Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ်(ပကဖ)တပ်ရင်း(၅)တပ်ရင်းမှူး တမူးတိုက်ပွဲ၌ ကျဆုံး

တပ်ရင်း(၅)တပ်ရင်းမှူးသည် မြင့်မြတ်စွာကျဆုံးခဲ့ပါသည်ဟု ကလေးမြို့နယ် (ပကဖ)က ယနေ့ (စက်တင်ဘာ ၂၁ရက်) ထုတ်ပြန်ထားသည်။

(ကျဆုံး ပြည်သူ့ရဲဘော်အား သင်္ဂြိုလ်နေစဥ်- ကလေးမြို့နယ်- ပကဖ)
(ကျဆုံး ပြည်သူ့ရဲဘော်အား သင်္ဂြိုလ်နေစဥ်- ကလေးမြို့နယ်- ပကဖ)

ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်းမှူးတစ်ဦးသည် တမူးမြို့သို့ရောက်ရှိနေစဥ် စစ်ကောင်စီနှင့်တိုက်ပွဲ၌ ပါဝင်တိုက်ခိုက်ပေးရင်း ကျဆုံးခဲ့ရသည်။

ကလေးမြိို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၅)တပ်ရင်းမှူးသည် တပ်ဖွဲ့၏တာဝန်အရ တမူးမြို့နယ်သို့ရောက်ရှိနေစဉ် စက်တင်ဘာ ၁၉ရက် က တမူးမြို့ (၄)မိုင်ဂိတ်စခန်းတိုက်ပွဲတွင်ပါဝင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တပ်ရင်း(၅)တပ်ရင်းမှူးသည် မြင့်မြတ်စွာကျဆုံးခဲ့ပါသည်ဟု ကလေးမြို့နယ် (ပကဖ)က ယနေ့ (စက်တင်ဘာ ၂၁ရက်) ထုတ်ပြန်ထားသည်။

“ကျဆုံးတာက တော်လှန်ရေးအမည် ငမောင်ဆိုတဲ့ ပြည်သူ့ရဲဘော်ပါ။ သူက တာဝန်နဲ့ တမူးကိုရောက်နေတုန်း တိုက်ပွဲမှာ ဝင်တိုက်တာ။ သူ့အမျိုးသမီးကတော့ ဆုံးပါးသွားတာကြာပါပြီ။ သမီးလေးတွေ ကျန်ခဲ့ပါတယ်”ဟု ကလေးမြို့နယ်(ပကဖ) ပြောရေးဆိုခွင့်ရှိသူက People’s Springသို့ ပြောသည်။

စက်တင်ဘာ ၁၉ရက် တိုက်ပွဲတွင် ကျဆုံးပြီး စက်တင်ဘာ ၂၀ရက်တွင်မှ ရုပ်အလောင်းအား ကောက်ယူနိုင်ခြင်းဟု ဆိုသည်။

ကလေးမြို့နယ်(ပကဖ) သတင်းထုတ်ပြန်ရေးကလည်း ” မပြီးဆုံးသေးသည့် အာဏာရှင်တော်လှန်ရေးကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ရဲဘော်ကြီးမျှော်လင့်တောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကိုမရောက်ရောက်အောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကလေးမြို့နယ်(ပကဖ)အနေဖြင့် ကတိပြုရင်း အလေးပြုပါသည်”ဟု ထုတ်ပြန်ထားသည်။

တမူးမြို့ (၄)မိုင်ဂိတ်စခန်းတိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် အထိနာသွားသလိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်းကျဆုံးခဲ့သည်။ လတ်တလောတွင် စစ်ရေးဆက်လက်တင်းမာနေ၍ တမူး – ကလေးလမ်းပိုင်းအား အသုံးမပြုကြရန် တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဲ့ဒီနေ့တစ်ရက်တည်းအတွင်း မထောနဲ့ ခွေးသေရွာကြားမှာ တိုက်ပွဲတစ်ကြိမ်ထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ အမှတ်(၅)တပ်မဟာက အမည်မဖော်လိုတဲ့ ရှေ့တန်းအရာရှိတစ်ဦးက ပြောပါတယ်။

သတင်း

"ဒီနေ့ နယ်မြေရှင်းရင်းနဲ့ စခ အလောင်းတွေတွေ့တာ။အဝတ်စတွေ စောင်တွေနဲ့ပတ်ပြီး ဖြစ်သလိုပဲ အလောင်းတွေထပ်ပြီးမြုပ်ထားတာ။

သတင်း

အဲ့ဒီတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်ဖြောင့်စနိုက်ဘာစစ်သည်တွေရဲ့ လက်ချက်နဲ့ ဒီကနေ့ စက်တင်ဘာ(၂၀)ရက်နေ့ နေ့လည်ပိုင်းမှာ စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘူးလို့ ကော်ဘရာစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း

တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသည့်အတွက် စစ်ကောင်စီဘက်က ဒေသခံပြည်သူများ အပေါ် လက်နက်ကြီးများဖြင့် ခြိမ်းခြောက် ပစ်ခတ်နေသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုများနေ့စဉ် ပြုလုပ်နေသည်ဟု တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။