Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်

အမြင်မှန်ရရှိသော တပ်မတော်သားများနှင့်အတူ လက်တွဲ၍ မိမိတို့၏ရပ်တည်ချက်နှင့်အညီ အကြမ်းဖက် စစ်ကောင်စီအား တွန်းလှန်ရန်တိုက်တွန်းအပ်ကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်
စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်

အာဏာမက်ပြီး ရက်စက်ယုတ်မာသောစစ်အုပ်စု၏ ပြည်သူအပေါ်လူမဆန်သည့်လုပ်ရပ်အားဆန့်ကျင်ကြစို့ဟု ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၏ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လက်အောက်ခံ တပ်မတော်သားအရာရှိ အရာခံ၊ အကြပ်တပ်သားများ ဓမ္မနှင့် အဓမ္မခွဲခြားစိတ်ဖြာပြီး အကြမ်းဖက်စစ်ကောင်စီ၏ မတရားသော အမိန့်စေခိုင်းမှုများကို ကျောခိုင်းပြီး အမှန်တရားဖက်ရပ်တည် ပူးပေါင်းပါဝင်လာကြရန် KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ကြေညာသည်။

KNU ညောင်လေးပင်ခရိုင် အမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၁၂ရက်မှ ၁၉ရက်အထိ ကျင်းပခဲ့ပြီးအစည်းအဝေး၌ စစ်ကောင်စီတပ်သားများ အမှန်တရားဘက် ရပ်တည်လာရေးကိစ္စကို ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်
စစ်ကောင်စီတပ်သားများ အမှန်တရားဖက် ရပ်တည်ပူးပေါင်းကြရန် KNU ညောင်လေးပင်ခရိုင် ဖိတ်ခေါ်

အမြင်မှန်ရရှိသော တပ်မတော်သားများနှင့်အတူ လက်တွဲ၍ မိမိတို့၏ရပ်တည်ချက်နှင့်အညီ အကြမ်းဖက် စစ်ကောင်စီအား တွန်းလှန်ရန်တိုက်တွန်းအပ်ကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်သည်။

“စဉ်းစားဆင်ခြင်မှု ကင်းမဲ့သောသေးနုပ်သိမ်ဖျင်းသော အတွေးအခေါ်နှင့် အာဏာမက်သော ရက်စက်ယုတ်မာသော စစ်အုပ်စု၏ ပြည်သူလူထုအပေါ် လူမဆန်သောလုပ်ရပ်များအား အပြင်းအထန် ဆန့်ကျင်၍ ခေတ်ဆိုးစနစ်ဆိုးမှ လွတ်မြောက်ရန် ၊ အာဏာရှင်အား အမြစ်ပြတ် တွန်းလှန်ရန် ရင်ဆိုင်နေရသည့် အခက်အခဲများကို ကျော်လွှား၍ မိမိကျရာ ကဏ္ဍမှ အတူတကွ လက်တွဲလုပ်ဆောင်ကြပါစို့”ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ညောင်လေးပင်ခရိုင်က မှတ်တမ်းတင်ထားရာဒေသတွင်း၌ ထွက်ပြေးတိမ်းရှောင်နေရသည့် ကျေးရွာပေါင်း ၁၂၅ ရွာ ၊ လူဦးရေ တစ်သိန်းနီးပါးရှိသည်ဟု ဆိုသည်။

ကျေးရွာများအတွင်း လေယာဉ်ဖြင့် ငါးကြိမ်တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး အလုံးရေ ၂ထောင်ကျော် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၆ဦးအနက် နှစ်ဦးမှာ အမျိုးသမီးများဖြစ်သည်ဟု ဆိုသည်။ ထိခိုက်ဒဏ်ရာရသူ ၂၁ဦး ၊ မတရား ဖမ်းဆီးနှိပ်စက်ခံရသူ ၉၄ဦး ရှိပြီး စစ်ကောင်စီတပ်များက ပြည်သူလူထု၏ ငွေကြေးဥစ္စာပစ္စည်းများ ခိုးယူလုယက်မှုများ ရှိကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ လူမဆန်သည့် လုပ်ရပ်ကြောင့် ပြည်သူလူထုများ၏ စားဝတ်နေရေး ၊ ပညာရေး ၊ကျန်းမာရေး လူထု၏ အသက်အန္တရာယ်ခြိမ်းခြောက်မှု၊ လူမှုဘ၀မလုံခြုံမှုစသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြုံနေရပြီး စစ်ကောင်စီ၏ ယင်းသို့ လုပ်ဆောင်ချက်မှုများအား လွန်စွာမှ ရွံမုန်းပြီး အပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန် သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မုံရွာ - မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီယာဥ်တန်းများ ဖြတ်သန်းသွားတိုင်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်လေ့ရှိသည်။

သတင်း

စက်တင်ဘာ ၁၆ရက်တွင် ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ဒေသခံများဖွင့်လှစ်ထားသော စာသင်ကျောင်းအား အကြမ်းဖက်စစ်အုပ်စုက စစ်ဆင်ရေးအဖြစ် ပစ်မှတ်ပြုလုပ်၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၉ရက် ညနေနှင့် ၂၀ရက် နံနက်ပိုင်းအချိန်များက ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

သတင်း

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သမန်းကျားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။