Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စဉ့်ကူးနယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး​၏ လောင်းကစားဝိုင်း ရပ်တန်းကရပ်ရန် သမန်းကျား ပြောက်ကျားတပ်ဖွဲ့ သတိပေး

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သပိတ်ကျင်းမြို့နယ်ရှိ မင်းသား၊မင်းသမီးပုံဖြင့်ကစားရသည့် လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-Thabeikkyin Revolution(TR)
သပိတ်ကျင်းမြို့နယ်ရှိ မင်းသား၊မင်းသမီးပုံဖြင့်ကစားရသည့် လောင်းကစားဝိုင်းတစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ-Thabeikkyin Revolution(TR)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ် ရုံးပင်ချပ်ကျေးရွာတွင် စစ်ကောင်စီခန့်ကျေးရွာအုပ်ချုပ်ရေးမှူးထောင်ထားသည့် လောင်းကစားဝိုင်း ရပ်တန်းကရပ်ရန် စဉ့်ကူးမြို့နယ် သမန်းကျားပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။

စဉ့်ကူးမြို့နယ်၊ ရုံးပင်ချပ်ကျေးရွာရှိ စစ်ကောင်စီခန့် အုပ်ကြီးဦးလှအုန်းနှင့် ၎င်း၏ဇနီးဒေါ်ကြူသည် စစ်ကောင်စီတပ်နှင့် ရဲများအားဆက်ကြေးပေးပြီး လောင်းကစားဝိုင်းပြုလုပ်နေကြောင်း၊ အဆိုပါလောင်းကစားဝိုင်းများအား ရပ်တန့်ရန် ပထမအကြိမ် သတိပေးလိုက်ကြောင်း သမန်းကျားပြောက်ကျား တပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် ထုတ်ပြန်သတိပေးသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်တပ်က အဓမ္မအာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးတိုင်းအတွင်း လောင်းကစားဝိုင်းများ ပိုမိုများ ပြားလာပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက အဆိုပါလောင်းကစားဝိုင်းများ ရပ်တန့်ရန် သတိပေးထားသည်။

သမန်းကျားပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း စစ်ကောင်စီတပ်အား စီစီတီဗွီကင်မရာမှတ်တမ်းများအား စစ်တပ်ထံသတင်းပေးပို့နေသော စဉ့်ကူးမြို့နယ်ရှိ တန်ပိုဂိတ် များအား ပိတ်သိမ်းရန် သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စျေးရောင်းပွဲတော်ကို ပါဝင်ကူညီသူများအနေဖြင့် နောက်ဆုံးအကြိမ်ဖြစ်စေရန်နှင့် နောက်နောင်မပါဝင်ရန်လည်း မင်းတပ် CDFက သတိပေးလိုက်သည်။

သတင်း

အဆိုပါ ကြိတ်စခန်းကို သြဂုတ် ၈ရက်မှစ၍ ပိတ်ဆို့ကာရိက္ခာဖြတ်ပြီး တစ်လခွဲနီးပါးအကြာတွင် စခန်းသိမ်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ယင်းနေ့၌ပင် မထောနှင့်ခွေးသေရွာအကြား၌တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

ယမန်နေ့ စက်တင်ဘာ ၂၀ ရက်နေ့ည ၇ နာရီ ၂၀ ခန့်ကသာကေတ ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်အား အောင်ဇေယျလမ်းဆုံ ရိုးရိုးလေး လက်ဖက် ရည်ဆိုင်တွင် ပစ်ခတ်ရှင်းလင်းရေးလုပ်ဆောင်ခဲ့ကြောင်းဖော်ပြသည်။