Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောင်းသားကလေးငယ် ၁၁ဦး အသက်ဆုံးရှုံးစေခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုကို အပြင်းထန်ဆုံးရှုတ်ချကြောင်း ကနေဒါထုတ်ပြန်

ကျောင်းသူ၊ ကျောင်းသားကလေးငယ် ၁၁ဦးကို အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအပါအဝင် အခြားတိုက်ခိုက်မှုအားလုံးကို ကနေဒါက အပြင်းထန်ဆုံးရှုတ်ချကြောင်း ယနေ့ထုတ်ပြန်သည်။

(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)
(စစ်ကောင်စီတပ် လေကြောင်းကပစ်ခတ်၍ ထိခိုက်ပျက်ဆီးခဲ့သော စာသင်ကျောင်းအားတွေ့ရစဥ်၊ ဓာတ်ပုံ – ဒီပဲယင်း စစ်ဘေးရှောင်ထောက်ပံ့ရေးကော်မတီ)

မြန်မာစစ်တပ်ကို တာ၀န်ခံခိုင်းရန် ဆက်လက်ကူညီကြိုးပမ်းမည်ဟုဆို

“မကြာသေးမီက အနည်းဆုံး ကျောင်းသူ၊ ကျောင်းသား ကလေးငယ် ၁၁ ဦးကို အသက်ဆုံးရှုံးစေခဲ့ပြီး အခြား ဒဏ်ရာရရှိမှုနှင့် အသက်ဆုံးရှုံးမှုများကို ဖြစ်ပွားစေခဲ့သော စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှ ကျောင်းတစ်ကျောင်းကို မြန်မာစစ်တပ်၏ တိုက်ခိုက်မှုအပါအဝင် အခြားသော တိုက်ခိုက်မှုများအားလုံးကို ကနေဒါနိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်သည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

နိုင်ငံတကာ ဥပဒေများချိုးဖောက်ခြင်းအတွက် မြန်မာစစ်တပ်ကို တာဝန်ခံခိုင်းရန် လုပ်ဆောင်မည့် လုပ်ငန်းများ၊ ပညာသင်ယူခွင့်၊ အခြေခံကျန်းမာရေး စောင့်ရှောက်မှုနှင့် တစ်ကိုယ်ရည် လုံခြုံမှု ရရှိရေးတို့အပါအဝင် မြန်မာနိုင်ငံရှိ ကလေးငယ်များနှင့် လူငယ်များ၏ လူ့အခွင့်အရေးကို ကာကွယ်သည့် လုပ်ငန်းများကို ကနေဒါနိုင်ငံက ဆက်လက်ကူညီထောက်ပံ့သွားမည်ဟု ဆိုသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မိနစ် ၂၀ ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ထိခိုက်သေဆုံးမှုမရှိဘဲ RCSSတပ်များ ပြန်လည်ဆုတ်ခွာသွားသည်ဟု ထုတ်ပြန်သည်။

သတင်း

IIMM သည် ၂၀၁၁ မှစပြီး မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြီးလေးဆုံး နိုင်ငံတကာရာဇဝတ်မှုများ၏ သက်သေအထောက်အထားများကို စုံစမ်းစစ်ဆေးရန်၊ စုဆောင်းရန်၊ ထိန်းသိမ်းရန်နှင့် စီစစ်သုံးသပ်ရန် ဆောင်ရွက်နေသည်။

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

သတင်း

စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက စစ်ဆင်ရေးအဖြစ် ပစ်မှတ်ပြုလုပ်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။