Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ပွဲများ​၊ မိုင်းနှင့်​သေနတ်ကျည်​​ကြောင့်ထိခိုက်ပျက်စီးသည့် မော်တော်ယာဉ်များကိုလျော်ကြေးပေးမည်မဟုတ်ဟုအာမခံအသင်းထုတ်ပြန်

မြန်မာနိုင်ငံတွင် ပြည်တွင်းအာမခံကုမ္ပဏီ ၁၂ခုရှိပြီး ၎င်းတို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် အာမခံလုပ်ငန်းဘုတ်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့လယ်တစ်​နေရာ။ ဓါတ်ပုံ-Dreamstime
အရပ်သားအစိုးရလက်ထက် ၂၀၁၈ ခုနှစ်က ရန်ကုန်မြို့လယ်တစ်​နေရာ။ ဓါတ်ပုံ-Dreamstime

မြန်မာနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် သေနတ်၊ကျည်ဆံ၊ ဗုံးနှင့်မိုင်းထိပြီး ပျက်စီးသည့် မော်တော်ယာဉ်များကို အာမခံလျော်ကြေးပေး​တော့မည်မဟုတ်ကြောင်း မြန်မာ့အာမခံအသင်းက ယမန်နေ့က ထုတ်ပြန်သည်။

စစ်​ကောင်စီကထိန်းချုပ်ထား​သောမြန်မာ့အာမခံအသင်းက ဩဂုတ် ၂၄ ရက်တွင်ပြုလုပ်​သော အစည်းအဝေးပြီး​နောက် အလုံးစုံအာမခံများပေါ်လစီများ ရှင်းလင်းပြတ်သားမှုရှိစေရန်အတွက်ဆိုကာ အာမခံကုမ္ပဏီများကိုအသင်းကအချက် ၃ ချက်ပါ​သောထုတ်ပြန်ရှင်းလင်းချက်ကို စက်တင်ဘာ၁၉ ရက်တွင်ထုတ်ပြန် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါအသင်းက အာမခံကုမ္ပဏီများကို အကြောင်းကြားရာတွင် မော်တော်ယာဉ် အာမခံပေါ်လစီအထွေထွေ စည်းမျဉ်းတွင် မည်ကဲ့သို့ဖော်ပြထားပါစေ စစ်ဘေးအန္တရာယ်ကြောင့် အာမခံလျှော်ကြေးပေးမည် မဟုတ်ဟုဆိုသည်။

“တိုက်ပွဲတွေကြားထဲမှာ ပျက်စီးသွားတဲ့ မော်တော်ယာဉ်တွေကို လျှော်ကြေးမပေးနိုင်ဘူးလို့ ပြင်လိုက်တာပါ”ဟု အာမခံကုမ္ပဏီတစ်ခုမှ မန်နေဂျာတစ်ဦးကပြောသည်။

စစ်​ကောင်စီကထိန်းချုပ်ထား​သောအဆိုပါအသင်း၏ထုတ်ချက်တွင် အကြမ်းဖက်ဥပဒေအရထိခိုက်ပျက်စီးမှုများသည် လျော်ကြေးအကျုံးမဝင်ဟုလည်း ဆိုသည်။

အထွေထွေအာမခံကုမ္ပဏီများက လက်ရှိရောင်းချနေသည့် အလုံးစုံမော်တော်ယာဉ် အာမခံ ပေါ်လစီတွင် ပြဌာန်းသည့် စည်းမျဉ်းကို အဆိုပါအသင်းက ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းအာမခံကုမ္ပဏီ ၁၂ခုရှိပြီး ၎င်းတို့ကို စစ်ကောင်စီထိန်းချုပ်ထားသည့် အာမခံလုပ်ငန်းဘုတ်အဖွဲ့က ထိန်းချုပ်ထားခြင်းဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မ​ကွေးတိုင်းတွင် မကြာ​သေးမီလပိုင်းက စစ်သားက စခန်းမှူးကို ထိုး​သောဖြစ်ရပ်လည်းဖြစ်ခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ကမ​ကျေနပ်၍ စစ်သားကိုဝိုင်းဝန်းထိုးကြိတ်ခဲ့သဖြင့် အဆိုပါရဲများကို စစ်​ကောင်စီကအ​ရေးယူခဲ့သည်။

သတင်း

ဒီလို KNLA တပ်ရင်း(၂)ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သတင်း

အလားတူ စစ်အုပ်စုဖမ်းဆီးစစ်ဆေးနေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာ စစ်ကောင်စီခန့်ရာအိမ်မှူး ဦးစံဝင်းအား လွန်ခဲ့သောသုံးရက်ခန့်က အမည်မသိသူတစ်ဦးမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ဖြစ်စဥ်နှင့်ပါ ဆက်စပ်နေကြောင်း ဖော်ပြသည်။

ဗီဒီယို

ဂူတာရက်စ်ဟာ ပူတင်ဆီ ဖုန်းမဆက်ခင် ဩဂုတ် လလယ်လောက်တုန်းကလည်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ သွားရောက် တွေ့ဆုံခဲ့ဖူးပါတယ်။