပခုက္ကူမြို့နယ်တရားရုံးနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း၊ အခြားအရေးကြီးသည့် စာရွက်စာတမ်းများနှင့်အတူ ဒရုန်းတစ်ခု၊ Equipment တစ်စုံကိုပါ သိမ်းဆည်းရရှိခဲ့သည်။

“လားရှိုးကနေ ပြန်လာတာ။အနောက်ခြောက်ကန် ကျေးရွာက သူ့ဇာတိ။ အေးအေးဆေးဆေးဖမ်းတာ လက်မခံလို့ ရှင်းလိုက်ရပါတယ်”ဟု Earthquake People’s Defence Force တာဝန်ရှိသူက ရှင်းပြသည်။

ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးမှုတွင်လက်နက်ပါရနိုင်သော်လည်း စစ်တပ်ဂိတ်နှင့်နီးကပ်သောကြောင့် အိမ်အတွင်းရှာချိန်မရရှိခဲ့ ကြောင်းလည်း အသိပေးသည်။

စစ်ကောင်စီနှင့် ပတ်သက်သည့် မည်သူကိုမဆို ပိုမိုအရှိနိမြှင့်ကာ အမြစ်ပြတ်တွန်းလှန်တိုက်ထုတ် သွားမည်ဟုလည်း Earthquake People’s Defence Force က သတိပေးသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ဒီနေ့ နယ်မြေရှင်းရင်းနဲ့ စခ အလောင်းတွေတွေ့တာ။အဝတ်စတွေ စောင်တွေနဲ့ပတ်ပြီး ဖြစ်သလိုပဲ အလောင်းတွေထပ်ပြီးမြုပ်ထားတာ။

သတင်း

သတ်ဖြတ်ခံရသူများအနက် တစ်ဦးမှာ Monywa Ranger Group ၏ ရဲဘော်မိုင်းနက်ဖြစ်ပြီး ၎င်းနှင့်အတူ မည်သူမည်ဝါမသိရသေးသည့် လူငယ်နှစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရကြောင်း ထိုအဖွဲ့က ပြောသည်။

သတင်း

အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းအား လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် လျစ်လျူရှုမနေသင့်ဟု ၎င်းက ဆိုသည်။

သတင်း

ကရင်တိုင်းရင်းသားတစ်ဦးကလည်း “ အခြေအနေက ဒီလို စခန်းကို မွန်းလွဲ ၃နာရီမှာ သိမ်းလို့ရတယ်။ လက်နက်တွေရတယ်။ သုံ့ပန်းတချို့ ဖမ်းဆီးရမိတယ်”ဟု ပြောသည်။