Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

အထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်းမပြုရန် ထပ်လောင်းပြောဆိုသည်။

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်
လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

▪️နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဟုဆို

▪️ကျောင်းများ၊ ဆေးရုံများကို တိုက်ခိုက်မှု ကုလလုံခြုံရေးကောင်စီမှ ပြစ်တင်ကန့်ကွက်ထားသည့် ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက် မှုခြောက်ခုထဲတွင် တစ်ခုပါဝင်

မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေသော ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရမှုအပေါ် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

အထွေထွေအတွင်းရေးမှူးချုပ်သည် ထိခိုက်သေဆုံးခဲ့ရသူ မိသားစုများနှင့်ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရသည်ဟု ဖော်ပြသည်။

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်
လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှုရှိစေရန် ဆောင်ရွက်ရမည်ဟု ကုလအတွင်းရေးမှူးချုပ်က ထုတ်ပြန်သည်။

ကျောင်းသားကလေးငယ်များ သတ်ဖြတ်ခံရသည့်အပေါ် UNICEF နှင့် Save The Children တို့က ကျူးလွန်သူ မြန်မာစစ်တပ်ကို အမည်တပ်ဖော်ပြခြင်းမရှိခဲ့ဘဲ ယမန်နေ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရုံး၏ ထုတ်ပြန်ချက်တွင် မြန်မာစစ်တပ်ဟု အမည်တပ်ကန့်ကွက်ရှုတ်ချခဲ့ခြင်းဖြစ်သည်။

လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်
လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ် ပြင်းထန်စွာကန့်ကွက်

လက်နက်ကိုင်ပဋိပက္ခအချိန်များတွင်ပင် ကျောင်းများသည် ကလေးငယ်များအတွက် အကာအကွယ် ပေးနိုင်ပြီး သင်ယူလေ့လာရန် ဘေးကင်းလုံခြုံသော နေရာများအဖြစ် ရှိနေရမည်ဖြစ်ပြီး စစ်ပွဲများအတွင်း ကျောင်းများနှင့် ဆေးရုံများအား အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေများနှင့် ဆန့်ကျင်ကာ တိုက်ခိုက်မှုများသည် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ပြစ်တင်ကန့်ကွက်ထားသည့် ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက်မှုခြောက်ခုထဲတွင် တစ်ခုပါဝင်သည်ဟု ထုတ်ပြန်သည်။

အထွေထွေအတွင်းရေးမှူးချုပ်က နိုင်ငံတကာ လူသားချင်းစာနာထောက်ထားရေး ဥပဒေအရ လက်နက်ကိုင်တပ်ဖွဲ့များသည် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ၊ အရပ်ဖက်ဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်းမပြုရန် ထပ်လောင်းပြောဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စျေးရောင်းပွဲတော်ကို ပါဝင်ကူညီသူများအနေဖြင့် နောက်ဆုံးအကြိမ်ဖြစ်စေရန်နှင့် နောက်နောင်မပါဝင်ရန်လည်း မင်းတပ် CDFက သတိပေးလိုက်သည်။

သတင်း

ယင်းနေ့၌ပင် မထောနှင့်ခွေးသေရွာအကြား၌တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုအပြီးအတွင် စစ်ကောင်စီတပ်များ မတူပီဒေသခံများကို မြို့တွင်း၌ တားဆီးစစ်ဆေးမှုများပိုမိုပြုလုပ်လာကြောင်း ဒေသခံများကပြောသည်။

သတင်း

အကြမ်းဖက်စစ်တပ်က စာသင်ကျောင်းအား လေကြောင်းမှ တိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှု ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် လျစ်လျူရှုမနေသင့်ဟု ၎င်းက ဆိုသည်။