Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်တွင် စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရွာသုံးရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကြောင်းတစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-TCRF-PLA
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-TCRF-PLA

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးသွား၍ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

တန့်ဆည်မြို့နယ်ရှိ ​ပျုများကြီးစိုးရာ ကဘဲ၊ ဘေရင်း၊ ကျွန်းလည်မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နှင့်ပျူများသည် ယမန်နေ့(စက်တင်ဘာ ၂၀ ရက်)က စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးခဲ့သည်။

စစ်ကြောင်းတစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် တန့်ဆည်မြို့နယ်ရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-TCRF-PLA
ထွက်ပြေးတိမ်းရှောင်နေရသည့် ရွာခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ-TCRF-PLA

ထို့နောက် ကျန်စစ်ကြောင်းတစ်ကြောင်းသည် ညနေပိုင်းတွင် အင်းပတ်ကျေးရွာနှင့် အိုးသည်ကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအခြေအနေ မသိရသေးကြောင်း၊ ကျေးရွာသုံးရွာမှ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း ​ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၆ရက်က အုပ်ဖိုအိုင်ကျေးရွာ၌ ဒေသခံပြည်သူနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်အပါအဝင် ၉ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသတ်ဖြတ်နေ၍ စစ်ကြောင်းဦးတည်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ရွာသူရွာသားများအနေဖြင့် ၎င်းတို့နှင့် ဝေးရာသို့ ကြိုတင်ရွှေ့ပြောင်းထားရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

သတ်ဖြတ်ခံရသူများအနက် တစ်ဦးမှာ Monywa Ranger Group ၏ ရဲဘော်မိုင်းနက်ဖြစ်ပြီး ၎င်းနှင့်အတူ မည်သူမည်ဝါမသိရသေးသည့် လူငယ်နှစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရကြောင်း ထိုအဖွဲ့က ပြောသည်။

သတင်း

ဗိုလ်ကြီးရဲရင့်မောင်၏ တပ်ဖွဲ့နှင့်အတူ လက်နက် ၆လက်၊ ကျည်နှင့် ဗုံးသီး အများအပြား၊ ရိက္ခာခြောက်များကို သိမ်းဆည်းရရှိခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားသည်။

သတင်း

"ဤစစ်ဆင်ရေးသည် (၁၆)ရက်နေ့၌ ကျဆုံးသွားသော ရဲဘော်များအတွက် သွေးကြွေးဆပ်ခြင်းဖြစ်ပါသည်။ မတရားမှုမှန်သမျှ ဆန့်ကျင်မည်"ဟု တန့်ဆည်(ပ.က.ဖ)က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ညောင်တွင်းရွာရှိ နေအိမ် ၅၁လုံး မီးလောင်ပျက်စီးခဲ့ရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။